လူလိမ်

တစ်နေ့က ကျနော့ဆီကို mail တစ်စောင်ရောက်လာတယ် ..

address က INFO@canadacorp.ca

nickname က C.L.C COMMITTEE

subject က GOOD NEWS FROM CANADA CORPORATION

ကျနော့ကို co.cc ကနေပို့တာ ..

attach file လေးတစ်ခုနဲ့ .. ဒီလို ပို့လိုက်တာ ..

ကျနော့ဆီရောက်ရောက်ခြင်းပဲ သူငယ်ချင်းတစ်ယောက်နဲ့ အဲ့အကြောင်းကို ပြောရင်း လူလိမ်တွေမှန်းသိလိုက်တယ်..

ကျနော့အရင် သူငယ်ချင်းတစ်ယောက်မှာလည်း အဲ့လိုမျိုး လိမ်ညာ mail ပို့တာတွေ တွေ့ဖူးတယ် …

ကျနော်ကတော့ အဲ့ account ကို ဘာမှ reply မပြန်တောပဲ mail ကို filter လုပ်ထားလိုက်တယ် …

ကျနော်ဆီရောက်လာတာကတော့ ကျနော် အင်တာနက်စသုံးခါစက website တွေမှာ

account address ပေးခဲ့တာကြောင့်ဖြစ်မယ်..

အင်တာနက်သုံးခါစ သူငယ်ချင်းတွေ အဲ့ဒါလေး သတိထားစေချင်တယ် ကိုယ့်ရဲ့ အရေးကြီးတဲ့ account ကို

အလွယ်ပေးသင့်ဘူး..

international သုံး bank account အရှိတဲ့သူတွေဆီကနေ စာရွက်စာတမ်းကြေး ဘယ်လောက် အရင်ပေးပါ ဆိုပြီး

တောင်းတာမျိုးတွေ ရှိတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်..

အင်တာနက်ထဲမှာ ဘယ်သူ့မှ သိပ်မယုံဘဲ သံသယ စိတ်အမြဲ ရှိနေသင့်ပါတယ် …

ကြားမြင်ဗဟုသုတများအောင်လည်း အင်တာနက်သုံးနေတဲ့ အချိန်မှာ လေ့လာသင့်ပါတယ်..

နို့မို့ဆိုရင်တော့ လူတွေရဲ့ လောဘ ကြောင့် လိမ်ခံထိနိုင်တယ်ဗျ..

ခု ကျနော့ဆီကို mail ပို့သလိုမျိုး တခြား ကျနော့အသိ သူငယ်ချင်းတွေမှာလည်း တခြားနည်းနဲ့ online ကနေ၊ ဖုန်းကနေ လိမ်တာမျိုးတွေရှိတယ်ဆိုတာ ဗဟုသုတအဖြစ် ရေးပေးလိုက်တာပါ…