ဘာအခက်အခဲကိုမှ ရင်မဆိုင်ရဲတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ စိတ်ဓာတ် ရင့်ကျက်တဲ့သူ အသိဉာဏ် ရင့်ကျက်တဲ့သူ ပညာတက်တဲ့သူ အစွမ်းအစရှိတဲ့သူ မဖြစ်နိုင်ဘူး

ဒါပေမယ့် အဲ့ဒီလိုလူက သူများကို အကြံဉာဏ်ပေးတက်တယ်။ ဘယ်လို အကြံဉာဏ်လဲဆိုတော့ ” မလုပ်နဲ့ မလုပ်နဲ့၊ အဲ့ဒါ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရင်

ဘယ်လို အခက်တွေ့လိမ့်မယ်။ အဆင်မပြေ ဖြစ်လိမ့်မယ်။ ရှိတဲ့ငွေလေး ဘဏ်မှာ ထည့်ထားလိုက်။ ဘဏ်တိုးလေးနဲ့ စား။ အေးအေးဆေးဆေး နေ။ ဒီခေတ်မှာ ဘာမှ

မလုပ်တာ အကောင်းဆုံးပဲ။ လုပ်သမျှ အဆင်မပြေ ဖြစ်မယ်။ ကိုယ့်ဒုက္ခ ကိုယ်မရှာပါနဲ့ ” အဲဒီလို လူမျိုးက ပေးတဲ့ အကြံဉာဏ်ကို ဘယ်လိုလူက ယူမလဲ။ သူလိုလူကပဲ

ယူလိမ့်မယ်။
မစွန့်စားရရင် မနေနိုင်တဲ့သူကတော့ ဘဏ်တိုးလေးနဲ့ ထိုင်စားတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ စွန့်စားချင်တဲ့သူဟာ လကုန်မှ လခရတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။

စွန့်စားချင်တဲ့သူဟာ ကိုယ့်အရည်အချင်းတွေကို တစ်မျိုးပြီး တစ်မျိုး သုံးနေရမှ ကျေနပ်နိုင်မယ်။ ကိုယ့်အရည်အချင်းတွေကို သုံးနေရမှ စွန့်စားတာလို့ ခေါ်တယ်။

ဘာအရည်အချင်းမှ မသုံးရရင် ဘယ်လို စွန့်စားမလဲ။ ပြီးတော့ အရည်အချင်းအသစ်တွေကို တိုးနေမှ ကျေနပ်နိုင်မယ်။ ငွေဘယ်လောက် ရရ ဘာအရည်အချင်းမှ

မတိုးတတ်တဲ့နေရာမှာ မနေနိုင်ဘူး။ ပညာရတဲ့ နေရာကို ပြောင်းမယ်။ ပြောင်းတယ်ဆိုတာကိုက စွန့်စားတာပဲ။ ပြောင်းတယ်ဆိုတာ မသေချာတာကို လုပ်တာ။
ပြောင်းတာနဲ့ ပတ်သက်ပြီးတော့ မြန်မာ စကားပုံ တစ်ခုရှိတယ်။ တစ်ခု မဟုတ်ဘူး နှစ်ခုရှိတယ်။ ပြောနိုင်မလား။ ပြောင်းတာကို အားပေးတဲ့ စကားပုံ။
” တစ်ရွာ မပြောင်း၊ သူကောင်းမဖြစ် ” ပါဘုရား။
ဟုတ်တယ်။ စွန့်စားချင်တဲ့သူဟာ ” တစ်ရွာ မပြောင်း၊ သူကောင်း မဖြစ် ” ဆိုတဲ့ စကားပုံကို လက်ကိုင်ထားတယ်။ မပြောင်းရဲတဲ့သူက လက်ကိုင်ထားတဲ့

စကားပုံတစ်ခုရှိသေးတယ်။
” သေချင်တဲ့ ကျား တောပြောင်းတယ် “