မင်္ဂလာပါ
ကျွန်တော် ဧဒင်ဥယျာဉ် ဟု အမည်မပေးခင် 27.11.2009 မှာ ကျွန်တော်တို့ Graphic Design ဝါသနာရှင်တွေ
စုစည်း ဆွေးနွေးစရာ နေရာ တစ်ခုအဖြစ်ကိုမျိုးတို့ အဖွဲ့ရယ်လို့ ဆိုဒ်ကို လူ 50 တိတိ သာ ဖိတ်ပြီး ပုဂ္ဂလိက အဖြစ် ရပ်တည်ခဲ့ပါတယ် ။
ထို အဖွဲ့သား 50 အတွက် ကျွန်တော် Gtalk ပေါ်ခါစက ကဗျာလေး တစ်ပုဒ်ကို နောက်ခံပုံလေးနဲ့ တွဲလို့
Gtalk ချစ်သူ ဆိုတဲ့ ကဗျာ လေးတွေ နဲ့ အတူ ကဗျာ 4 ပုဒ် ပုံနဲ့တွဲပြီး ထိုကဗျာတွေပေါ်မှာ
ကျွန်တော်တို့ ပထမ address ဖြစ်တဲ့ www.myominlatt.ning.com ဆိုပြီး initial ထိုး လို့ Mail တွေပို့ပေးရာက
တစ်ပတ် အတွင်း ဧဒင်မှာ member 162 ယောက် ဖြစ်လာခဲပါတယ် ။
ဒီလိုနဲ့ ကျွန်တော် နှစ်သစ် ကူး အချိန်ဖြစ်တဲ့ တိုက်ဆိုင်မှု့ကြောင့် 1.1.2010 နံနက် 12း12 မှာ ဧဒင်ဥယျာဉ် လို့
အမည်ပေးပြီး အများသုံး ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ် ။ ….
ကျွန်တော် ယနေ့ထိ လုပ်မိခဲ့တဲ့ အလုပ်တွေ အားလုံးနဲ့ ထဲမှာ ဧဒင်ဥယျာဉ်ကြောင့် ပိုက်ဆံနဲ့ ရှာဝယ်မရနိုင်တဲ့
ပီတိ တစ်ခုနှင့်အတူ ဘက်ညီ လက်ညီ အားပေးကြတဲ့ ယနေ့ အဖွဲ့သားအားလုံးကြောင့် ကျွန်တော့် ဘဝတစ်ခုမှာ
ဧဒင်ဥယျာဉ်က မိသားစုတစ်ခု လို အရေးပါခဲ့တာပါပဲ …… ဧဒင်ကို အများထက် သာရမယ်လို့ စိတ်ထဲ အစွဲမရှိခဲ့ပေမယ့်
အများ ယုံကြည်တဲ့ Social Network တစ်ခု ဖြစ်လာအာင်တော့ မာန်ထားရှိခဲ့ပါတယ် ။
ကျွန်တော်တို့ 1 နှစ်ပြည့်မယ့် အချိန်မှာ ပျော်စရာ မိသားစုတစ်ခုဖြစ်တဲ့ ဧဒင်ဥယျာဉ် ဖြစ်လာလို့
ကျွန်တော် ပီတိအပြည့်ဖြစ်ရပါတယ် … ထို့အတွက် ညီအကိုသူငယ်ချင်းများ ဖြစ်တဲ့ ဥယျာဉ်မှူးအားလုံးအပါအဝင်
အဖွဲ့သားအားလုံးကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဂါရဝ ပြုပါတယ်ခင်ဗျာ ။။။။
________________________________________
တစ်နှစ်စာ အလွဲများ
ယခု ဧဒင်က တစ်နှစ်စာ အလွဲများမှာ ကျွန်တော် နဲ့ ဧဒင်ဥယျာဉ်က အလွဲများကို အဖွဲ့သားများ
ပျော်ပျော်ရွှင်ရွှင် ခံစားနိုင်အောင် ပထမဆုံး ဟာသ ဘလော့ရေးတင် ရင်း ဧဒင်မိသားစုဝင်အားလုံးအတွက် တင်ဆင်လိုက်ပါတယ် ။
22.1.2010
ဒီနေ့ အလုပ်ကလဲနား ၊ အချိန်ကလဲ ပိုနေတာကြောင့် ကျွန်တော်ထိန်းတဲ့ Control pannel က အဖွဲ့ဝင်တွေ ဖိတ်ထားတဲ့ စာရင်းကို
စစ်ဖို့ ဧဒင်ဥယျာဉ်ကို ဖွင့်လိုက်မိတယ် ..
စာမျက်နှာ 36 မှာ ဖတ်ထားတဲ့ ညီငယ်တစ်ယောက်ရဲ့ Friend List ကိုလဲတွေ့ရော ကျွန်တော့် မျက်လုံးပါပြူးထွက်လာရတယ်ဗျာ
သူ့ Gmail Friend List က ကောင်မလေးတွေကို Rename နဲ့ အမည်ပေးထားပုံက ဒီလိုဗျာ
1. xxxxxx@xxx.com – သမိုင်းမှာတွေ့တဲ့ ကောင်မလေး 2 ရက် ရှိပြီ ကြူဆဲ
2. xxxxxx@xxx.com – ဖြိုးလေးဆီက ရတယ် အဖြေတောင်းထားတယ်
3. xxxxxx@xxx.com – လှိုင်သာယာ (နဲနဲပုတယ် မကြူရန်)
4. xxxxxx@xxx.com – လာမယ့်စနေ အဖြေပေးမည်ပြောထားသည် တောင်းရန်
5. xxxxxx@xxx.com – VZO ည ချတ်ရန်
6. xxxxxx@xxx.com – မ—– ကျောင်းမှ ချစ်သူ
7. xxxxxx@xxx.com – မ—– တနင်္ဂနွေ တွေ့ရန်
8. xxxxxx@xxx.com – ငယ်ငယ်လေး လန်းတယ် ရအောင်လိုက်ရန်
9. xxxxxx@xxx.com – မကွေးက ဆံပင်ရှည်နဲ့ မျက်မှန်တပ်သည် မဆိုးဘူး
10. xxxxxx@xxx.com – နာမည်ကြီးသည် အပျင်းပြေသည်
11. xxxxxx@xxx.com – မမကြီး ည 12 ကျော်မှ ချတ်သည်
12. xxxxxx@xxx.com – စင်င်္ကာပူက ကျောင်းသူလေး ကြူရန်လိုသည်
13. xxxxxx@xxx.com – —- တွင်တွေ့သည် အားရက်ချိန်းရန်
14. xxxxxx@xxx.com – ဆိုင်တွင်တွေ့သည် gtalk မချတ်တတ်သေး အငုံးလေး
15. xxxxxx@xxx.com – လဒ
16. xxxxxx@xxx.com – ပူဆာသည် ဘလော့ရန်
17. xxxxxx@xxx.com – ချစ်သည်ဟု မနေ့ကပြောသည်
18. xxxxxx@xxx.com – ဂေးလေး
19. xxxxxx@xxx.com – ပဲများသည် ရုပ်မလာ
20. xxxxxx@xxx.com – ဒီနေ့ အဖြေရမည်
ကိုင်း ကျွန်တော်ပြူးထွက်တာ လွန်လား ဗျာ
ကော်ဖီခွက်ကြီး ဘေးချပြီး ကျွန်တော် အူတက်မတတ် ရယ်လိုက်မိတယ်
ပြီးတော့ စကားတစ်ခွန်း ကားသမားတွေပြောတာ သတိရသွားပြေးရလို့ပေါ့
” အခေါက်ရေးများမှ ကိုယ့်အတွက် ကျန်တာ “
အဲ့လို ……………………
_____________________________________________________
2010 သင်္ကြန်မတိုင်မီ
မလေးရှား Penang က သင်္ကြန်ပွဲတွေအတွက် Design ဆွဲတုန်း နောက်ခံလိုလို့ အင်တာနက်မှာ ပုံရှာချိန်
မျက်စေ့ညောင်းလို့ Gtalk ဖွင့်ပြီး ညီမျိုးလေးနဲ့ချတ်တုန်း အတ်ထားတဲ့ တစ်ယောက်လာလို့ လက်ခံစကားပြောမိတယ်
ဧည့်သည် ။ ။ အကိုက ဦးယင်မှူး မလား
ကျွန်တော် .။ ။ ဦးယင်မှူး ဆိုတာတော့ အသံထွက်မှန်တယ် မမဘူးဗျ လွှတ်လွှတ်ချတာ
ဧည့်သည် ။ ။ ဟာဂျာ ဥလေးကလဲ ခလေးဆိုတာ ဘွေမယူရဘူး
ကျွန်တော် ။ ။ ဟုတ် မယူပါဘူး ကျွန်တော် ဘာမှလဲ မယူပါဘူး ( ကျွန်တော်လဲ လိုက်နောက်သည် )
ဧည့်သည် ။ ။ ဟဟ ဥလေးက ပျော်တတ်တယ် ဆိုးဘူးဗျ
ကျွန်တော် ။ ။ ဟုတ် တစ်ခါတစ်လေ ပေါ့ညီလေး
ဧည့်သည် ။ ။ Aဒင် ကို ခိုက်တယ် ဥလေး
ကျွန်တော် ။ ။ ဟုတ် ကျွန်တော်လဲ ခိုက်တယ် မနက်ဖြန် အုန်းဆွဲကြရအောင်
ကျွန်တော် ။ ။ စကားမစပ် ညီးလေးက အသက်ဘယ်လောက်လဲ ပြောတာတော့ ပျော်တတ်ပုံပဲ
ဧည့်သည် ။ ။ ဥလေး မဖွနဲ့နော် ကောင်မလေးတွေတော့ အမှန်ပြောဘူးဂျ ဥလေးတို့က ဝက်ဆိုဒ် လူကြီးတွေမို့ပြောတာ
ကျွန်တော် ။ ။ ဟုတ် မဖွပါဘူး ဘလော့တင်ပေးမယ်
ဧည်ုသည် ။ ။ လုပ်ရဘူး နော်က 36 ပါ
ကျွန်တော် ။ ။ ဗျာ ဗျာ ဗျာ ………..
___________________________________________________________
ဧဒင်ဥယျာဉ် ချတ်ဘောက်
ထိုနေ့ညနေ ဧဒင်ဥယျာဉ်တွင် မကြိုစဖူး လူ 24 ယောက် ရှိသည်
ကျွန်တော် ဖလန်းဖလန်းထ ပြီး ဝင်ချတ်ရန် ဟန်ပြင်သည် …….
KOMYO. – Mingalar par
Gusee – hi hi
KOMYO – Hi par
Guess – D mhar chat yin bal laut pay ya lal ?
KOMYO – : Omm ah la kar chat lay ma pay par nae`
Guess – hote lar ah la kar chat lot ya lar
KOMYO – ah la kar tot ma ya buu pop dar pay mal d nay Birthday so tot chat par
Guess – kyay zuu naw kg ma lay tway myar gyi pae`
KOMYO – ya par tal 😀
Guess – naut mote foe lain toung lot ya p
KOMYO – hammm ………..:S
_________________________________________________________________
အလုပ်နှင့် ဧဒင်
ဒီနေ့ မှာထားသော အခွေများ ဆိုင်များသို့ပို့ရန် ပါကင်ထုတ်ပြီး ဘောက်ချာဖွင့်သည် ။
အခွေဖိုး RM 1320.00 ကို စာရင်းပတ်ပြီး ဘဏ်အကောင့်ရေးပေးရင်းဆိုင်းထိုးပြီး ကျွန်တော့်နာမည် ချရေးသည် ။
နောက် 3 ရက်တိုင်အောင် ငွေမဝင်လာသဖြင့် ဆိုင်ရှင်အား ဖုန်းဆက်ရသည် ။
ထိုသူပြောမှ ကျွန်တော် လက်ခံဖြတ်ပိုင်း ပြန်စစ်မိသည်
ဘဏ်အကောင့် အောက်တွင်ရေးထားသည်က
” ဧဒင်ဥယျာဉ် “
အကောင့်နှင့် နံပတ်မမှန်၍ ငွေ 3 ရက်ရောက်မလာသည် တစ်ကား ……………..
___________________________________________________________________
ခေါင်းလိမ်းဆီများ နှင့် ကျွန်တော်
ဒီ အဖြစ်က ဧဒင်ဟာသလွင်ပြင်မှာ ရေးထားခဲ့ပြီး အခု ပြန်လည် ဖောက်သည်ချလိုက်ပါတယ် ဗျာ …..
တစ်ခါတစ်လေ မှားတတ်တာကို ဟာသ လုပ်ရတာ လဲ အရသာတစ်ခု…….
ကျွန်တော် မှားတာ ပြောပြမယ် မရယ်ပါဘူးဆိုမှ ပြောမှာ ရလား ?
မရယ်ဘူးမဟုတ်လား
ဒီလို ဗျာ……………..
တစ်လောက ကျွန်တော် အလုပ်လုပ်ရင်း အရမ်းအိပ်ကလဲ ငိုက်
နုန်းချိချိလဲ ဖြစ်လို့ မျက်နှာသစ်မယ်ပေါ့ ရေချိုးခန်းထဲဝင်လိုက်တယ် ။
အဲ့ရောက်တိုင်းတွေးမိတာက လူရွှင်တော်တောက်တဲ့ မေးထားတဲ့ မေးခွန်းတွေ လေ ..
” ဥယျာဉ်မှူး က ဧဒင်ဥယျာဉ်ဆိုတဲ့ နာမည်ကို ရေချိုးရင်းက စဉ်းစား မိတာ ဘာမြင်လို့ ကျွန်တော်က ဧဒင်ဥယျာဉ်လို့ ပေးတာလဲပေါ့ “
တောက်တဲ့ တို့က အဲ့လို ကျွန်တော်က တော့ မသိပါဘူး သူဘယ်လို သိလဲ မပြောတတ်ဘူး ……
အဲ့တာလေး စဉ်းစားမိတော့ တစ်ယောက်တည်းရေချိုးတိုင်း ပြုံးရတာ က အမှတ်တရလို ဖြစ်နေတတ်တယ် ။
စကား များမိပြန်ပြီ ဒီလို ပါ
ရေချိုးခန်း ဘေစင်ရှေ့ရောက် မျက်နှာသစ်တော့ ဆပ်ပြာ နဲ့ သစ်တာပေါ့ ပြီးတော့ ဘေးနားက သဘက် လေး ဆွဲ မျက်နှာသုတ် ၊ အဲ့မှာ မျက်လုံး နဲနဲ ကြည်တယ်ခံစားမိလိုက်တယ် ။
အကျင့်က မျက်နှာသစ်ပြီး တိုင်း ကျွန်တော်က Cream တစ်ခုခု သုံးနေကျဆိုတော့
လန်းလန်းဆန်းဆန်း ဖြစ်အောင် Nevia For Man ပေါ့….
ယူတုန်းကတော့ မျက်နှာလိမ်း တဲ့ Cream ပါ လိမ်းရတာ နဲနဲ ဆေး ကပ်ကပ်ဖြစ်တယ်ဆိုတော့ မှေးနေတဲ့ မျက်လုံးနဲ့ ထိုင်းမှိုင်းနေတဲ့ စိတ်က ဆတ်ခနဲ ပြူးကျယ် ထွက်လာတော့တယ် … အလို ..
ကပ်ဆေးဆေး ဖြစ်တာပေါ့ဗျာ ကျွန်တော် မျက်နှာလိမ်းနေတာ Nevia မဟုတ်ဘူး ခေါင်းလိမ်းဆီ ခရင်မ်…. Follow Me Tube ကြီး ဖြစ်နေတော့တာ ကလား……
အဲ့တော့ မျက်နှာ 2 ခါ သစ်ရတာပေါ့ လှချင်တာဆိုတော့ ..
ဒါကို တောက်တဲ့မသိခင် လူစုံတုန်း အရင် ဖွတာ မဟုတ်ရင် ဧဒင်ကလူရွင်တော်တောက်တဲ့ သိလို့ကတော့ ကျွန်တော်ပြောပြတာထက်နဲနဲဆိုးနိုင်တယ်
ဒါကြောင့် ………
ဧဒင် ချစ်တဲ့ အဖွဲ့ဝင်များ အနေနဲ့ ကျွန်တော့်ကို ကူညီချင်တယ်ဆိုလျှင်ဖြင့်
Follow Me ကုမ္မဏီ ကို တစ်ဆိတ်ပြောပေးပါလား
ခေါင်းလိမ်းဆီ ကို ညှစ်ဘူးနဲ့ရောင်းရင် လဲ အဲ့ဘူးတွေ မျက်စိမကောင်းလျှင်ဖြင့်
မရောင်း ပါနဲ့လို့ပြောပေးပါဗျာ
လူကြီးတွေ ရှက်ရင် မကောင်းဘူး မဟုတ်လား ?
ကျွန်တော်က မျက်လုံးကောင်းပါတယ် ….
အမှန်က ခေါင်းလိမ်းဆီဘူးတွေ မျက်စိ မှုန်တာ …. 🙁
ဟဲဟဲ …
ဧဒင်ဥယျာဉ် မှာ အဖွဲ့သားများ အတွက် နှစ်သစ် အကြို ရယ်မောစရာများနဲ့ ကျွန်တော် စတင်ပေးခဲ့ပါတယ်
အဖွဲ့ဝင်အားလုံး ရည်ရွယ်ချက် ပြည့်စုံအောင်မြင်သော နှစ်သစ်တစ်နှစ် 2011 ဖြစ်ပါစေဟု
ဆန္ဒပြုလျှက်
KOMYO
ဥယျာဉ်မှူး
www.edinooyin.com