Skip to main content

sawsan ဧရာဝတီတံတား (ပခုက္ကူ)

ကဗျာစပ်ဖို့ စတွေးတုန်းကတော့ ပခုက္ကူကိုလွမ်းရင်း တံတားအကြောင်း ပခုက္ကူအကြောင်းတွေများများရေးဖို့ပဲ.. စပ်နေရင်းနဲ့ ဘယ်နှဲ့ ပုဂံသူက ပါလာတဲ့မတိဘူး..
ဒါနဲ့ ဆက်မစပ်ရဲတော့ဘူး.. ရပ်လိုက်ရတယ်.. ဟီး..


“ဧရာဝတီတံတား (ပခုက္ကူ)”
မြစ်ဧရာကို ကျော်ဖြတ်
ပေါင်းစပ်ခဲ့ ပုဂံပြည်
ဇာတိမြို့သူ ပခုက္ကူကို :)
လွမ်းလျှက် ငါသည် ..
ဂုဏ်ယူလို့ ဝံ့ကြွား
ဒို့မြန်မာမှာ အရှည်ဆုံးတဲ့
သည်တံတား ..
အတိတ်ကိုပြန်တွေး ..
ရင်နင့်လို့ ဆွေးမိပါရဲ့ ..
ခုနေများ တွဲလက်မဖြုတ်
ခိုင်မြဲလို့ သစ္စာတည်ခဲ့ရင်
နေ့တိုင်းတွေ့နိုင်ပြီပေါ့
ပုဂံသူရယ် ...
compose by sawsan (https://blog.sawsan.pro)

Random Quote

—