Skip to main content

sawsan သုစရိုက် ၁၀-ပါး

ကာယ သုစရိုက် (၃)ပါး
၁။ ပါဏာတိပါတ ဝိရတီ - သတ္တဝါ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ အဒိန္နာဒါန ဝိရတီ - သူတစ်ပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမေသုမိစ္ဆာစာရဝိရတီ - ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။


ဝစီ သုစရိုက် (၄)ပါး
၁။ မုသာဝါဒဝိရတီ - မှန်သောစကားကို ပြောဆိုခြင်း။
၂။ ပိသူဏဝါစာ ဝိရတီ - ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း။
၃။ ဖရုသဝါစာ ဝိရတီ - နူးညံ့ချိုသာသော စကားကိုပြောဆိုခြင်း။
၄။ သမ္ဖပ္ပလာပဝိရတီ - အကျိုးရှိသော စကားကိုပြောဆိုခြင်း။


မနော သုစရိုက် (၃)ပါး
၁။ မနဘိဇ္ဓျာ - သူတပါးချမ်းသာမှုကို လိုလားခြင်း။
၂။ အဗျာပါဒ - သူတစ်ပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း။
၃။ သမ္မာဒိဋ္ဌိ - အယူဖြောင့်မှန်ခြင်း။


(အင်္ဂုတ္ထိုရ် - မာတုဂါမသုတ်)မြတ်စွာဘုရား 🙏🙏🙏 ကိုးကားစာ - Dhamma Facebook page နှင့် http://martikar.pikay.org/ မှကူးယူဖော်ပြထားပါသည်။

Random Quote

—