ဘဝဟာ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ခွင့်ရနေတယ်လို့ထင်နေတာဖြစ်ဖြစ် သူများရဲ့ခြယ်လှယ်မှုအောက်မှာ အလုံးစုံကျရောက်နေတယ်လို့ထင်နေတာဖြစ်ဖြစ် အစွန်းရောက်တဲ့အတွေးတွေပါဘဲ။
ငါးတစ်ကောင်ဟာ ဘယ်တီကောင်ကို ဖြစ်ဖြစ် ရွေးခြယ်စားလို့ရတယ်။
ဒါပေမဲ့ ငါးမြားချိတ်ပါတဲ့ တီကောင်ကို စားမိတာဟာ ရွေးခြယ်မှုမှားယွင်းတာ သက်သက်မဟုတ်ဘူး။
သတ္တဝါမှန်သမျှဟာ အစာစားရမယ်။ နားရမယ်။ မျိုးဆက်သစ်တွေမွေးထုတ်ရမယ်။ ကိုယ့်ရဲ့ မိသားစုကိုကာကွယ်ရမယ်။ ကျူးကျော်လာသူကို တွန်းလှန်ရမယ်။ ဗီဇက သတ္တဝါတိုင်းဆီမှာ စေ့ဆော်တွန်းအားပေးနေတဲ့ သဘာဝတရားဖြစ်တယ်။
မွေးခါစ ဖြူစင်တဲ့ကလေးလေးမှာတောင် လောဘ၊ ဒေါသ၊ မောဟ တွေကပါလာပြီးသားပါဘဲ။ ဘဝအစမှာကထဲက ဒုက္ခနဲ့ သုခဟာ ယှဉ်တွဲပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ဖြစ် ဒုက္ခမကင်းနိုင်သလို ဘယ်လောက်ဆင်းရဲတဲ့သူဖြစ်ဖြစ် သုခနဲ့မကင်းပါဘူး။
တကယ်တမ်း လူတွေဟာ ငါးတွေထက်အများကြီးပိုညဏ်မကောင်းပါဘူး။
ငါးမြှားချိတ်မှာ မိနေတဲ့ လူတွေမှ အပုံကြီးပါဘဲ။ ရယူလိုစိတ်နောက်မှာ ရုန်းထွက်မရတဲ့ ချိတ်နဲ့ငြိနေကြတာပါဘဲ။
ငါဘာဖြစ်ချင်တယ် ဘာဖြစ်ရမယ် ဆိုတာတွေက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချည်တဲ့ကြိုးတွေပါဘဲ။လူဆိုတာ တခြားသတ္တဝါတွေထက်ညဏ်ကောင်းတယ်ဆိုပေမဲ့ အဲ့ဒီညဏ်က ကိုယ့်ဒုက္ခကိုယ်ရှာဖို့သာဖြစ်လာပြီး အလွန်သနားစရာ ကောင်းတဲ့သတ္တဝါတွေ လို့ဘဲ ယူဆပါတယ်။ credit:Aung Phyo Khine