Skip to main content

sawsan လောကဓံ (၈)ပါး

ကျနော် တွေ့မိသလောက်တော့ လူတော်တော်များများက လောကဓံဆိုရင် အဆိုးကြုံမှ လောကဓံပါလားဆိုပြီး သိကြတာများတယ်။
တကယ့်တော့ လောကဓံ (၈)ပါးက ဆန့်ကျင်ဘက် (၄)ခုစီ ပေါင်းထားတာဗျ။
ကိုယ့်ကိုကိုယ် ဆုံးမဖို့ အတွက်ရေးထားတဲ့အတိုင်းလေးပဲ ရေးပေးလိုက်မယ်နော်...

> တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်....
၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ------------- မာန်မတက်သင့်ဘူး။
၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ------------- စိတ်မဆင်းရဲသင့်ဘူး။

၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ------------ သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။
၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ----------- ခပ်အေးအေးပဲနေတက်ရမယ်။

၅။ ချီးမွမ်းခံရလို့လည်း ------------ ဝမ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။
၆။ ကဲ့ရဲ့ ခံရလို့လည်း -------------- ဒေါသမဖြစ်သင့်ဘူး။

၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ------------- ကြံကြံခံနိုင်ရမယ်။
၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ------------ ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။

လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းနေမယ်။ ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူးမဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံလို သတိလေးထားပြီး သိပေးလိုက်ရင်.......
စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတာပေါ့ဗျာ....
source : https://blog.sawsan.pro

Random Quote

—