ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ

ဒီနာမည်လေးနဲ့ ဧဒင်မှာ နေရာလေး တစ်ခုသတ်မှတ်ဖို့ စိတ်ကူးမိတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ပါပဲ။
ဗုဒ္ဓဘာသာကို လေ့လာဖြစ်ရတဲ့အကြောင်းက
ကျနော့ စိတ်နဲ့ အံဝင်ဂွင်ကြမဖြစ်တာလေးတွေ၊ ကျနော့စိတ်ကို အနာတရဖြစ်စေလောက်တဲ့ အကြောင်းလေးတွေ တနည်းအားဖြင့် လောကဓံတစ်ခုခု ခက်ဆတ်ဆတ်ရိုက်ခံရတာများလာတဲ့ အခါမှ စပြီး ဘာသာရေးကို လေ့လာဖြစ်တာပါ။ သာမန်အားဖြင့် လောကဓံတစ်ခုခု ရိုက်ခံရတဲ့အခါ လူတွေမှ ဖြစ်တက်တာက တစ်ချို့ အရက်သောက်မယ် လောကကြီးကို ခဏမေ့ပစ်လိုက်မယ်၊ သွေးဆူလာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် အကုန်ပေါက်ကွဲပြီး ရင်ဖွင့်ပစ်လိုက်မယ်။
တစ်ချို့ကျ အားငယ်သွားတယ်၊ ငါကိုယ်က ကံဆိုးတာပါဆိုပြီး ကိုယ့်ပါနဲ့ကိုယ် ကြိတ်ခံစားနေတတ်တယ်။ နောက်ဆုံး မခံစားနိုင်တော့ရင် မသိစိတ်ကနေ ဖြေဖျောက်ပစ်လိုက်တယ်။
အသိစိတ်နဲ့ သိသိမှတ်မှတ် ဖြေဖျောက်တာ မဟုတ်တဲ့အတွက် စိတ်မှာ အတွင်းဒဏ်ရာနဲ့ မသိမသာ ကျန်နေခဲ့တက်တယ်။
တစ်ချို့က စာဖတ်တယ်၊ စာပေထဲက အသိပညာကို ရှာတယ်။ ပြီးတော့ အဲ့ဒီ အသိပညာနဲ့ လောကဓံတစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ သဘာဝကို သိအောင်လုပ်တယ်။ ကိုယ့်စိတ်သဘာဝကို သိအောင်လုပ်ရင်း လူတွေရဲ့ စိတ်သဘာဝ ဖြစ်တက် ပျက်တတ်တာတွေကို သိလာတယ်၊ နားလည်လာတယ်။ အဲ့တော့ ပြင်ပက ရိုက်ခက်တဲ့ လောကဓံတစ်ခုခု၊ စိတ်မှာ ဖြစ်ပေါ်တက်တဲ့ စိတ်ရဲ့သဘာဝ စတာတွေကို သိမြင်လာတဲ့အခါ ကိုယ့်စိတ်မှာ ဘယ်လို အရာတွေ ဖြစ်နေတယ်ဆိုတာ ကြည့်တယ်၊ ဖြစ်သင့်တယ် မဖြစ်သင့်ဘူး စဉ်းစား ဆင်ခြင်ပြီး စိတ်မှာအညစ်အတေး အာရုံတစ်ခုခုကို အလွမ်းမိုးမခံတော့ဘူး သိသိမှတ်မှတ်ရှင်းထုတ်ပစ်နိုင်တယ်။ အဲ့လိုလုပ်နိုင်တာကို သဘောကျသွားတယ်။