Skip to main content

sawsan တစ်ခါတုန်းက..

ကိုယ့်စိတ်ကိုထိန်းမနိုင်သေးတဲ့အခါ ပေါက်ဆိန်ကို မြစ်ထဲအကြိမ်ကြိမ်ပစ်နေတဲ့လူလိုပဲပေါ့.. တစ်နေ့တော့.. အသိနဲ့အကျင့် တစ်ထပ်ထည်းကျလောက်ရဲ့... ဟိုတုန်းကတော့ အသိပညာကို စုဆောင်းဖို့ စာအုပ်တွေများကြီးဖတ်ပီး ခေါင်းထဲမှာ Data တွေစုဆောင်းရတာ ဝါသနာတစ်ခုလိုတောင် ဖြစ်ခဲ့တယ်.. 

စာတွေဖတ် အသိပညာတွေစုဆောင်းပီး ကိုယ်တိုင်သိတဲ့အတိုင်း မကျင့်ကြံတဲ့အခါ လူတွေကြားမှာ စကားပြောကောင်းသူ နှံစပ်အောင်လေ့လာသူသာ ဖြစ်လာတယ်။ ငယ်ငယ်က အဖေ့စာအုပ်သေတ္တာထဲက ပီမိုးနှင်းစာအုပ်တွေများကြီးဖတ်ပီး စာအုပ်ထဲက တန်ဖိုးရှိတဲ့အသိပညာတွေအကြောင်းသူငယ်ချင်းကိုပြန်​ပြောဖြစ်တဲ့အခါ သူငယ်ချင်းပြောတာလေး အမှတ်ရမိတယ်...
ငါက စာဖတ်ပျင်းတယ် မင်းလောက်စာမဖတ်ဘူး ဒါပေသိ မင်းဖတ်တဲ့စာအုပ်တွေထဲက ပီမိုးနင်းစာအုပ်ထဲက အချိန်ရယ် ငွေရယ် စည်းကမ်းရှိဖို့ရယ် ဒီ ၃ခုအကြောင်းပဲဖတ်ပီး ဒီ ၃ခုကိုပဲ တကယ်လိုက်နာကျင့်သုံးရင်ကို ဘဝမှာတော်တော်အဆင်ပြေပီ ထပ်မဖတ်တော့ဘူးတဲ့ တကယ်တော့ သိဖို့လိုအပ်သလို သိသလောက်ကျင့်နိုင်ဖို့ ပိုအရေးကြီးတာ
ဆိုပီးပြောတာကို အမှတ်ရနေတယ်။ အသိနဲ့အကျင့် တစ်ထပ်ထည်းကြဖို့ သတိအမြဲထားဖို့လိုတယ် ကိုယ်စိတ်ကို အလိုမလိုက်ဖို့လိုတယ် စိတ်ကိုလွတ်မပစ်ဖို့လိုတယ်။

မြတ်စွာဘုရားနောက်ဆုံးပြောခဲ့တဲ့
အပ္ပမာဒေန သမာဒေထ 
မမေ့မလျော့သော သတိနဲ့နေ
ဆိုတာလေးကို လိုက်နာကျင့်သုံးနိုင်ရင်ကို လက်ရှိဘဝမှာကော သံသရာအတွက်ကောတော်တော်အဆင်ပြေနေပီ.. 

ဒီရက်ပိုင်းတွေမှာ..
အရေးမကြီးတာတွေကို အရေးတကြီး လုပ်နေမိတယ်၊ အချိန်ဖြုန်းတယ်၊ ငွေဖြုန်းတယ်၊ ကိုယ့်စိတ်ကို လွတ်ပေးထားမိတယ်.. 
စိတ်ကိုအရင်လို တည်ငြိမ်အောင်ပြန်ထိန်းဖို့ ကြိုးစားရဦးမယ်။ 
ဆိုးခဲ့မိုက်ခဲ့တုန်းက ကိုယ့်ကိုကိုယ့် ဆုံးမရင်း ရေးတဲ့စာ

Random Quote

—