ဦးတည်ချက် ရှိမှ ရွေှးစရာဆိုတာ ဖြစ်လာတယ်။ ရွေးစရာ ရှိမှ လွတ်လပ်မှုလည်း ရှိတယ်။ ဒါကြောင့် ဦးတည်ချက် မရှိတဲ့သူမှာ လွတ်လပ်မှု မရှိဘူး။

The man without a purpose is a man who drifts at the mercy of random feelings or unidentified urges and is capable of any evil, because he is totally out of control of his own life.
ဦးတည်ချက်မရှိတဲ့သူဟာ သူ့စိတ်ထဲမှာ ကြုံသလို ပေါ်လာနေတဲ့ ခံစားမှုတွေ နောက်ကို မျောပါသွားတယ်။ ကြုံသလို ပေါ်လာနေတဲ့ ဆန္ဒတွေ နောက်ကို မျောပါသွားတယ်။ သူဟာ ဘယ်လို မကောင်းမှုကို မဆို လုပ်နိုင်တဲ့အခြေအနေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝကိုသူ စည်းကမ်းရှိအောင် လုံးဝ မလုပ်နိုင်လို့ပဲ။
ဒါကြောင့် လူငယ်တွေ ဘဝဦးတည်ချက် မရှိတာဟာ လူ့အသိုင်းအဝိုင်းအတွက် အင်မတန် အန္တရယ်များတယ်။ ဒါ လူငယ်တွေကို အပြစ်တင်တာမဟုတ်ဘူးနော်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တာ များတဲ့နိုင်ငံတွေမှာ ပြစ်မှုကြူးလွန်တဲ့သူတွေ များတယ်။ ဒါဟာ အမှန်တရားပဲ။ ၀ိုင်းစဉ်းစားရမယ်။ ၀ိိုင်းလုပ်ရမယ်။ လူငယ်တွေကို အလုပ်ရှာပေးရမယ်။ လူငယ်တွေကလည်း ရတဲ့အလုပ်ကို လုပ်ရင်းနဲ့ ပိုကောင်းတဲ့အလုပ်ကို လုပ်နိုင်အောင် ကိုယ့်အရည်အချင်းကို မြှင့်ရမယ်။
He does not know what his values are.
သူဘာတွေကို တန်ဘိုးထားတယ်ဆိုတာ သူမသိဘူး။
ဘာကို တန်ဘိုးထားတယ်ဆိုတာ သိရင် အဲဒါဟာ သူ့ဦးတည်ချက်၊ ရည်မှန်းချက်ပဲ။ ဒါကြောင့် ငါ့ဘဝမှာ ငါ သိပ်ဖြစ်ချင်တာ ဘာလဲဆိုတဲ့ မေးခွန်းကို မကြာခဏ မေးရမယ်။ ဘာလိုချင်တယ်ဆိုတာထက် ဘာဖြစ်ချင်တယ်ဆိုတဲ့ မေးခွန်းက ပိုအရေးကြီးတယ်။
လိုချင်တာတွေက ပစ္စည်းတွေ ပြင်ပအရာတွေ ဖြစ်တာ များတယ်။
ဖြစ်ချင်တယ်ဆိုတာက အရည်အချင်းတွေ စိတ်ထားတွေ ဖြစ်တယ်။ အတွင်းမှာ ဖြစ်လာတဲ့ အရာတွေ၊ မွေးယူရတဲ့ အရာတွေ ဖြစ်တယ်။ အရည်အချင်းရှိတဲ့သူ ဖြစ်ချင်တယ်။ အလုပ်ကို ကောင်းကောင်းလုပ်နိုင်တဲ့သူ ဖြစ်ချင်တယ်။
ကိုယ့်ကြောင့်လူတွေမှာ အကျိုးများရင် လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ့်အတွက် နေရာကောင်းကောင်းရမှာပဲ။
He can enjoy nothing.
ဦးတည်ချက် ရည်မှန်းချက် မရှိတဲ့သူဟာ ဘာကိုမှ ကျေကျေနပ်နပ် ခံစားနိုင်မှာ မဟုတ်ဘူး။
ဒီနေရာမှာ enjoy ဆိုတာ တယ်လီဗီးရှင်း ထိုင်ကြည့်နေတာမျိုးကို မဆိုလိုဘူး။ ကျေနပ်လိုက်တာ၊ အားရလိုက်တာ၊ လုပ်ရကျိုးနပ်လိုက်တာ ပင်ပန်းခံရကျိုးနပ်လိုက်တာလို့ တွေးမိလိုက်လို့ တွေးမိတိုင်း ပျော်ရတဲ့ ပျော်နည်းမျိုးကို ဆိုလိုတယ်။ အပျင်းပြေလောက်ကို ပျော်တာလို့ မဆိုလိုဘူး။ အမြင့်ကြီးကို ပျံတက်နိုင်တဲ့ ငှက်ကလေးတစ်ကောင်ရဲ့ ပျော်ရွှင်မှုမျိုး၊ သစ်ကိုင်းပေါ်မှာ နားပြီး အိပ်ငိုက်နေတဲ့ ငှက်ရဲ့ ပျော်ရွှင်မှုမျိုး မဟုတ်ဘူး။
He spends his life searching for some value which he will never find …
ရည်မှန်းချက်မရှိတဲ့သူဟာ သူလိုချင်တာကို ရှာရင်း သူ့ဘဝသာ ကုန်သွားမယ် ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး။ အသက်ကြီးလာတဲ့အခါ ” ငါ အခုအချိန်အထိ ဘာမှ မလုပ်ရသေးပါလား။ ငါ့ဘဝ ဘယ်မှာလဲ။ ငါ့ဘဝကို ငါရှာလို့ မတွေ့ပါလား ” လို့ တွေးမိရင် ရင်နာစရာ သိပ်ကောင်းမယ်။
ဦးတည်ချက် မရှိသေးတဲ့ လူငယ်တွေ စဉ်းစားပါ နော်..။ ဦးတည်ချက် မရှိတဲ့ လွတ်လပ်မှုဆိုတာ မရှိဘူး။ ဘာမှ မလုပ်ချင်တဲ့သူမှာ လွတ်လပ်မှုရှိဖို့လည်း မလိုဘူး။ ဘာကိုမှ မရွေှးချယ်တဲ့သူမှာ လွတ်လပ်မှု ရှိဖို့လည်း မလိုဘူး။ ဘာကိုမှ မရွေှးချယ်တဲ့သူမှာ လွတ်လပ်မှု မရှိဘူး။ ဘာမှ မလုပ်ပဲ ထိုင်စားနေတဲ့သူမှာ လွတ်လပ်မှုမရှိဘူး။ လွတ်လွတ်လပ်လပ် ပျင်းနေတယ်ဆိုတာ မရှိဘူး။ လွတ်လွတ်လပ်လပ် လုပ်နေတယ်ဆိုတာပဲ ရှိတယ်။
တစ်ခုခုကို ဦးတည်ရည်မှန်းထားပြီဆိုရင် ” ငါလုပ်သမျှ ကိစ္စတွေဟာ ငါ့ဦးတည်ချက်ကို ရောက်ဖို့ အထောက်အပံဖြစ်တဲ့ ကိစ္စတွေပဲ ဖြစ်ရမယ်။
ငါ့ဦးတည်ချက်ကို ဖျတ်ဆီးတဲ့ ကိစ္စ မဖြစ်စေရဘူး ဆိုတဲ့ အချက်ကို ဘယ်တော့မှ မမေ့ဖို့လိုတယ်။ ဆန်ကျင်ဖတ်ဖြစ်နေတဲ့ ကိစ္စနှစ်ခုကို တွဲလို့ မရဘူး။ ကျန်းမာချင်လိုက်တာ ဆိုပြီး မူးယစ်ဆွေးဝါး လုပ်နေလို့ မရဘူးလေ။
အသိဉာဏ်ကို လိုချင်တဲ့သူဟာ သူလုပ်သမျှဟာ အသိဉာဏ်အတွက် အထောက်အပံ့ ဖြစ်ရမယ်။ စာဖတ်ရင်လည်း သူသိချင်တာကို သိရဖို့ ဦးတည်ချက်နဲ့ ဖတ်မယ်။ အပျင်းပြေရုံ သက်သက်ကတော့ တွက်ခြေ မကိုက်ဘူး။
စကားပြောရင်လည်း အသိဉာဏ်တိုးစေမယ့်သူနဲ့ ဆွေးနွေးမယ်။
တရားအားထုတ်ရင်လည်း အသိဉာဏ်ရဖို့ တရားအားထုတ်မယ်။ ဗေဒင်ဟောဖို့ တရား အားမထုတ်ဘူး။
စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်မယ်ဆိုရင်လည်း စီးပွားရေးနဲ့ ပတ်သတ်တာ ရသမျှ လေ့လာနေမယ်။ စီးပွားရေးလုပ်နေတဲ့သူနဲ့ တွေ့မယ်။ ဆွေးနွေးမယ်။
သူ့ဦးတည်ချက်က သူ့ဘဝကို စုစည်းပေးတယ်။ သူ့အင်အားတွေကို စုစည်းပေးတယ်။ သူ့ဦးတည်ချက်က သူ့ကို အချိန်ဖြုန်းစရာ မရှိအောင် လုပ်စရာတွေကို ရှေ့မှာ တန်းစီထားပေးတယ်။ ဘာမှ လုပ်စရာ မရှိဘူးဆိုတဲ့ သူအတွက် ဘယ်တော့မှ ဖြစ်မှာမဟုတ်တဲ့ အခြေအနေပဲ။ သူအနားယူတယ်ဆိုတာတောင်မှ နားပြီးရင် လုပ်ဖို့ အနားယူတာ။ အားနေလို့ နားတာ မဟုတ်ဘူး။ သူ့အတွက် ပျော်စရာအကောင်းဆုံးက သူ့စိတ်ကူးတွေကို အကောင်အထည်ဖေါ်နေရတာပဲ။ စိတ်ကူးမရှိတဲ့သူမှာ အကောင်အထည်ဖေါ်စရာ မရှိဘူး။
ဖန်တီးမှုဆိုတာ လွတ်လပ်မှု တစ်မျိုးပဲ။ ဖန်တီးနေတဲ့သူဟာ လွတ်လပ်နေတယ်။ သူကြိုက်သလို ဖန်တီးခွင့်ရှိမှ အကောင်းဆုံးကို ဖန်တီးနိုင်တယ်။ ဖန်တီးခွင့်မရရင် သူ့လွတ်လပ်မှု ဆုံးရှုံးနေတယ်လို့ သူခံစားရတယ်။ အဲဒီအခါမှာ သူ အသက်ရှုကြပ်နေတယ်။ လည်ပင်းကို ညှစ်ထားသလို ခံစားရတယ်။
In order to be in control of your life, you have to have a purpose __ a produtive purpose …
ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားဖို့ဆိုရင် အဆင့်မြင့်တဲ့ ဦးတည်ချက် ရည်မှန်းချက် ရှိမှ ရမယ်။ အကျိုးရှိတာကို လုပ်ဖို့ ရည်မှန်းချက် ရှိရမယ်။ ” င့ါဘဝကို ငါပျော်ပျော်နေမယ် ” ဆိုတာ ရည်မှန်းချက်လို့ မခေါ်နိုင်ဘူးနော်။ ရည်မှန်းချက်ဆို produtive purpose ဖြစ်ရမယ်။ အကျိုးရှိတာ အကျိုးပြုတာ တစ်ခုခုကောင်းတာ ဖြစ်လာအောင် လုပ်တာကို ခေါ်တယ်။
လမ်းဘေးမှာထိုင်ပြီး လာတဲ့သူတွေကို ဒုက္ခပေးတာ produtive purpose မဟုတ်ဘူး။
ဘဝဦးတည်ချက်ကို သိချင်ရင် အရင်ဆုံး ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိအောင် လုပ်ပါ။ ကိုယ့်စိတ်ကိုကို တကယ်သိလာရင် ကိုယ်ဘာကို တကယ်ချစ်တယ်ဆိုတာ သိလာမယ်။
ကိုယ်တကယ် ချစ်တာကို လုပ်ရမှ စိတ်ပါလက်ပါ လုပ်မယ်။ တစ်သက်လုံး လုပ်မယ်။ ရှိသမျှ ကိုယ့်စွမ်း ဉာဏ်စွမ်းတွေကို အကုန်ထုတ်မယ်။ ဒါမှ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မယ်။ အကောင်းဆုံး ဖြစ်အောင် လုပ်မှ အဆင့်မြင့်တဲ့ ပျော်ရွှင်မှုကို ရမယ်။

လွတ်လပ်တဲ့သူရဲ့ ပျော်ရွှင်မှု

စိတ်ချမ်းသာမှုဆိုတာ ကိုယ့်စိတ်က စိတ်ကူးပေါက်တိုင်း အမိန့်ပေးလိုက်တိုင်း ရနိုင်တဲ့အရာ မဟုတ်ဘူး။ စိတ်ချမ်းသာစေသတည်းလို့ ပြောလိုက်ရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။
စိတ်ချမ်းသာမှုဟာလည်း သဘာဝတရာ ဖြစ်လို့ အကြောင်းပြည့်စုံမှ ဖြစ်တယ်။
မဖြစ်သင့်တဲ့ ဆန္ဒတွေကို မူးမူးမိုက်မိုက် ဖြည့်ဆီးလိုက်ရုံနဲ့၊ စိတ်အလိုလိုက်ပြီး ထင်ရာ လုပ်လိုက်ရုံနဲ့ ရလိုက်တဲ့ ကျေနပ်မှုဟာ စိတ်ချမ်းသာမှု မဟုတ်ဘူး။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”။ source : www.sawsan23.com