Thumbnails မှာ စိတ်ကြိုက်ပုံထားခြင်း

photo တွေကို လျောက်ကလိရင်း ကျနော်သိခဲ့တဲ့နည်းလေးပါ။ ဒီလိုဗျာ ပုံလေးတွေကို Thumbnails နဲ့ကြည့်လိုက်ရင် အဲ့ photo ဘာပုံဆိုတာ အသေးစားလေး နမူနာအနေနဲ့မြင်ရတယ်ဗျာ အဲ့ဒါကို ကျနော်တို့က Thumbnails နဲ့ကြည့်တဲ့အခါ မူလပုံကို မပေါ်စေပဲ တစ်ခြားပုံတစ်ပုံတစ်ခုကို အစားထိုးထည့်ထားလို့ရပါတယ်။
အဲ့လိုမျိုးလုပ်ဖို့က paint program ကိုသုံးရမယ်။
>> Start >> run box မှာ mspaint လို့ရိုက်ပြီး paint ကိုဖွင့်ပါ။ ပြီးရင်
>> Thumbnails မှာပေါ်စေချင်တဲ့ပုံကို အရင်ဖွင့်ထားရမယ် ပြီးရင်
>> click နှိပ်ကြည့်လိုက်လို့ တကယ်ပေါ်မယ့်ပုံ ( အဲ့ဒီ တကယ်ပေါ်စေချင်တဲ့ပုံက Thumbnails မှာ ပေါ်မယ့် ပုံထက် file size သေးရပါမယ် မလုပ်ခင် ပုံ ၂ ပုံရဲ့ file size ကို ယှဉ်ကြည့်ပေးပါဦး)ကို နောက်ထပ် paint တစ်ခုနဲ့ ထပ်ဖွင့်ပြီး Selection Tool နဲ့ လိုသလို Select ပေးပြီး Copy ကူးပါ။ ပြီးရင်
>> ပထမဖွင့်ထားတဲ့ ပုံပေါ်မှာ Paste >> Save. ပြီးရင် ပုံကို Thumbnails နဲ့ ကြည့်ကြည့်ပါ။ မူရင်းပုံမပေါ်ပဲ ကိုယ်ပြောင်းထားတဲ့ ပုံစံနဲ့ပြပါလိမ့်မယ်။ တကယ်ဖွင့်ကြည့်ရင်တော့ မူရင်းပုံပေါ်လာပါမယ်။ အဆင်ပြေပါစေဗျာ။
source : www.sawsan23.com