Skip to main content

sawsan Self Study ဆိုတာ ဘာလဲ

စိတ်ဝင်စားတဲ့တစ်ခုခုကို အမြဲ သိချင်တတ်ချင်စိတ်ရှိတဲ့လူတိုင်း Self Study နဲ့ မကင်းပါဘူး။ Self Study ဆိုတာ ကိုယ်သိချင်တတ်ချင်တဲ့အရာကို ကိုယ်တိုင်လေ့လာအားထုတ် ကိုယ်တိုင်သင်ယူခြင်း အစပိုင်းမှာ ပင်ပမ်းခက်ခဲပေမယ့် နေ့စဉ် တစ်ခုခုကို အမြဲရှာဖွေစူးစမ်းလေ့လာ စမ်းသပ်ပီး Self Study အားကောင်းအောင် Train သွားမယ်ဆိုရင် ၃နှစ် ၄နှစ်လောက်ဆို Self Study အားကောင်းလာပါပီ..

၁၀စုနှစ်တစ်ခုလောက် Train လာခဲ့ရင်တော့ သိချင်တဲ့အရာတွေကို အခက်အခဲမရှိ ကောင်းကောင်းလေ့လာသင်ယူနိုင်ပါပီ။ Self Study က အဲ့လို နှစ်တွေအကြာကြီး Train ယူရတာလား? တကယ်တော့ ကျနော်တို့ မသေမခြင်း လေ့လာသင်ယူမှု့တွေက မပီးဆုံးတာမို့ Self Study ကလည်း မသေမခြင်းလုပ်နေရမယ့် ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ။

ကျယ်ပြန့်ခက်ခဲနက်နဲတဲ့ ပညာရပ်တွေကို သိချင်တတ်ချင်တဲ့အခါ အချိန်တိုအတွင်းမှ မြန်မြန်တတ်ဖို့ သင်တန်းတွေတတ်ကြတယ်၊ Self Study ကို သိပ်မလုပ်ကြဘူး တစ်ချို့က ရှောင်နေတယ် ပျင်းနေတယ် ရေသာခိုနေတယ် ကိုယ့်ပါကိုယ်လုပ်ဖို့ မှားမှာကြောက်နေတယ် အချိန်ပိုကုန်တယ်လို့ တွေးပလိုက်ကြတယ်။

သင်တန်းရဲ့ အားသာချက်က အချိန်တိုအတွင်းမြန်မြန်သိမယ်တတ်မယ် အမှားနည်းမယ် လူသက်သာတယ် မသိတာရှိရင် မေးစရာ ဆရာရှိမယ်။ တကယ်တော့ သင်တန်းဆိုတာ ကျနော်တို့ သိချင်တတ်ချင်တဲ့ နယ်ပယ်ရဲ့ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်တင်ပေးလိုက်တာ လိုရာခရီးရောက်ဖို့က ကိုယ်တိုင်သွားရမှာ ရေရှည်မှာ အားကိုးရမှာက ကိုယ်နေ့စဉ် Train လာတဲ့ ကိုယ့်ရဲ့ အားကောင်းတဲ့ Self Study ပဲ။

သင်တန်းတတ်တဲ့အခါမှာလည်း ဘာလုပ်နည်း ညာလုပ်နည်းတွေထက် သင်တန်းဆရာရဲ့ Problem Solving Skill, Error တစ်ခုကို ချဉ်းကပ်ပုံ Concept(အယူအဆ) ဖြေရှင်းပုံ နောက် သူဖြစ်ချင်တဲ့ ပုံစံတစ်ခုကို သူဘယ်လိုစိတ်ကူး ပုံဖော်ဖန်တီးပုံ စတဲ့ အရည်အချင်းတွေကို အတုယူ အရယူ ပီးရင် ကိုယ်လည်း အဲ့လို Skill တွေ ရှိအောင်ကြိုးစား ဒါမှ တန်တာ သင်တန်းတတ်တာက။ 

နို့မို့ဆို သင်တန်းပီးတဲ့အခါ..
နေမကောင်းရင် ပါရာစေတမော သောက် 
ဖြစ်နေလိမ့်မယ်။ အဲ့တော့ ဘာတွေသိချင်တတ်ချင်လို့ ဘာသင်တန်းပဲတတ်တတ် ဆရာသင်တာတွေလည်း သေချာလိုက်လုပ်ပါ ဆရာပေးတာထက်ပိုရအောင် ယူပါ သင်တန်းတတ်နေရင်း Self Study အားကောင်းအောင်း နေ့စဉ်ပြုစုပျိုးထောင်သွားပါ အမြဲ သိချင်တတ်ချင်စိတ် စူးစမ်း လေ့လာ ရှာဖွေ ဖတ်မှတ် စမ်းသက်ကလိချင်တဲ့စိတ်တွေ ရှိနေပါစေ၊ 

သင်တန်းဆရာအပေါ် အရမ်းကြီးမှီခိုအားကိုးလွန်းမကြီးပါစေနဲ့ သူဘာပေးမလဲဆိုတဲ့ မျှော်လင့်အားကိုးစိတ်ထက် ငါသူ့ဆီက ဘာတွေ ဘယ်လို အရယူရမလဲဆိုတဲ့ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်မွေးပါ။ နို့မို့ဆို ကျနော့်ဆီမှာမှာ ဖုန်းပညာကို စိတ်ဝင်စားလို့ အချိန်ပေး ငွေပေးပီး သင်တန်းလာတတ်နေတာ တစ်လကျော်လို့ သင်တန်းဆင်းတော့မယ် သူ့ဖုန်းထဲ SIM Card ကို Internet Setting မချိန်တတ်ဘူးဆိုတဲ့ တပည့်တစ်ယောက်လိုဖြစ်နေပါလိမ့်မယ် သင်သမျှအကုန်တတ်တယ် မသင်တာမတတ်ဘူး စိတ်ချ ကိုယ့်ဘာကိုယ်တော့ ဘာမှထပ်မလေ့လာဘူးဆိုတဲ့ သစ္စာရှိတပည့်ဖြစ်နေပါလိမ့်မယ်။

Random Quote

—