Skip to main content

sawsan လူ့စိတ်

လူ့သဘာဝ စိတ်ရဲ့သဘောက သတိမထားပဲ လွတ်ပေးထားရင် ကြုံရာအာရုံတစ်ခုခုအပေါ်မှာမျောပါသွားတတ်သလို ခံစားလို့ရတဲ့အာရုံမှန်သမျှ ကိုယ်သန်ရာသန်ရာ ခံစားတတ်တဲ့သဘော ခံစားချင်တဲ့သဘောလေးတွေရှိတယ်။ ပျော်စရာ စိတ်ချမ်းသာစရာတွေကို ခံစားတတ်သလို ဝမ်းနည်းစရာ ကြောက်စရာ စိတ်တိုစရာ စိတ်ညစ်စရာတွေကိုလည်း တွေးပီး ခံစားနေတတ်သေးတယ်။ 

ကိုယ့်စိတ်အာရုံ ဘယ်အပေါ်မှာ ကျက်စားနေသလဲဆိုတာ သတိမထားမိတဲ့အခိုက်မှာ ပေါ်ရာအာရုံတစ်ခုခုနောက်ကိုလိုက်သွားတတ်တယ် တစ်ခါတစ်လေမှာလည်း အတွေးအာရုံတွေကို ကိုယ့်ဘာသာစိတ်ကူးပုံဖော် ဖန်တီးပီး လွှင့်မျောနေတတ်တယ်။ 

စိတ်ကို သတိမထားပဲ ပေါ်ရာအာရုံနောက်လိုက်ပီး လွတ်ပေးထားရင် စိတ်ပင်ပမ်းပီး စိတ်ညစ် စိတ်ဓတ်ကျလာတတ်တယ် အချိန်ကုန် အချည်းအနှီးဖြစ်တတ်တယ်၊ ကိုယ့်စိတ်ကို သတိထားပီးစောင့်ကြည့်နေရင် အဆင်မပြေတာ အခက်အခဲတွေ စိတ်ညစ်စရာတွေ ရှိရင်တောင် စိတ်ကိုငြိမ်းချမ်းသက်သာစေပီး ဖြေရှင်းနိုင်မယ့် လမ်းစ စိတ်ခွင့်အားတွေ ရစေတယ်။

Random Quote

—