အမှတ်ရနေတဲ့ ကဗျာလေးတစ်ပုဒ်

ကျနော်တို့ ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ် ကဗျာလေးက………….

“မောင်ငယ်ရင်သွေး နာဘိသေးလော့၊
ရှေးသရောအခါ ပြည်ဗြာရာဝယ်၊
ကုဋေကြွယ်သား သူေဋ္ဌးသားလျှင်၊
သားတယောက်ဖြစ် ချစ်၍တစေ၊
အိမ်မှာနေ၍ စာပေမတတ်၊
မိဘစုတေ ခန္ဓာရွေ့သော်၊
အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊
သူေဋ္ဌးသားသည် သိုထားမတတ်၊
အရပ်ရပ်၌ နှံအပ်ဥစ္စာ ရှိသည်မှာကို၊
များစွာကျွန်ပေါင်း မကောင်းခိုးယူ၊
ယူ၍ပြေးရှောင် အိမ်ကိုရောင်း၍၊
ထောင်းထောင်းကြေလျှက်
ခွက်လက်စွဲကာ တောင်းစားပါလည်း၊
နင်သာလူမိုက် ဒုစရိုက်ဟု၊
ရိုက်ပုတ်လိုက်ကာ၊
ရွာမှထွက်၍ တောမှာသေသည်၊
ကောင်သေဠင်းဒ ကျ၏တည်း။” ဒီကဗျာလေးကို အမှတ်ပေါ်တိုင်း ဖတ်ရအောင်လို့ ဖတ်တိုင်း ဖတ်တိုင်းလည်း ကျနော်တို့အတွက် ဆင်ခြင်ဖွယ် အသိတစ်ခု ရနေတယ်လို့ ခံစားရလို့ တင်ထားလိုက်တာပါ။