Skip to main content

sawsan စူဠသောတာပန်ဖြစ်နိုင်သူများ

လူတို့အား ဟိတ်အရ ပုဂ္ဂိုလ်သုံးမျိုးခွဲထား ပါသည်။ 
၁။ သုဂတိအဟိတ်ပုဂ္ဂိုလ် 
၂။ ဒွိဟိတ်ပုဂ္ဂိုလ် 
၃။ တိဟိတ်ပုဂ္ဂိုလ်တို့ဖြစ်သည်။ 
ပဋိသန္ဓေနေစဉ်ကတည်းက ကျိုးကန်းဆွံ့အ နား မကြား ထုံထိုင်း လူစဉ်မမီဖြစ်ပြီး မွေးလာသောသူ ကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ဆိုပါသည်။ 

ခြေလက်အင်္ဂါမချို့ယွင်းသော်လည်း ဉာဏ်ပညာ နည်းသောသူမျိုးကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုဆိုပါသည်။ တိဟိတ်ပုဂ္ဂိုလ်ကား ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သုံးမျိုးအနက် စူဠသောတာပန်အဆင့်ကို သုဂတိအဟိတ်ပုဂ္ဂိုလ်မရနိုင်ပေ။ ဒွိဟိတ်နှင့်တိဟိတ် ပုဂ္ဂိုလ်နှစ်မျိုးရနိုင်ပါသည်။ သို့ကြောင့် ယေဘုယျသဘောအားဖြင့် မွေးရာပါ ဆွိ့ အ နားမကြား ထုံ ထိုင်း ကျိုးကန်း လူစဉ်မမီ သူများမှတစ်ပါး မည်သူမဆို အားထုတ်လျှင် စူဠသောတာပန်ဖြစ်နိုင်ပါသည်။ ရုပ်နာမ်ကို အကြောင်းနှင့်တကွ သိရာ၌ စာသိ သုတသိမျှဖြင့် စူဠသောတာပန်မဖြစ်နိုင်ပါ။ 

နာမရှုပ ပရိစ္ဆေဒဉာဏ်ဟူသော ရုပ်နာမ်ကို ပိုင်းခြားသိမြင်ခြင်း ပစ္စယ ပရိဂ္ဂဟဉာဏ်ဟူ သော ရုပ်နာမ်၏ ဖြစ်ခြင်းအကြောင်းကိုသိမြင် ခြင်းဟူသော ဉာဏ်စဉ်နှစ်ဆင့်ရအောင် ကျင့် ကြံပွားများ အားထုတ်ရပါသည်။ ထို့ကြောင့် စူဠသောတာပန်သည် သုတသိ၊ အကျင့်သိနှစ်မျိုးပေါင်းဟု ဆိုရမည်ဖြစ်ပါသည်။ 

စူဠသောတာပန်ဖြစ်ရခြင်း၏အကျိုး ကင်္ခါဝိတရဏ၀ိသုဒ္ဓိမှ မယုတ်မလျော့သော စူဠသောတာပန်တို့သည် အောက်ပါအကျိုးများ ကို ရရှိခံစားနိုင်ပါသည်။ 
၁။ သီလဖြူစင်စောင့်ထိန်းနိုင်သူဖြစ်ရ၏။ 
၂။ စိတ်ဖြူစင်သန့်ရှင်းသောကြောင့် တည်ကြည် ငြိမ်သက်၏။ 
၃။ သက္ကာယဒိဋ္ဌိစသည်တို့ ပယ်ခွါနိုင်သဖြင့် သက္ကာယ၌ မှီတွယ်အပ်သော လောဘ ဒေါသ မောဟ မာန စသည်တို့ကို အထိုက်အလျောက် လျော့ပါးစေ၏။ အယူအမြင်စင်ကြယ်၏။ 
၄။ ၀ိစိကိစ္ဆာကို အတော်အသင့်ပယ်ခွါနိုင်သဖြင့် ရတနာသုံးပါးနှင့် တကွပဋိစ္စသမုပ္ပါဒ်စသော ဗုဒ္ဓ၀ါဒအပေါ်ယုံကြည်မှုသဒ္ဓါထက်သန်၏။ 
၅။ မမြင်ဘူးသော ရုပ်နာမ်သဘာဝကိုမြင်ရခြင်း၊ မသိဘူးသော ရုပ်နာမ်အကြောင်းကိုသိရခြင်း၊ မဖြစ်ဖူးသော သီလသမာဓိပညာတို့ဖြစ်ပေါ်ခြင်း တို့ကြောင့် နှစ်သက်ရွှင်လန်းဝမ်းမြောက်ရ၏။ 
၆။ အပါယ်ရောက်ကြောင်းမကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်နိုင်၏။ 
၇။ ကံ ကံ၏အကျိုးကိုပိုမို ယုံကြည်လာသဖြင့် ကုသိုလ်တရားတိုးပွား၏။ 
၈။ သေသည့်နောက်ဒုတိယတစ်ဘ၀ သုဂတိ ရ၏။ အကယ်၍ ကင်္ခါဝိတရဏ၀ိသုဒ္ဓိဖြင့်ရပ်တန့်မနေ ဘဲ ဆက်လက်အားထုတ်လျှင် 
၉။ ယခုဘ၀မှာပင် မဂ်ဖိုလ်ရနိုင်၏။ 
၁၀။ အားထုတ်ရင်း မဂ်ဖိုလ်မရခဲ့သော် သေခါနီး ရနိုင်၏။ 
၁၁။ သေခါနီးမရခဲ့သော် သေပြီးနောက်နတ်ပြည် တွင် ရနိုင်၏။ 
၁၂။ နတ်ပြည်တွင်မရခဲ့သော် နောင်ဘုရားသာသနာ တော်တွင် သုခပဋိပဒါခိပ္ပဘိညာ ရဟန္တာဖြစ်နိုင်၏။ 
၁၃။ နောက်ဘုရားသာသနာတော်တွင် ရဟန္တာ မဖြစ်ခဲ့သော် ပစ္စေကဗုဒ္ဓါဖြစ်နိုင်၏။ Facebook က တွေ့လို့ ဘယ်သူရေးထားမှန်းတော့မသိဘူး။ တစ်ချိန်မှာ ပြန်ဖတ်ရင် အဆင်ပြေအောင် Blog မှာ ပြန်ကူးတင်တာ

Random Quote

—