Skip to main content

Posts

Showing posts with the label Codes

sawsan WordPress Theme မပြောင်းခင် ပြုလုပ်သင့်သည့်အရာများ

WordPress ရဲ့ Theme ကို ပြောင်းလဲဖို့ဆိုတာ အလွန် လွအလုပ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Theme ကို activate လုပ်လိုက်ရုံလေးတင်ပါပဲ။ ဒါပေမယ့်လို့လည်း ကိုယ့်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ Theme ကို အခြား theme နဲ့ အစားမထိုးခင် တနည်းအားဖြင့် မပြောင်းလဲခင်မှာ အောက်ကအချက်တွေကို ပြုလုပ်ပေးသင့်ပါတယ်။ ၁။ လက်ရှိ Theme အတွက် မှတ်တမ်းပြုစုပေးပါ။ ကျွန်တော်တို့ အနေနဲ့ WP Theme ကို မပြောင်းခင်မှာ လက်ရှိ အသုံးပြုနေတဲ့ Theme နဲ့ ပတ်သက်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှတ်တမ်း ပြုစုပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ WordPress အသုံးပြုသူတွေဟာ သူတို့ရဲ့ WP Blog မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို Web ပေါ်မှာ ရှာဖွေလေ့ ရှိကြပါတယ်။ အဲဒီလို ရှာဖွေကြတဲ့အခါ ကိုယ်သုံးဖူးတဲ့ theme အကြောင်းကို ရှာဖွေနေတဲ့ WP users တွေအတွက် အထောက်အကူ ရရှိစေနိုင်ရန် လက်ရှိ theme ကို မှတ်တမ်းပြုပြီး Web ပေါ်မှာ တင်ထားသင့်ခြင်း ဖြစ်ပါတယ်။ အဲဒီလို မှတ်တမ်းပြုတဲ့အခါမှာလည်း theme ထဲမှာ မိမိ ထပ်မံ ထည့်သွင်းထားတဲ့ code တွေ အကြောင်း၊ ဘာဖြစ်လို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကိုပါ မှတ်တမ်းထဲ ထည့်သွင်း ရေးသားသင့်ပါတယ်။ ၂။ Widget-Ready Them

sawsan How to add next link & previous link for wordpress single post

wordpress single post မှာ next post link နဲ့ previous post link ကို ဖော်ပြပေးချင်တာနဲ့ အဲ့ဒီ function ပါပီးသား theme တစ်ခုဖြစ်တဲ့ zBench theme ထဲက single.php ဖိုင်ကို ဖတ်ကြည့်ဖြစ်တယ်.. ကျနော်လိုချင်တဲ့ function အတွက် ရေးထားတဲ့ php code ကိုတွေ့ပါတယ်.. ဒီလိုလေး ရေးထားပါတယ်.. <div id="nav-below"> <div><?php previous_post_link( '%link', '<span>&larr;</span> %title' ); ?></div> <div><?php next_post_link( '%link', '%title <span>&rarr;</span>' ); ?></div> </div> ဒီ php code လေးကို ကျနော်တို့ရဲ့ wordpress theme ထဲက single.php ထဲမှာထည့်ပေးရမှာပါ။ single.php ထဲက ဘယ်နေရာလဲဆိုတော့ post entry တစ်ခုရဲ့ အဆုံးနားလေးမှာ ထည့်ပေးရမှာ။ ကျနော် ပုံလေးနဲ့ ပြပေးမယ်.. ဒီလိုဗျာ.. ပုံမှာ အနီရောင်နဲ့ပြထားတာက အရင်ရှိပီးသား post entry အတွက်ရေးထားတဲ့ php code အပြာရောင်နဲ့ပြထားတာက အခု ကျနော်တို့ ထပ်ဖြည့်လိုက်တဲ့ php code ဒါဆို ရှင်းမယ်ထင်ပါတယ်... အခု next & pre

sawsan How to add post entry content in search results

ဒီလိုဗျာ ကျနော်တို့ wordpress theme တွေမှာ search ကနေ တစ်ခုခုကို ရှာလိုက်ရင် တစ်ချို့ theme တွေမှာ post title အနေနဲ့ပဲ ဖော်ပြပေးတယ်။ post entry အပြည့်အစုံနဲ့ မဖော်ပြပါဘူး။ အဲ့လို post entry အပြည့်အစုံဖော်ပြပေးဖို့ဆိုရင် search.php ထဲမှာ php code လေးတွေ နည်းနည်းရေးပေးရမယ်.. search.php ထဲမှာ <?php if ( have_posts() ) : ?> ဒီ php code လေးကို ရှာပြီး အဲ့ဒီ code အောက်မှာ

sawsan How to add random post for wordpress

မနေ့က zBench theme ထဲက php file တွေကို ဖတ်ကြည့်ရင်း. single post တွေရဲ့ အောက်နားမှာ random post လေးတွေထည့်သုံးထားတာသွားတွေ့တယ်။ ဒါနဲ့ ကျနော်လည်း ကျနော့ theme ရဲ့ single post တွေမှာ random post ကိုထည့်သုံးချင်တာနဲ့ random post အတွက်ရေးထားတဲ့ php code လေးတွေကို ဆွဲထုတ်လိုက်တယ်။ ဒီလိုလေး ရေးထားတာဗျ။ <h3><?php _e('Random Posts', ''); ?></h3> <ul><?php $rand_posts = get_posts('numberposts=5&orderby=rand'); foreach( $rand_posts as $post ) :?> <li><a href="<?php the_permalink(); ?>"><?php the_title(); ?></a></li> <?php endforeach; ?> </ul>

sawsan Html Map

ကျနော်ဆိုဒ်မှာ သုံးထားတဲ့ html map နဲ့ ပါတ်သက်လို့ ကျနော့ကို pm ကနေမေးထားတာ ၂ ယောက်လောက်တော့ရှိတယ်။ အခုတော့ အဲ့ဒါသုံးပုံလေးကို ရေးပေးလိုက်ပါပီ။ <usemap="#Follow" border="0" height="16" width="95"><map name="Follow" id="Follow"><area shape="rect" coords="0,0,16,16" href="http://feeds.sawsan.com/rss" target="_blank"> ဒီ ပထမဆုံးပုံအတွက် coords သက်မှတ်ပုံက ၁။ ပုံရဲ့ ဘယ်ဘက်ကနေ စပြီး mouse area ဘယ်လောက်ချန်မလဲလို့ ဆိုလိုတာ အစဦးဆုံးပုံရဲ့ ဘယ်ဘက်အစဖြစ်တဲ့အတွက် 0 က စလိုက်ပါတယ်၊ ၂။ ပုံရဲ့ အပေါ်ကနေ စပြီး mouse area ဘယ်လောက်ချန်မလဲလို့ ဆိုလိုတာ ပုံရဲ့ အပေါ်ပိုင်းမှာ ချန်သလောက် area ကို mouse ထောက်လို့ မရပါဘူး၊ ဒါကြောင့် top က ပုံတိုင်းမှာ 0 ပဲထားလိုက်ပါတယ်၊ ဒီနေရာမှာ ပုံတည်ဆောက်ပုံအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ပုံရဲ့ အပေါ်ပိုင်းမှာ ပုံအသားကနေ နေရာလွတ်ချန်ထားခဲ့မယ်ဆိုရင် ပုံအသားပေါ် ရောက်မှ မောက် arrow ပေါ်စေချင်တာဆိုရင် ဒီနေရာမှာ area ကို ပုံဖန်တီးစဉ်က အပေါ်ပိုင်းမှာ ချန်ခဲ့

sawsan Dock style footer navigation for wordpress

ဒီလိုဗျာ wordpress theme အတွက် header navigation ကို ပြင်ရေးပီးတော့ footer navigation ကို ပြင်ရေးဖို့ စဉ်းစားတော့ သုံးထားတဲ့ theme က header nav လို footer မှာ navigation style က မပါဘူး သာမန် link ညွှန်းထားတာလေးပဲပါတယ်။ ပြင်မယ်ဆိုရင် style.css မှာ footer အတွက် ရေးရဦးမယ်၊ ပြီးတော့ footer.php မှာ ထပ်ရေးရမှာ.. footer မှာသုံးချင်တာကတော့ link တို့ page တို့ကို ချိတ်ဆက်ညွှန်းဆိုဖို့ပါပဲ။ ရိုးရိုးရှင်းရှင်း link ချိတ်ဆက်တဲ့ ပုံစံရေးလိုက်ရင်တော့ ရတယ်၊ ဒါပေသိ footer မှာ ဒီဇိုင်းဆန်းဆန်းသုံးချင်တော့ စဉ်းစားလိုက်တာ၊ ကျနော့ ကွန်ပျုတာမှာ သုံးနေတဲ့ object dock ရဲ့ style ကို webpage ထဲမှာ သုံးချင်စိတ်ပေါ်လာတယ်၊ တွေ့ချင်တော့ ကျနော်သုံးနေတဲ့ hosting ထဲက cpanel ထဲမှာ သုံးထားတာတွေ့ရတယ်။ ဒါနဲ့ source ကနေ coding ဖတ်ကြည့်ပီး ကျနော့ဆိုဒ်အပိုတစ်ခုမှာ စမ်းကြည့်တာ အဆင်ပြေသွားတယ်။ အရင်ဆုံး dock style နဲ့ footer မှာ လုပ်ထားတဲ့ ပုံစံလေးကို ကြည့်မယ်ဆိုရင် http://url6.org/iqb မှာ ကြည့်နိုင်ပါတယ်၊ freehostingcloud ရဲ့ cpanel ထဲမှာ လုပ်ထားတဲ့ပုံစံကိုကြည့်ပီး code တွေကို ဖတ်ကြည့်ရင်း dock style အတွက် သုံးထားတဲ့ code

sawsan Mouse Hover

Mouse Hover ဆိုတာ သိပ်အထူးအဆန်းကြီးတော့ မဟုတ်တော့ပါဘူး၊ တော်တော်များများမြင်ဖူးပီးသား၊ ရင်းနှီးပီးသား mouse effect တစ်ခုပါ။ အခုလည်း ကျနော်က ကျနော်မြင်တွေ့ဖူးထားတာလေးတွေရယ်၊ ကိုယ့်စိတ်ကူးနဲ့ကိုယ်တွေးပီးရေးထားတဲ့ mouse hover code လေးတွေအကြောင်းပြောပြချင်ပါတယ်။ ပထမဆုံး .. Text shadow mouse hover ဒါက mouse ထောက်လိုက်တဲ့အချိန်မှာ text shadow ပေါ်လာတဲ့ပုံစံပါ။ဒီလိုပုံစံလေးပါ။ အောက်က code လေးကို run ကြည့်လိုက်ပါ။ <html> <head> <style> h2 a {color:#000; } h2 a:hover {text-shadow:#1f01fd 2px 2px 2px;} </style> </head> <body> <h2><a href="http:// something link " target="_blank">This is Title </a></h2> </body> </html> အခုပေးတဲ့ code တွေကို notepad ထဲမှာ ထည့်ပြီး filename.html ဆိုပြီး html format နဲ့ save ပြီး run ကြည့်ပါ။ text shadow အတွက် text-shadow:#အရောင် x, y, bluer ဆိုပြီးသုံးပေးရတာပါ။ Simple border mouse hover ဒါကတော့ mouse ထောက်လိုက်တဲ့အချိန်မှာ ရိုးရှင်းတဲ့ boder frame လေးတစ်ခုပေါ်တာတဲ့ပုံစံပါ။ ဒ

sawsan Wordpress page navigation plugins

wordpress အတွက် page navigation သုံးဖို့လိုအပ်တာနဲ့ ဒီ plugin လေးကို သုံးဖြစ်တယ်။ plugin ကို install လုပ်ပြီးတွေ့ရတဲ့ ပုံစံက ဒီလို.. ဒါနဲ့မကြိုက်သေးပါဘူး.. ကိုယ်ပါနဲ့ကို စိတ်ကြိုက်ပြင်ရေးပြီးသုံးမယ်ဆိုပြီးရေးလိုက်တော့ ဒီလို .. ဟ.. လန်းသွားပီ(ကိုယ်ပါနဲ့ကိုပြောတာ :)) သိပ်တော့ မပြင်လိုက်ရပါဘူး။ pagenavi-css.css ထဲမှာ colour လေးတွေ၊ padding၊ a:hover ဒီလောက်ပါပဲ၊ အဓိကထည့်သုံးလိုက်တာက CSS3 မှာ အသစ်ပါလာတဲ့ border-radius ကိုပါ။ http://wordpress.org/extend/plugins/wp-pagenavi ဒီ wp-pagenavi plugins ကိုသုံးလိုက်တယ်.. အဲ့ဒါမသုံးခင်.. theme folder ထဲမှာ .. notepad နဲ့ pagenavi-css.css ဆိုတဲ့ css ဖိုင်တစ်ခု တည်ဆောက်ပြီး ကျနော် ပြင်ရေးထားတဲ့ ဒီ code တွေကိုထည့်ပေးလိုက်ပါ။

sawsan Studying CSS for wordpress theme style

ကျနော်သုံးနေတဲ့ wordpress theme style ကိုပြင်ရေးဖြစ်တယ်၊ theme ကိုပြင်မယ်ဆိုတော့ css ကိုဖတ်ရတော့တယ်၊ theme ကို style.css ထဲမှာပဲ ပြင်ရေးတာပါ။ css ကို ဖတ်ရင်း အများဆုံးပြင်ရေးဖြစ်တဲ့နေရာလေးတွေကို မှတ်တမ်းလေးလုပ်ပြီးရေးထားပါတယ်။ ကျနော်ပြင်ရေးခဲ့တဲ့ theme နာမည်က SimpleBlog ပါ။ ကျနော်နဲ့ theme အမျိုးအစားမတူလို့ တခြား theme တွေဆိုရင်လည်း အခု ကျနော်ပြင်ရေးထားတဲ့နေရာလေးတွေကို ဖတ်ပြထားတာလေးကို ကြည့်ရင်လည်း css ကိုပြင်တဲ့အခါ အထောက်အကူပြုမယ်ထင်ပါတယ်။ အတူတူဖတ်ကြည့်ရအောင်.. body { background:#282828 url(images/bg.png);} (ဒါကတော့ ဆိုဒ်ရဲ့ backgrund colour နဲ့ background image ကိုဆိုလိုတာပါ၊ ကျနော်ကတော့ colour ကို 282828 မီးခိုးရောင်ရင့်ရင့်ကိုသုံးထားပါတယ်၊ backgorund image ကိုလည်းသုံးထားပါတယ်။) font-family: 'Masterpiece Uni Sans', Myanmar3,Yunghkio, Parabaik, Padauk, 'WinUni Innwa', 'Win Uni Innwa', 'MyMyanmar Unicode',Myanmar2 , (ဒါကတော့ font အမျိုးအစားအတွက် ရေးထားတာပါ) margin:0 auto; (ဒါက site တစ်ခုလုံးရဲ့ လေးအနားသက် margin ကိုဆိုလိုတာပါ။ 1,2 စသည်ဖြင့် ပြင်နိုင်ပါတ

sawsan Unicode To Zawgyi & Zawgyi To Unicode ပြောင်းဖတ်ဖို့

ဒီလိုဗျာ အခုနောက်ပိုင်း social network တစ်ချို့နဲ့ website တစ်ချို့မှာ font တွေကို unicode ပြောင်းသွားလို့ ကျနော်စာဖတ်ရတာအဆင်မပြေဖြစ်သွားသေးတယ်။ အခုတော့ အဆင်ပြေသွားပါပီ။ မနေ့က စာတွေရှာဖတ်ရင်းတွေ့လိုက်တာ။ Unicode to Zawgyi ပြောင်းဖို့ အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။ Name ကိုတော့ Unicode to Zawgyi လို့ပေးလိုက်ပါ။ Bookmark bar မှာ add ထားပါ။ javascript:(function(){var%20s=document.createElement('script');s.setAttribute('src','https://sawsan.googlecode.com/files/uni512zgone.js');document.getElementsByTagName('body')[0].appendChild(s);})(); Zawgyi To Unicode ပြောင်းဖို့က အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။Name ကိုတော့ Zawgyi To Unicode လို့ပေးလိုက်ပါ။ bookmark bar မှာ add ထားပါ။ javascript:(function(){var%20s=document.createElement('script');s.setAttribute('src','https://sawsan.googlecode.com/files/zgone2uni51.js');document.getElementsByTagN

sawsan Webpage ထဲမှာ Floating fly image ထည့်ခြင်း

ဒီလိုဗျာ webpage ထဲမှာ မိုးပျံပူပေါင်းလေးတွေပျံနေတဲ့ပုံစံလုပ်တဲ့ code လေးကိုကျနော်တွေ့ထားလို့ လုပ်ဆောင်ချက်က ကိုယ်ညွှန်းချင်တဲ့နေရာကို ညွှန်းပေးတဲ့ link ညွှန်းပေးဖို့အတွက်ပါ။ ဒါပေသိ ညွှန်းပုံဒီဇိုင်လေးဆန်းတယ် site ထဲမှာ မိုးပျံပူပေါင်းလေးတွေပျံနေတာ နမူတာကြည့်ချင်ရင် http://www.dynamicdrive.com/dynamicindex4/flyimage.htm ဒီ site မှာ ကြည့်ကြည့်ပေါ့။ ကျနော်လည်း အဲ့ နေရာကတွေ့တာပါ။ အဲ့မှာလည်း code ကိုပေးထားပါတယ်။ ဒါပေသိ code တွေကို နည်းနည်းပြင်ရပါသေးတယ်။ ကျနော်က ပြင်ပြီးသားလေးပေးမယ်။ အောက်က code ကို html အလုပ်လုပ်တဲ့နေရာမှာထည့်ပေးရမှာဗျ။

sawsan Mouse arrow လေးရောက်လာတဲ့အခါ ပေါ်လာမယ့် Message box

ဒီလိုဗျာ ကျနော် message box နဲ့ ပါတ်သတ်တဲ့ code တွေကို လိုက်ရှာရင်း စာလေးတစ်ခုပေါ် mouse arrow လေးတင်လိုက်တာနဲ့ ကိုယ်ပြောချင်တဲ့ message box လေးတစ်ခုပြောလို့ရအောင်လုပ်ထားတဲ့ code လေးကိုတွေ့လို့ ကျနော်တော့ အတော်သဘောကျသွားတယ်။ အဲ့ code လေးက.. <a onmouseover="alert('ပြောချင်တဲ့ message box စာသားလေးက');" href="javascript:void(&quot;&quot;)">ဖေါ်ပြထားချင်တဲ့ စာသားလေးတစ်ခုခုရေးပါ</a> နမူနာ ဒီ code လေးကို text box တစ်ခုခုမှာ ထည့်သုံးရင်ရပါတယ်ခင်ဗျာ။ source : www.sawsan23.com

sawsan Link ထဲမှာ message box လေးတစ်ခုမြုတ်ထားနည်း

ဒီလိုဗျာ ကျနော်တို့ တစ်နေရာကနေတစ်နေရာကို သွားစေချင်လို့ link လေးတွေညွှန်းကြတယ်။ Download လုပ်ဖို့ Link လေးတွေ ညွှန်းပေးကြတယ်။ အဲ့ဒီ ညွှန်းပေးတဲ့ link ကလေးနှိပ်တဲ့အခါမှာ အဲ့ဒီ link လေးထဲမှာ ကိုယ်ပြောချင်တဲ့ message box လေးမြုတ်ထားဖို့ပါ။ သေချာရှင်းသွားအောင် အောက်က Click Me ဆိုတဲ့နေရာမှာ နှိပ်ကြည့်ပါ။ Click Me အဲ့လိုလုပ်ဖို့က ဒီ code လေးကိုသုံးပါတယ် <a onclick="alert(' ကိုယ်ပြောချင်တာလေး ရေးပါ ')" href="http://www.Your Link.com" target="_blank">Click Me</a> Your Link ဆိုတဲ့နေရာမှာ ကိုယ်ရောက်စေချင်တဲ့ link ကိုရေးပေးပါ။ Ref: http://www.sislands.com/jscript/week1/alert.htm#top source : www.sawsan23.com

sawsan Webpage ထဲမှာ Back to Top ထည့်နည်း

ဒီလိုဗျာ ကျနော်တို့ အသုံးပြုနေတဲ့ webpage ရဲ့ စာမျက်နာက အကြောင်းအရာတွေများလာတဲ့အခါ အောက်ဖက်ကို အတော်ရောက်သွားပါတယ်။ စာဖတ်သူအနေနဲ့ scroll bar ကို အသုံးပြုပြီးအောက်ကိုရွှေ့ရွှေ့ပြီးစာဖတ်ရပေမယ့် အပေါ်ကိုပြန်တက်ချင်တဲ့အခါ scroll bar or mouse wheel ကိုအသုံးပြုစရာမလိုပဲ back top top image လေးကို နှိပ်လိုက်တာနဲ့ အပေါ်ကိုအမြန်ရောက်သွားအောင် တစ်ချို့ ထည့်ပေးထားကျပါတယ်။ webpage ထဲမှာ back to top image ထည့်တဲ့ code ကိုအောက်မှာပေးထားပါတယ်။ <a style="display: scroll; xg-p: fixed; bottom: 5px; right: 5px;" href="#" title="Back to Top"><img src="Back to Top image link ထည့်ရမယ့်နေရာ" /></a> ဒီ code ကို webpage ရဲ့ text box တစ်ခုခုမှာထည့်ရင် ရပါတယ်။ source : www.sawsan23.com

sawsan how to protect your blog

Protect Web Site Data Content from Thieves with Disable select-text script & Disable right click script ဒီလိုပါ ကျနော်တို့ အချိန်ပေးပြီး စာဖတ်၊ လေ့လာစမ်းသပ်ပြီး မျှဝေထားတဲ့ ကောင်းနိုးရာရာ Blog လေးတွေကို ကိုယ်ကိုတိုင် အစွမ်းအစမရှိဘဲ(ရှိအောင်လည်း မကြိုးစားဘဲ) သူများရေးထားတဲ့ Blog တွေကို (မျှဝေချင်တာပါဆိုတဲ့ ဆင်ခြေစကားနဲ့) မူရင်းရေးသားသူကို Credit (ရေးသားသူကိုဖော်ပြခြင်း လေးအသိမှတ်ပြုခြင်း)လည်းမပေး၊ စာကိုလည်း တန်ဘိုးမထား ။ ဖြစ်သလို ကြုံသလို (ပုံနဲ့တွဲပေးတဲ့ Blog မှာ ပုံမပါ၊ Code နဲ့တွဲပေးတဲ့ Blog မှာ Code မပါ) ကိုယ်ရေးထားသလို ဘာလိုလိုနဲ့ (ရှက်ရကောင်းမှန်းလည်း မသိ) အလွယ်တကူ ယူယူသုံးတဲ့ Blog ကို တန်ဖိုးမထားတဲ့သူတွေကို ကာကွယ်ဖို့ နည်းလမ်းကို ပြောမလို့ပါ။ <SCRIPT TYPE="text/javascript"> <!-- //Disable select-text script (IE4+, NS6+) //visit http://www.rainbow.arch.scriptmania.com/scripts/ /////////////////////////////////// function disableselect(e){ return false } function reEnable(){ return true } //if IE4+ document.onselectstart=new Function ("retur

sawsan Create a Google Talk chatback badge

ဒီလိုဗျာ ကျနော်တို့ ပိုင်ဆိုင်တဲ့ webpage တစ်ခုကို Visitor တွေ လာလည်တဲ့အခါ ကျနော်တို့ online မှာ ရှိတယ်၊ မရှိဘူးဆိုတာကို ဖေါ်ပြပေးတဲ့ google ရဲ့ service တစ်ခုပါ။ ပုံလေးနဲ့ပြမယ် ရှင်းသွားအောင်..   အခု ပေါ်က ပုံမျိုးလေးပေါ်နေတာကို ကျနော် website ကိုလာလည်တဲ့ သူငယ်ချင်းတွေက တွေ့ရတော့ ကျနော် online မှာ ရှိနေတာကို သိပြီး။ Chat with sawsan ဆိုတဲ့ စာပေါ်နှိပ်ပြီး တိုက်ရိုက်ချက်နိုင်သလို အောက်မှာ ပေးထားတဲ့ address ကနေလည်းချက်ခြင်း ဆက်သွယ်လို့ရနိုင်တယ်လေ.. အဲ့ဒါမျိုးလေးလုပ်ဖို့က... http://www.google.com/talk/service/badge/New ဒီ link ကိုသွားပြီး (G-mail မှာ sigin ဝင်မထားရသေးဘူးဆိုရင်) gmail account နဲ့ Sigin ဝင်ပါ sigin ဝင်ပြီးလို့ ရောက်သွားမယ့် page ရဲ့ အောက်နားမှာ...

sawsan ကိုယ်ပိုင်နေရာတစ်ခုရဲ့ Search Engine ဆိုတာ

ဒီလိုဗျာ ကျနော်တို့ပိုင်ဆိုင်တဲ့ webpage တစ်ခု site တစ်ခု ရှိမယ်ဟုတ်? အဲ့မှာ ကိုယ်ရေးထားတဲ့ စာတွေ၊ ကိုယ်တင်ထားတဲ့ blog တွေရှိမှာပေါ့။ အဲ့ဒီ ကိုယ်နေရာ၊ site လေး တစ်ခုအတွက် သီးသန့် search engine တစ်ခု လုပ်ကြည့်ချင်ရင်လေ.. http://www.google.com/cse/manage/create အပေါ်က link ကိုသွားလိုက်ရင် ဖြည့်ရမယ့် box လေး ၃ ခုရှိမယ်။ ၃ ခုလုံးမှာ ကိုယ့် site နေရာရဲ့ address ကိုသာထည့်ပေးလိုက် ဒါက ကျနော်အပျင်းကျပြီးပြောတာပါ။ ကိုယ့် site , ကိုယ့် page နေရာရဲ့ address ကို Sites to search: နေရာမှာပဲ သေချာထည့်ရမှာပါ။ ပြီးရင်... Terms of Service. ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေးထည့်ပြီး Next ကိုနှိပ်ပါ။ အခုရောက်သွားတဲ့နေရာမှာ ကြိုက်တဲ့ search engine အရောင်ရွေှး ပြီးရင် Next ..

sawsan Webpage တွေကနေ ကြိုဆိုနည်း၊ နှုတ်ဆတ်နည်းပါ

ဒီလိုဗျာ ဟိုတစ်ခါ ကျနော် webpage တွေကနေ ကြိုဆိုတဲ့ message box လေးထားခဲ့တဲ့နည်းကို www.edinooyin.com/profiles/blogs/message-box ရေးခဲ့ဖူးတယ်။ အဲ့ဒါက webpage ဖွင့်ဖွင့်ခြင်းမှာ လာလည်တဲ့သူကို နှုတ်ခွန်းဆက်ကြိုဆိုတဲ့ စာလေးရေးပြီးထားတာ။ အခုရေးမှာက webpage ကနေ နှုတ်ဆက်နည်း ဒီလိုပါ ဟိုတစ်ခါရေးတဲ့ blog က webpage ကိုဖွင့်လိုက်တဲ့အခါမှာ message box လေးကျလာပြီး ကြိုဆိုတဲ့စကားဆိုမယ်ပေါ့။ အခုက webpage ကိုပိတ်လိုက်တဲ့အခါ နှုတ်ဆက်စကားဆိုဖို့ပါ။

sawsan Blog ထဲမှာ code တွေပေါ်ဖို့ရာ

ဧဒင်မှာ နည်းပညာနဲ့ ပါတ်သက်တဲ့ blog တွေ၊ software တွေ တင်ပေးကြ မျှဝေကြတာတွေ့ရတယ်။ ဒါပေမယ့် code တွေနဲ့ ပါတ်သက်လို့ မျှဝေပေးတာ မတွေ့မိသလိုပဲ။ ကျနော်က လွဲလို့ပေါ့ ;) ဧဒင်မှာ ကွန်ပျုတာ ကျောင်းသားတွေ၊ ကိုယ်ပိုင် domain ရှိသူတွေ၊ Subdomain, Social network တွေကို တည်ဆောက်အသုံးပြုနေသူတွေ ရှိမှာပဲ။ သူတို့တွေက HTML, Java, CSS, PHP, XML (ကျနော်ကြားဖူးတာလေးတွေ ပြောကြည့်တာ ;) ) စတဲ့ language တွေကို ရင်းနှီးပြီးသား ဖြစ်လိမ့်မယ်။ အဲ့ဒီ code တွေနဲ့ ပါတ်သတ်လို့ သူတို့ သိထားတာလေးတွေ၊ ရှာတွေ့ထားတာလေးတွေ၊ လက်ရှိ အသုံးပြုနေတဲ့ code လေးတွေ ရှိရင် ရှိမယ်။ အဲ့ code တွေကို မျှဝေပေးချင်တဲ့အခါ blog ထဲမှာ ပုံမှန်အတိုင်း ထည့်ပေးလို့ code တွေမပေါ်ဘူးဆိုရင် ပထမဆုံး ကိုယ်ပေးချင်တဲ့ code ကို Download (file size = 16kb) >> http://sawsan.googlecode.com/files/Code_Encoder.zip ဒါလေးကိုသုံးပီး encode လုပ်၊ encode လုပ်ပြီးလို့ ရလာတဲ့ code ကို ဒီလိုလုပ်.. <div class="code"> ဒီမှာ encode လုပ်ထားတဲ့ code ကိုထည့် </div>

sawsan click တစ်ချက်မှာ link ၂ ခုပွင့်ဖို့ရာ

ဒီလိုဗျာ.. ကျနော်တို့ webpage တွေထဲမှာ သိစေချင်တဲ့နေရာလေးတွေကို link လေးတွေလုပ်ပြီး ဖေါ်ပြပေးတယ်။ အဲ့ဒီ link ပေါ်နှိပ်လိုက်တာနဲ့ သိစေချင်တဲ့ နေရာ ရောက်စေချင်တဲ့ link ကို အလွယ်တကူရောက်သွားတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ ပုံမှန် link ပေးရင် ဒီလိုရေးတယ်.. <a href="www.sawsan23.com" target="_blank">www.sawsan23.com</a> အဲ့ code ကိုကြည့်ပြီး မနေ့က ကျနော် ဒီလိုစဉ်းစားမိတယ် click ၁ ချက်နှိပ်လိုက်လို့ link တစ်ခုကိုရောက်သွားတယ်။ ဟုတ်? click တစ်ချက်မှာ link ၂ ခုကော ပွင့်အောင်လုပ်လို့မရနိုင်ဘူးလား?? ကျနော် ဒီလိုလေး နဲနဲပြင်ရေးလိုက်တယ်။ <a href="www.sawsan23.com" target="_blank" onclick="window.open('www.edinooyin.com','newwin');">my two site</a> click တစ်ချက်မှာ မတူညီတဲ့ link ၂ ခုပွင့်စေဖို့ အဆင်ပြေသွားတယ်။