Blog မရေးဖြစ်တာ အတော်ကြာသွားပီ။ Blog ပြန်ရေးမယ်တွေးတော့.. ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းပုံစံပဲရေးရမလား အရင်လို Sharing လုပ်ဖို့ရေးမလားစဉ်းစားတော့ ၂ခုလုံးရေးချင်တယ်။ ဒါပေသိ ကိုယ်တိုင်လည်း Facebook မှာပဲစာရေး Facebook မှာပဲစာဖတ်လုပ်နေတော့ Blog မှာစာဖတ်တဲ့သူကနည်းသွားပီ ဒါနဲ့ blog ကို Facebook ပုံစံလုပ်ကြည့်ရင်ကော Facebook လောက် Data မရှိဘူး Data Entry က Facebook ကိုမယှဉ်နိုင်ဘူး၊ ဒါဆို Facebook ပုံစံ Functions and Design ကော အင်း.. ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တာပဲ try ကြည့်မယ်။
တကယ်တမ်းတော့ Website တစ်ခုရဲ့အသက်က Data Entry ပါပဲ Data Entry post တွေက အများအတွက်အကျိူးရှိမယ်ဆိုရင် Website က သာမန်ပဲလုပ်ထားတောင် လာဖတ်ရင်း ရှာဖတ်ရင်းတွေ့တာနဲ့ မှတ်ထားပီ တကူးတကတောင် post တွေစောင့်ဖတ်ခဲ့တာတွေ ရှိခဲ့သေးတာပဲ၊ ဘာပဲဖြစ်ဖြစ် စာရေးပီး မှတ်တမ်းရေးလေးချန်ခဲ့တော့ တစ်ချိန်မှာပြန်ဖတ်ရင် ရီရတာပေါ့ 😅
အခုတောင် အရင်က Post အဟောင်းတွေပြန်ဖတ်ရင်း ရီနေမိသေးတာ ပေါက်တတ်ကရတွေ ရေးခဲ့တာတွေပါနေလို့ 😂
ကိုယ့်ဘာကို စိတ်ထွက်ပေါက်အနေနဲ့ ရေးချင်တဲ့စာလေးတွေ လာရေးမယ် Sharing လုပ်မယ် ရေးရမှာ ပျင်းတဲ့အခါ ဒါမှမဟုတ် သဘောကျတဲ့စာလေးတွေ တွေ့ရင် ကိုယ့်ဘာကို ပြန်ပြန်ဖတ်ဖို့ ဒီမှ စုထားပီး Credit ပေးပီး ပြန်တင်မယ်