လူတွေဟာဘာကြောင့် စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာကို ပိုဂရုစိုက်ကြလည်းမသိဘူး။ လူတစ်ယောက်ဟာ ခေါင်းမလျော် ရေမချိုး လေ့ကျင့်ခန်းမလုပ် လက်သည်းခြေသည်းမညှပ် သွားမတိုက် ဆံပင်မညှပ် အဝတ်မဝတ်ဘဲနေရင် ဘယ်လိုပုံပေါက်သွားနိုင်မလဲ။ လူတယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပစ်စလက်ခတ်နေရင် အကြည့်ရဆိုးနိုင်သလို စိတ်ပိုင်းဆိုင်ရာမှာ ထိမ်းထိမ်းသိမ်းသိမ်းမရှိရင်လည်း အကြည့်ရဆိုးတာပါဘဲ။
နာရီနဲ့ချီပြီး အချိန်ကုန်ခံ သိန်းနဲ့ချီသုံး ပြီး skin care, plastic surgery တွေလုပ်ကြပေမဲ့ ကိုယ့်ရဲ့စိတ်ထားပိုပြီး မွန်မြတ်လှပလာအောင် အချိန်ကုန်ငွေကုန် ဘယ်လောက်ခံသလဲ ဆိုတာကမေးခွန်းထုတ်စရာဖြစ်တယ်။
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် Gym တွေသွား အားကစားတွေလုပ်ကြပေမဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် ဘယ်လောက် လေ့ကျင့်အားထုတ်လည်းဆိုတာက လည်း မေးခွန်းထုတ်စရာဖြစ်တယ်။
LV, Gucci တွေဝတ်ပြီး ရုပ်ကိုအဆင်တန်ဆာတွေဆင်ပေမဲ့ စိတ်အတွက်ဘာတွေ အဆင်အပြင်လုပ်ပေးကြလည်း ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။
စိတ်ဟာလည်း ရုပ်လိုဘဲ နေ့တိုင်းသန့်ရှင်းပေးဖို့လိုတယ်။ လှပလာအောင်ပြုပြင်ပေးဖို့လိုတယ်။ သန်စွမ်းလာအောင်လေ့ကျင့်ပေးဖို့လိုတယ်။
ဘာမှလုပ်မပေးဘဲနဲ့တော့ လူတစ်ယောက်ရဲ့စိတ်ဟာ အလိုလိုသန့်စင်လှပလာမှာမဟုတ်သလို ကြံ့ခိုင်သန်စွမ်းမှုလည်းရှိမှာမဟုတ်ပါဘူး။
ရုပ်ကိုအလိုလိုက်မိရင် ဆီးချို၊ သွေးတိုးတွေဖြစ်လာနိုင်သလို စိတ်ကိုအလိုလိုက်မိရင်လည်း လောဘ၊ ဒေါသ၊ မာန်မာနတွေကြောင့် ဘဝရဲ့အရည်အသွေးတွေကျဆင်းလာနိုင်တာဖြစ်ပါတယ်။
Credit:AungPhyoKhaing