ကျနော် အမြတ်တနိုးထားတဲ့ မှတ်စုများ

> လုပ်ရည်ကိုင်ရည်ရှိလျှင် အသုံးကျတဲ့သူဖြစ်မယ်၊
ကိုယ်ကျင့်တရားရှိလျှင် ယုံကြည်ရတဲ့သူဖြစ်မယ်၊

> ကိုယ်ထက်နိမ့်တဲ့သူနဲ့ပေါင်းရင် အခြေခံအုတ်မြစ်ခိုင်မာမယ်..
ကိုယ်ထက်သာတဲ့သူနဲ့ပေါင်းရင် အတွေးအခေါ်ဉာဏ်ပွင့်လင်းမယ်..

> အသိပညာမှာ လေ့လာနှံစပ်သူသည်
ရှုံးနှိမ့်မည်ကို မကြောက်၊

> အတက်ပညာမှာ ကျွမ်းကျင်နှံစပ်တဲ့သူသည်
အခက်အခဲကို မကြောက်၊

> အောင်မြင်မှုဆိုတာ ကိုယ်လိုချင်တာကိုရတာ၊
ပျော်ရွှင်မှုဆိုတာ ကိုယ်ရရှိတဲ့အပေါ်မှာ ကျေနပ်နေတာ၊

> ရွေွှးချယ်စရာရှိရင် ပြတ်သားရမယ်၊
ရွေှးချယ်စရာမရှိရင် လုပ်ရဲရမယ်၊

> လူတိုင်းဟာ ချမ်းသာစွာနေဖို့ မွေးဖွားလာတာပါ၊ ချမ်းသာကြောင်း အကျင့်၊ ချမ်းသာကြောင်း အလုပ်၊ ချမ်းသာကြောင်း အတွေးတွေကို မတွေး၊ မလုပ်၊ မကျင့်တဲ့ လူတွေသာ ဆင်းရဲ့စွာနေထိုင်ရတာပါ၊ ဒါပေမယ့် တစ်ချို့က လူမတန်တော့ ကံကိုလွှဲချကြတာပေါ့၊

> ကိုယ့်ရဲ့ အာရုံက ဘယ်မှာ ကျက်စားနေတယ်ဆိုတာ သိမနေတဲ့လူအတွက် အဲ့အချိန်တွေက သေနေတဲ့အချိန်နဲ့အတူတူပဲ

> ငါဘာအတွက်အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိရတာဟာ တော်တော်စိတ်ချမ်းသာစရာ ကောင်းတယ်..

> ဝမ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘဝလမ်းကြောင်းမဖြောင့်ဘူး ဝမ်းနဲ ဝမ်းသာဖြစ်တိုင်း ဘဝလမ်းကြောင်း ကွေ့ကောက်သွားတက်တယ်…

> တိရိစ္ဆာန်တွေဟာ ကိုယ့်စိတ်ကိုကိုယ်ပြန်မကြည့်နိုင်ဘူး၊ မသိနိုင်ဘူး၊ ဒါကြောင့် ပြင်လည်းမပြင်နိုင်ဘူး၊ သူတို့ဟာ ဗီဇစိတ်ရဲ့ ကန့်သတ်မှုထဲက ထွက်လို့မရဘူး၊ သူတို့စိတ်ကို သူတို့ ပိုကောင်းအောင်လုပ်လို့မရဘူး၊ လူသာလျှင် ထူးထူးခြားခြား ကိုယ့်စိတ်ကိုကိုယ် သိပြီး ပြင်နိုင်တဲ့ သတ္တဝါ ဖြစ်တယ်၊ အဲ့အရည်အချင်းကို ထိထိရောက်ရောက် သုံးနိုင်ရင် လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့်မြင့်မားတဲ့ လူသားဖြစ်လာမယ်..

> လူတွေမှာ တွေ့ကြုံနေရတဲ့ ပြသနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။

> ရှင်သန်ခြင်းရဲ့အစက ပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိခြင်းကစပါတယ်…
ကိုယ်လုပ်တဲ့အလုပ်တစ်ခုခုအပေါ်မှာ ဆန္ဒရှိတာအောင်မြင်ရမယ်လို့ ယုံကြည်ချက်ရှိတာ ကောင်းတယ် မမှားဘူးဆိုပေမယ့် မအောင်မြင်ခဲ့ရင် ဘာလုပ်မလဲလို့ ကြိုတွေးထားရင်ပိုကောင်းမယ်ထင်တယ်..

> လူအများအထင်ကြီးလေးစားတဲ့အလုပ်က
၁။ ကောင်းမှုကုသိုလ်ပွားခြင်း
၂။ ပညာရည်မြင့်မားခြင်း

လူအများအထင်သေးစေတဲ့အလုပ်က
၁။ တစ်ကိုယ်ကောင်းဆန်ခြင်း
၂။ အရှက်မရှိခြင်း တဲ့

> ပါရမီဆိုတာ စွဲမြဲတဲ့အလေ့အကျင့်တစ်ခု။

> လူတစ်ယောက်မှာ ကျန်းမာရေးက အရေးကြီးဆုံး။
အိမ်ထောင်တစ်ခုမှာ ပျော်ရွှင်မှုက အရေးကြီးဆုံး။
တိုင်းပြည်တစ်ပြည်မှာ တည်ငြိမ်အေးချမ်းဖို့ အရေးကြီးဆုံး။
တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးရရှိဖို့က အရေးကြီးဆုံး။

> လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ်တစ်ခုပဲရှိတယ်၊ကိုယ်အကြောင်းကိုသိဖို့ပဲ…
ကိုယ်စိတ်ကိုကိုယ်အမှန်အတိုင်းမသိရင် ကိုယ်စိတ်က ဂယောက်ဂယက်ဖြစ်နေရင် ကိုယ်မှာဘာ power မှ မရှိဘူးလို့ ပြောလို့ရတယ်။

>လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းသည် ကိုယ့်ရဲ့အရည်အချင်းနဲ့ဆိုင်တယ်
လုပ်သင့်ခြင်း မလုပ်သင့်ခြင်းသည် ကိုယ့်ရဲ့ ရပ်တည်မှုအခြေအနေနဲ့ ဆိုင်တယ်..

> အောင်မြင်ဖို့အတွက်ပေးဆပ်ရတဲ့တန်ဘိုးဟာ ဆုံးရှုံးတဲ့အခါမှာ ပေးဆပ်လိုက်ရတဲ့ တန်ဘိုးထက်အများကြီးသက်သာတယ်ဆိုတာ အမြဲတမ်းသိထားပါ။

> မင်းခေါင်းပေါ်မှာ ငှက်တွေဖြတ်သန်းပြီးတော့ ပျံမသွားအောင် မင်းတားလို့ မရပါဘူး။
ဒါပေမယ့် မင်းခေါင်းပေါ်က ဆံပင်ထဲမှာ အသိုက်လာမလုပ်အောင်တော့ တားမယ်ဆိုရင် ရပါတယ်။

> ကိစ္စတော်တော်များများကို ခွင့်လွတ်နိုင်အောင် ကြိုးစားပါ။
တကယ်လို့ ခွင့်မလွတ်နိုင်ရင် အဲ့ဒီ စိတ်ခံစားချက်က လွှမ်းမိုးနေလို့
ကိုယ့်မှာ ကောင်းတဲ့အတွေးခေါ်တွေ၊ ကောင်းတဲ့စကားတွေ၊ ကောင်းတဲ့အလုပ်တွေ၊
ကောင်းကောင်းကြီးမလုပ်နိုင်တော့ဘူး။ ဒါကြောင့် …
ကိစ္စတော်တော်များများကို ခွင့်လွတ်နိုင်အောင် ကြိုးစားပါနော်..
ပြီးတော့ ခွင့်လွတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။
အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။
အထက်စီးကနေတာလည်း မဟုတ်ဘူး။
ခွင့်လွတ်လိုက်တာဟာ ကိုယ့်စိတ်ကိုယ်ကို
လွတ်လပ်ခွင့်ပေးလိုက်တာ..
ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပါ။

> လူဆိုတာ မှားတက်ပါတယ်။
ခွင့်လွတ်ခြင်းက မြင့်မြတ်ပါတယ်။

> လက်စားချေတယ်ဆိုတာ သင်ရှုံးနှိမ့်ဖူးကြောင်း ဝန်ခံလိုက်တာပဲ။
သူလုပ်သလို ပြန်လုပ်ဖို့ ကြိုးစားနေသေးသရွှေ့ သူ့ထက်သာတဲ့သူ မဖြစ်နိုင်ပါဘူး။

> ဒုက္ခသည် ကုန်းခံစရာမဟုတ်။
> ဒုက္ခသည် ရုန်းကန်စရာဖြစ်သည်။

> အကောင်းဆုံးကို မျှောင့်လင့်ထား၊ သို့သော် အဆိုးဆုံးအတွက် အသင့်ပြင်ထားပါ။

> ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာတာ အပြစ်မဟုတ်ပေမယ့်
ဆင်းဆင်းရဲရဲနဲ့ သေရရင်တော့ အပြစ်ရှိတယ်။

> အခြေခံဖြစ်တဲ့ သီလမှ လုံခြုံမှုမရှိရင် သမာဓိမတည်နိုင်ဘူး..
သမာဓိမတည်ရင် ဉာဏ်ဖြစ်မလာနိုင်ဘူး…
ဉာဏ်မရှိရင် အကောင်း၊အဆိုး၊အကြောင်း၊အကျိုး၊ အမှား၊အမှန်ကို မသိနိုင်တဲ့အတွက်
ပညာလည်း ရအောင် ရှာနိုင်မှာ မဟုတ်ဘူးနော်..

> အလကားလိုချင်တဲ့သူဟာ အလကားလူပဲဖြစ်မည်။

> လိုချင်တာတွေရနေတုန်းမှာ ဒါဟာ လောကဓံဆိုတာ မသိခဲ့ရင်..
လိုချင်တာတွေ မရတဲ့အခါမှာ ဒါဟာ လောကဓံပါလားဆိုပြီး တော်တော်ခံစားရမယ်ထင်တယ်နော်..

> ပြည့်ပြီးသားအိုးကို ထပ်ဖြည့်နေတာ
လောကွက်လုပ်တာပါ စေတနာအမှန်မဖြစ်နိုင်ဘူး..

> အမှားကို ကြောက်ခြင်းဟာ တိုးတက်မှုရဲ့ သေခြင်းပဲ။

> ကိုယ့်စိတ်ကိုယ်ကို ထိန်းချုပ်နိုင်မှု ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်တာ တိရိစ္ဆာန်။

> ဘယ်သူမှ မသိအောင် အကုသိုလ်အလုပ် ဘယ်သောအခါမှ လုပ်မရပါ။

> ဖြစ်ပြီးပျက်တာကို ဘာလို့ မမြင်လွယ်တာလဲဆိုတော့ ပျက်ပြီး ပျက်ပြီးတိုင်း အစားထိုးလာလို့ပါ။
ဖြစ်၊ ပျက်၊ အစားထိုး ပါ။ အစားမထိုးတဲ့ ဖြစ်၊ပျက်တွေလည်း ရှိတော့ရှိတာပေါ့လေ။

> တန်ဘိုးရှိတဲ့အရာတစ်ခုဟာ လူတိုင်းအတွက် အသုံးမဝင်နိုင်ပါဘူး။
တန်ဘိုးသိတဲ့လူအတွက်ပဲ အသုံးဝင်၍ တန်ဘိုးရှိပါတယ်။

> စိတ်ဝင်စားလာပြီဆိုရင်တော့ ..
Impossible is nothing ပါလား..

> ယခုသင်ကောင်းအောင်နေပါ အကြောင်းတိုက်ဆိုင်သောအခါ အကျိုးပေးပါမည်။

> လောကကြီးသည်လည်းကောင်း၊ လူအများသည်လည်းကောင်း အစကတည်းက သူ့ဖာသာသူရပ်တည်နေသော ပကတိတရားများသာဖြစ်ပြီး
သင့်အတွေးအခေါ်များ မှန်ကန်ကြောင်း ပြသရန် ဖြစ်ပေါ်နေခြင်း မဟုတ်သည်ကို သဘောပေါက်လျှင် ဝါဒဆိုင်ရာ စစ်ပွဲများ ငြိမ်းအေးသွားမယ်ထင်ပါသည်။

> လူတွေမှာ ကိုယ့်ရုပ်ကို ပြန်မမြင်နိုင်အောင်၊ ကိုယ့်စကားသံကို ပြန်မကြားနိုင်အောင်
အလွှာတစ်ခုက ဖုံးအုပ်ထားတယ် အဲ့ဒီအလွှာကို အတ္တလို့ခေါ်တယ်။

> စွန့်လွတ်ခြင်းဆိုတာ ငါ့အတွက် ဝါသနာ တစ်ခုလိုဖြစ်နေပါပြီ။

> နဲနဲ နောက်ကျသွားပြီဆိုတာ သိပေမယ့် တစ်ချိန်မှာ သေချာပေါက်ပြောချင်နေတဲ့ စကားပါ..

> > အနာဂါတ်ဆိုတာ တချိန်မှာ ပစ္စုပ္ပန်၊
အနာဂါတ်အိမ်မတ်တွေ မက်နေမယ့်အစား
ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါလား..

> အတိတ်ကိုတမ်းတနေတဲ့ သူဟာ (ဥပမာ.. လွမ်းတယ်ဆိုတဲ့အချိန်မှာပေ့ါ)
အနာဂါတ်ကို ဦးတည်သွားနေတဲ့ ပစ္စုပ္ပန်အချိန်တွေကို ဆုံးရှုံးနေပါတယ်။

> ကိုယ်လုပ်တဲ့ ကုသိုလ်အပေါ်မှာ သာယာနေတာ၊ နှစ်သက်နေတာကလည်း
ရပ်တန့်မှု တစ်မျိုးပါပဲ။

> ကျနော်တို့သည် မြင်လိုက်ရသော အမြင်အပေါ်မူတည်ပြီး ခံစားချက်ဖြင့် ဆုံးဖြတ်နေသူများ မဖြစ်သင့်ပါ။

> ဘဝ နှစ်ခုကို တစ်ခုထဲဖြစ်အောင် ပေါင်းလို့မရပါဘူး..
ရတယ်ထင်ရင် လုပ်ကြည့်ပါ။ မကြာခင်မှာ တစ်ယောက်ကို တစ်ယောက် နဖါးကြိုးထိုးလိမ့်မယ်။

> ကျနော်တို့ ဝန်းကျင်ရှိ ကမ္ဘာကြီးက ပြောင်းလဲနေပြီ။
သို့သော် ကျနော်တို့ မိဘတွေရဲ့ ဆုံးမဩဝါဒများက မပြောင်းလဲသေးပေ။

> ဘာကိုမှ မမျော်လင့်ပါဘူးဆိုတာကို သိစေချင်တဲ့ မျော်လင့်ချက်လေးတောင်
မထားချင်တော့တာပါ။

> သမ္မာကျမ်းစာတွင် တိုက်ဂါးမြစ်နှင့် ယူမရိုက်တီး(စ်)မြစ်နှစ်သွယ်ကြားရှိ
တောင်ကြားဒေသတွင် ဧဒင်ဥယျာဉ်တည်ရှိခဲ့သည် ဟုဆိုပါသည်။

> ပိုင်မယ်ထင်လို့ တောင့်တတာ။
ဆိုင်တယ်ထင်လို့ ကြောင့်ကျတာ။

> ချစ်ခြင်း၊ မုန်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာ သူတစ်ပါးစိတ်ထဲမှာ ခဏဖြစ်သွားတဲ့အတွေးလေးတစ်ခုပါကွာ။

> သံသယ အဖြစ်ခံရတာချင်းအတူတူ တန်သွားအောင် နင့်ကိုငါ မချစ်ဘဲနဲ့ ချစ်တယ်။

> ငါ့ဘဝမှာ သူတစ်ပါးရဲ့ ရွေှးချယ်မှုကို ခံရဖို့ ငါကိုယ်တိုင် ကြိုးစားမိတာ ဒါပထမဆုံးပါ။

> တကယ်တော့ စဉ်းစားပြီးမှ ချစ်သည်ဆိုခြင်းမှာ မည်သည့် ရှုထောင့်က ကြည့်ကြည့်
အဓိပ္ပါယ် မရှိလှပါ။

> ပြဇာတ်ကသူက ပရိသတ်လောက် ပြဇာတ်ကို အရသာခံ၍မရပါ။

> ကလေးများရဲ့ အနာဂါတ်ကို ရွေှမချပါနဲ့ သူ့အတိုင်းဝဲပြန်ပါစေ…

> အတိတ်က မည်သို့ပင်ဖြစ်ခဲ့စေကာမူ ယခုပိုင်ဆိုင်ထားသော ဘဝသာ သင့်ဘဝ အမှန်၊

> အတွေးအခေါ်တွေက ပုံစံတကျဖြစ်လွန်းရင် ပတ်ဝန်းကျင်ကို တုံ့ပြန်ဆက်ဆံတဲ့ အပြုအမူတွေဟာ
လိုက်လျောညီထွေ မဖြစ်နိုင်ဘူးပေါ့..

> တစ်စုံတစ်ခုကို ရယူပိုင်ဆိုင်သည်ဖြစ်စေ စွန့်လွတ်ဆုံးရှုံးလိုက်ရသည်ဖြစ်စေ..
တကယ်တော့ အရာရာသည် ဘာမှ မဟုတ်ကျပါ။

> တချို့က သိပ်တော်တာပဲတဲ့ တချို့က ငကြောင်တဲ့
အင်း… သူတို့ ပြောတာမှန်ပါတယ်။ လူတွေအားလုံးက တစ်နေရာမှာ တော်ပြီး
တစ်နေရာမှာ ငကြောင်တွေဖြစ်နေတက်ကြတယ်လေ..

> မျှောင့်လင့်ချက်တွေကလည်း သစ်ရွက်တွေလို တဖွဲဖွဲကြေွကျတက်လွန်းတော့
ငါ့မှာ လေပြေလေညှင်း တိုက်ခက်မှာကိုတောင် ကြောက်ရွံ့နေရတယ်..

> ချစ်သူဆိုတာ မြတ်နိုးခြင်း၊ လေးစားခြင်း၊ ယုံမှတ်တွယ်တာခြင်းများကို သိမ်းဆည်
သိုလှောင်ရာ ယွန်းသေတ္တာလေး တစ်လုံးဖြစ်ပါသည်။

> တစ်ခါတစ်ခါ ငါရဲ့ ပုံသဏ္႑ာန်အမှန်ကို ငါကိုယ်တိုင်တောင် မှန်းဆရခက်နေတာပါ။

> တကယ်တော့ အချစ်ဆိုသည်မှာ ကြော်ညာအားကောင်း၍
ဝယ်စားဖြစ်သော ခေါက်ဆွဲပြုတ်တစ်ထုပ်မျှသာဖြစ်သည်။

> သူက ဖယောင်းတိုင်ပါ ကျနော်က မီးခြစ် ခြစ်ပေးယုံပဲ
လောင်တာ သူ့ကိစ္စ။

> ငါနင့်ကို ချစ်နေပြီလို့ နင်ထင်တဲ့အခါကျ ပြောနော်..

ဒါတွေအားလုံးက ကျနော်ဖတ်သမျှစာအုပ်တွေထဲက နှစ်သက်လို့မှတ်ထားတွေ၊ ကျနော်ကိုယ်တိုင်ရေးတဲ့ စာတွေ အားလုံးကို မှတ်စုစာအုပ်လေးထဲမှာ မှတ်ထားရင်းက webpage ထဲကို ပြောင်းလိုက်တာပါ။ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်..

source : www.sawsan23.com