Skip to main content

Posts

Showing posts with the label Computer

sawsan Windows 10 Driver Backup and Restore

ဒီ cmd နဲ့ Driver တွေကို export ထုတ် dism /online /export-driver /destination:"driverbackup location path" (eg: "c:\user\desktop\driverbackup") backup ယူတာပီးသွားရင် windows တစ်ခုလုံးက Driver အကုန် folder name တွေနဲ့တွေ့ရမယ်။ Mobile Service အတွက်ဆိုရင် သက်ဆိုင်ရာ Driver Folder တွေကို ခွဲထုတ်။ Folder တွေထဲက ဖိုင်တွေကို file format နဲ့ ရိုက်ရှာပီး အကုန် အပြင်ထုတ်။ restore မယ့် Computer မှာ Disable Driver Signature လုပ်ထား ပီးရင် ဒီ cmd နဲ့ restore လုပ် pnputil /adddriver driverbackup location path\*inf /install (eg:c:\user\desktop\driverbackup\*.inf /install) အာ့ဆို သူ့ဘာသူ restore လုပ်သွားမယ်။ တစ်ချို့ Driver တွေမှာတော့ install လုပ်မလားဆိုပီး permission request မေးလိမ့်မယ်။ Computer အသစ်တစ်လုံးကို Mobile Service လုပ် ဖို့ အကူအညီတောင်းတာနဲ့ လုပ်ရမှာ ပျင်းလို့ အလွယ်နည်း လုပ်လိုက်တာ 😁 နောက်ပိုင်း ကိုယ့် Computer ဖြစ်ဖြစ် သင်တန်းသား Computer ဖြစ်ဖြစ် လိုတဲ့အခါ အဆင်ပြေသွားပီ။ 😁

sawsan Format Recovery Memory Stick

ဒီတစ်ခါတော့ memory sitck တွေမှာ format ရိုက်ဖို့တောင်းတဲ့ အခါ memory stick ထဲက data တွေကို backup လုပ်တဲ့ software လေးကို ပေးပါမယ်။ drive ကို format ရိုက်သလိုပဲ memory stick မှာလည်း format ရိုက်ရမှာပါ။ ဒါပေသိ format မရိုက်ခင် data တွေကို အရယူတဲ့နည်းပေါ့..ဒီမှာကြည့်ပါ.. how to fix error "You need to format the disk in drive" ဒီ software လေးကိုသုံးတာပါ။ key ပါမှ သုံးရတာမို့ key ပါတဲ့ pro ကိုပဲ တင်ပေးလိုက်ပါတယ်.. Download (filesize=1.65MB) >> http://adf.ly/TXCin

sawsan RAW file system recovery

တလောက ကျနော် ရန်ကုန်ကအသိတစ်ယောက်ရဲ့ ရုံးက ကွန်ပျုတာ drive: D မှာ err တတ်နေလို့ လာကြည့်ပေးပါဦးဆိုလို့ သွားကြည့်ဖြစ်တယ်.. ဖြစ်နေတာက Drive: D က open လုပ်လိုက်ရင် format ရိုက်မှာလားဆိုပီးပဲ မေးမေးနေတော့တာ format ရိုက်ဖို့ လိုအပ်နေတယ်ပေါ့ Harddisk err နေမယ်ဆိုပီး chkdsk မောင်းဖို့ လုပ်တော့ checkdisk လည်းမောင်းမရဘူး Drive: D ရဲ့ file system က NTFS မဟုတ်တော့ဘူး RAW ဖြစ်နေပီ။ အဲ့တော့ format ကတော့ ရိုက်ရတော့မယ် ရိုက်မှ ပြန်ကောင်းတော့မယ်.. ဒါနဲ့ format မရိုက်ခင် data တွေကို recovery လုပ်ဖို့ sorftware လေးတစ်ခုသုံးလိုက်တယ် အဲ့ဒါကတော့ ReclaiMe Ultimate ဆိုတဲ့ software လေးပါပဲ။ ဒီ software လေးက မူရင်းဆိုဒ်မှာရောင်းနေတုန်းပါပဲ ၀ယ်သုံးမှပဲ recovery ပြန်လုပ်လို့ရမှာပါ။ ဒါပေသိ ဆိုဒ်တစ်ခုမှာ crack နဲ့ တင်ပေးထားတာကိုတွေ့တာနဲ့ ကျနော်လည်း အဆင်ပြေသွားပါတယ်။ အခု အဲ့ဒါလေးကိုပဲ ကျနော်ပြန်တင်ပေးလိုက်ပါတယ်။ Download (filesize=1.01MB)(pw=sawsan) >> http://adf.ly/TX4da source : www.sawsan.pe.hu

sawsan how to convert image to text

“ how to convert image to text ” အဲ့လို google မှာ ရိုက်ကြည့်ရာက image ဖြစ်နေတဲ့ စာတွေကို text စာသားအဖြစ် ပြောင်းနိုင်တာလေးကိုတွေ့လိုက်တယ်။ image format တွေကတော့ PDF, JPG, GIF, TIFF or BMP တို့ဖြစ်ပြီး သက်မှတ်ထားတဲ့ ဖိုင်ဆိုဒ်ကတော့ Max. filesize: 2MB ! ဖြစ်ပါတယ်။

sawsan Windows system ရဲ့ services တွေအကြောင်းလေ့လာခြင်း(၂)

ပထမ window system ရဲ့ services တွေအကြောင်းလေ့လာခြင်း ကိုရေးပြီးတော့ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ တစ်ချို့ လက်တွေ့ အသုံးချလုပ်ဆောင်ဖို့ ခက်နေတာတွေ့ရတယ်။ အဲ့တုန်းကလည်း services တစ်ခုခြင်းစီကို ဘာသာပြန်၊ ကိုယ့်အတွေ့အကြုံနဲ့ပေါင်းရေးလိုက်တာ၊ နည်းနည်း စာဆန်တယ်လို့ပြောတယ်။ အဲ့တုန်းက တကယ် အလုပ်လုပ်နေတဲ့ services ပေါင်း ၄၀ ကျော်ရဲ့ အကြောင်းကိုပဲ ရေးလိုက်တာ၊ အဲ့ဒီ services တစ်ခုခြင်းစီရဲ့ အဓိပ္ပါယ်တွေလည်း သိပြီးဆိုတော့၊ ကိုယ်ကွန်ပျုတာမှာရှိတဲ့ services တွေကို လက်တွေ့အသုံးချထားပုံကို ရေးတော့မယ်။ ရေးမယ်ဆိုတာထက် ပုံလေးတွေနဲ့ ပြပေးမယ်။ ပထမဆုံး ကွန်ပျုတာရဲ့ services တွေကို ဖွင့်ပါ။

sawsan ကွန်ပျုတာ မ hang ခင်သိထားသင့်သည့် အချက် ၇ ချက်

ကွန်ပျုတာ မ hang ခင်သိထားသင့်တဲ့ အချက်တွေဖြစ်ပြီး ပုံမှန်ဂရုစိုက်ပြီး လုပ်စေချင်တာပါ။ ဒါပေသိ မလုပ်ဖြစ်လို့ ကွန်ပျုတာ hang နေပီဆိုမှ လုပ်ချင်တယ်ဆိုရင်လည်း ကွန်ပျုတာကို ပြန်လည်သွတ်လပ်စေဖို့ လုပ်ဆောင်ရမည့် အချက်တွေပဲဖြစ်ပါတယ်။ ၁။ run box မှာ msconfig လို့ရိုက်ပြီး startup tab မှ item တွေ အားလုံးကို disable all လုပ်ပြီး ctfmon ဆိုတဲ့ item တစ်ခုကိုပဲ check ပြန်လုပ်ပြီး ok နှိပ်ပါ။ restart ချမှာလား မေးရင် exist without restart ကိုနှိပ်ပြီး restart နောက်မှ လုပ်မယ်ပြောလိုက်ပါ။ ၂။ run box မှာ services.msc လို့ရိုက်ပြီး ကိုယ့်ကွန်ပျုတာမှာ အသုံးမပြုဖြစ်တဲ့ services တွေ၊ အသုံးပြုမှု အလွန်နည်းတဲ့ services တွေကို disable လုပ်ထားပါ။ ၃။ My computer အတွင်းရှိ data ထည့်သုံးထားသော Drive များကို Disk Clean up & Defragment ကို တစ်ပါတ် တစ်ခါဖြစ်ဖြစ် အားလပ်ချိန်များတွင် ပြုလုပ်ပေးပါ။ hardware ပိုင်းမှာလည်း တစ်လတစ်ခါဖြစ်စေ ဖုန်တွေကို မှုတ်ထုတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ ၄။ ကွန်ပျုတာတွင် virus ရှိမနေအောင် ဂရိုတစိုက် စောင့်ရှောက်ပါ။ ရှိ/မရှိ ကြည့်ကြည့်ပေးပါ။ Antivirus တစ်ခုခုကို ပုံမှန် update လုပ်ပေးပြီး

sawsan စာလုံးလေးတစ်ခုခုရဲ့ အတွင်းနေရာမှာ ကိုယ့်ပုံကို ပြောင်းထည့်ခြင်း

ဒီလိုဗျာ စကားလုံးလေးတစ်ခုခုထဲမှာ အဲ့ဒီ စာလုံးရဲ့ အရောင်နေရာမှာ ကိုယ့်နှစ်သက်ရာ ပုံကို အစားထိုးဖို့ ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောမလို့ပါ။ သိပ်မရှင်းဘူးထင်တယ် ကျနော်လုပ်ထားတဲ့ ပုံလေးကိုကြည့်ကြည့်နော်.. အဲ့လိုလေးဗျာ စာလုံးလေးတစ်ခုပေါ့ အဲ့ထဲမှာ ကိုယ့်ပုံကို ထည့်သုံးချင်တယ်ဆိုရင်လေ

sawsan Hard Disk ရဲ့ Drive တွေကို partition ပိုင်းခြင်း for Window 7

ဒီလိုဗျာ ကျနော်တို့ ကွန်ပျုတာမှာ harddisk မှာ data တွေ သိမ်းဖို့ အများအားဖြင့် Local disc (C) နဲ့ Loack disc (D) ဆိုပြီး ရှိတက်တယ်။ တစ်ချို့ ကွန်ပျုတာတွေကျလည်း Drive (C) တစ်ခုတည်းပဲ ရှိတက်တယ်။ အဲ့လို ့harddisk ထဲမှာ data တွေသိမ်းတဲ့နေရာမှာ ပုံမှန်သတ်မှတ်ထားတဲ့ drive ၁ ခု ၂ ခု ထပ်ပိုပြီး ကိုယ်ပါနဲ့ကိုယ် လိုသလောက် drive တွေကို partition ပိုင်းပြီး ထပ်လုပ်ဖို့ပါ။ ကိုယ့် harddisk က GB အရမ်းသေးရင်တော့ partition မပိုင်းသင့်ပါဘူး။ partition ပိုင်းတယ်ဆိုတာ harddisk ရဲ့ data သိမ်းနိုင်တဲ့ GB အတန်အသင့် ရှိတဲ့သူတွေအတွက်ပဲ သင့်လျော်ပါတယ်။ ကိုယ့် ကွန်ပျုတာရဲ့ harddisk က 160GB လောက်အထိက Drive ၃ ခုလောက်ပိုင်းထားချင်တယ်ဆိုရင် သင့်လျော်ပါသေးတယ်။ အဲ့ဒီအောက်ရှိတယ် GB ကတော့ Drive ၂ ခုလောက်ပဲကောင်းပါတယ်။ partition ၃ ၊ ၄ ခုပိုင်းလည်း သိပ်မထူးတော့ပါဘူး ကျနော်ကတော့ မကြိုက်ဘူး။ အခု ကျနော့ harddisk က 250GB ပါ။ GB အများကြီး မဟုတ်ပေမယ့် အတန်အသင့်ရှိတဲ့အတွက် အရင်ရှိနှင့်ပြီးသား Drive ၂ ခုကနေ ၃ ခု ထပ်ပိုင်းဖို့ အခုလိုလုပ်လိုက်ပါတယ်။ ပထမဆုံး run box မှာ diskmgmt လို့ရိုက်ပြီး Disk Management program ကိုဖွင့်လိုက်ပါတ

sawsan Photo တွေကို animation ပြုလုပ်ခြင်း

ဒီလိုဗျာ ကျနော်တို့မှာရှိတဲ့ photo လေးတွေကို ဖိုင်တစ်ဖိုင်ထဲအဖြစ်ပေါင်းပြီး တစ်ပုံပြီး တစ်ပုံ animation effect တွေနဲ့ slide show လေးလုပ်ပြီး ပြလို့ရအောင်လုပ်ဖို့ပါ။ ကျနော်အခု ပြောပြမှာက Adobe ImageReady ဆိုတဲ့ software ကိုသုံးပြီး ပုံများကို admiation ပြုလုပ်နည်းပါ။ ပထမဆုံး animation လုပ်ချင်တဲ့ ပုံလေးတွေကို ရှာလိုက်ပါ။ အခုမှ စလုပ်ကြည့်မှာဆိုရင်တော့ ပုံတွေအများကြီး မသုံးပါနဲ့ဦး။ လောလောဆယ် ၃ ပုံလောက်နဲ့ စကြည့်ပါ။ အဲ့ဒီ ပုံ တွေအားလုံးကို Adobe ImageReady နဲ့ဖွင့်ပါ။ မြန်ချင်ရင်တော့ Adobe ImageReady ကို ဖွင့်ထားပြီး animation လုပ်ချင်တဲ့ ပုံ ၃ ပုံစလုံးကို select ပေးပြီး Adobe ImageReady ထဲကို Darg ဆွဲချလိုက်ပါ။ box ၃ ခုအနေနဲ့ရောက်သွားမယ်။ အဲ့မှာ ပုံ တစ်ပုံထဲဖြစ်အောင် ပေါင်းမှာဆိုတော့ ပုံ ၃ ပုံထဲက ၁ ပုံပုံထဲကို darg ဆွဲပြီး ရွှေ့လိုက်ပါ။ တစ်ခုရွှေ့ပြီးရင် အဲ့ဒီ တစ်ခုရဲ့ box ကိုပိတ်ခဲ့ပါ။ အခုက ၃ ပုံလောက်မို့ မရှုပ်သေးပေမယ့် ပုံတွေအများကြီးလုပ်တဲ့အခါ ရှုပ်လာနိုင်လို့ပါ။ ပုံ ၃ ပုံစလုံးကို တစ်ပုံထဲကိုပေါင်းရွှေ့ပြီးပီး ဆိုရင် ညာဘက်ထောက် အောက်နားက layers box ထဲက layer ၃ ခုမှာ layer တစ်ခုကိုပဲ မ

sawsan Windows System ရဲ့ Services တွေအကြောင်းကို လေ့လာခြင်း

မနေ့ညက အင်တာနက်မသုံးဖြစ်တာနဲ့ ကျနော့ ကွန်ပျုတာရဲ့ services တွေအကြောင်းကို သိအောင်လုပ်ဦးမှဆိုပြီး … run box မှာ services.msc လို့ရိုက်ပြီး window system ရဲ့ services တွေအကြောင်းကို အခုလို လေ့လာဖြစ်ပါတယ်။ COM+ Event System ဒါကတော့ System ပိုင်းမှာ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကိုပိတ်ထားမိမယ်ဆိုရင် logon & logoff အခြေအနေတွေမှာ window system ဆီကို သတင်းအချက်အလက်တွေ အကြောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီ service က Automatic Start ဖြစ်နေသင့်တယ်။ Cryptographic Services ဒါကတော့ database တွေကို စာရင်းပြုစုပေးတယ်၊ window ရဲ့ ပုံမှန် လုပ်ဆောင်တဲ့ file တွေကို အတည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးတယ်၊ ဒီ services က Automatic Start ဖြစ်နေသင့်တယ်။ DCOM Server Process Launcher ဒါကတော့ COM+ Event System အပါအဝင် network ပိုင်းဆိုင်ရာ service တွေနဲ့ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး အထောက်အပံပေးထားတယ်။ သူ့ကို ပိတ်မယ်ဆိုရင် system registry ကနေပြင်ခြင်းဖြင့်သာ ရနိုင်မယ်လို့ဆိုတယ်။ ဒီ services ကလည်း Au

sawsan Zawgyi ဖြင့် စာဖတ်လို့ရပြီး စာရိုက်လို့မရတဲ့ ပြဿနာများအတွက်

ဒီလိုဗျာ တစ်ချို့ Zawgyi ကိုဖတ်လို့ရတယ် ရေးလို့မရဘူးဆိုတာတွေဖြစ်နေတယ်။ zawgyi keyboard ရိုက်မရတာနဲ့ပါတ်သတ်လို့ သိသလောက်ပြောပြပါမယ်။ ပထမဆုံး zawgyi ကိုတော့ install လုပ်ထားရမှာပေါ့လေ။ စာဖတ်လို့ရပြီး unicode keyboard ကိုမပေါ်တဲ့ပြဿနာအတွက် ဒီလိုလုပ်ပါ။ run box မှာ intl.cpl လို့ရိုက်ပြီး Regional and Language Options ကိုဖွင့်ပါ။ Regional and Language Options ဆိုတဲ့ box ကျလာမယ်။ အဲ့မှာ Languages tab ထဲက Details ကိုနှိပ်ပါ။

sawsan VBS ဖြင့် Run Box တစ်ခု တည်ဆောက်ခြင်း

ဒီလိုဗျာ ကျနော်တို့ သုံးလေ့ရှိတဲ့ run box က တစ်ချို့အင်တာနက်ဆိုင်တွေပိတ်ထားကျတယ်။ ဒါကြောင့် vbs ရဲ့ရေးထားတဲ့ run box အတွက် code လေးကို ဆောင်ထားရတယ်။ Dim cmd cmd = InputBox("Type Your Command...eg.>>> cleanmgr","Run Command Prompt","cleanmgr") Dim ws Set ws = WScript.CreateObject("WScript.Shell") On Error Resume Next ws.Run(cmd) ws.Quit ဒီ code လေးကို notepad ထဲမှာထည့်ပြီး filename ကို RunEveryWhere.vbs လို့ပေးပြီး run box တစ်ခုအနဲ့ သုံးလို့ရပါပြီဗျာ။ Ref: http://www.myanmaritresource.info source : www.sawsan23.com

sawsan Windows DOS CMD များကို စိတ်ဝင်စားရင် လေ့လာဖို့ပါ။

ဒီလိုဗျာ ကွန်ပျုတာမှာ mouse မပေါ်ခင်က အတော်လေးအသုံးဝင်ခဲ့တဲ့ MS DOS CMD ဆိုတာရှိတယ်။ အဲ့ဒါလေးတွေကို အခု mouse ပေါ်လာတော့ အသုံးပြုမှု မရှိသလောက်ဖြစ်လာတယ်။ တစ်ချို့ လူတွေကတော့(လူတော်တွေလို့ပြောရမလားပဲ) ဒီ MS DOS CMD တွေကို သုံးနေတာတွေ့ရတယ် ဟုတ်တယ်ဗျ MS DOS CMD တစ်ချို့က အခုထိ ကျနော်တို့အတွက်သုံးဝင်နေသေးတာကိုတွေ့ရတယ်။ ကျနော်က ဟိုစပ်စပ်ဒီစပ်စပ်လျောက်လုပ်တက်တော့ စိတ်ဝင်စားတယ်။ Microsoft က ဒီ CMD တွေအကြောင်းကို ကွန်ပျုတာတိုင်းရဲ့ help ဖိုင် ထဲမှာထည့်ပေးထားပါတယ်။ help ဖိုင်ကို ဖွင့်ပြီး ရှာဖတ်ရင်တွေ့နိုင်ပါတယ်။ CMD တွေရဲ့ ဘေးက အဓိပ္ပါယ်တွေကို ဖတ်ကြည့်ပြီး အသုံးပြုချင်တဲ့ CMD ကို Click နှိပ်ပြီး အသုံးပြုနည်းကိုဖတ်ပါ။ ဖတ်ကြည့်လို့ နားလည်တယ် ကိုယ်လည်းစိတ်ဝင်စားတယ်ဆိုရင်တော့ စမ်းသုံးကြည့်ပေါ့ဗျာ။ ကိုယ်စိတ်ဝင်စားရာ တစ်ခုခုတော့ စမ်းသုံးကြည့်ပေါ့ဗျာ အတက်ပညာတစ်ခုခုကို ဖတ်ကြည့် စမ်းကြည့်တဲ့သူက တစ်ခုလုပ်တက်ရင် တစ်ခုပေါ့ ဘာမှ မလုပ်တဲ့သူထက်စာရင် အရေးကြုံရင် ကိုယ့်မှာ အသုံးချစရာ လက်နက်ရှိနေတာပေါ့ဗျာ။ စိတ်ဝင်စားလို့ စမ်းသုံးကြည့်ရင်း အဆင်မပြေတာများရှိရင်ပြောပါဗျာ ကျနော်လည်း DOS CMD တွေကို နှံစပ်အောင်မလုပ်ဖ

sawsan vbs ဖြင့် Message Box တစ်ခုလုပ်နည်း

ဒီလိုဗျာ ကျနော်တို့ တစ်ယောက်ယောက်ကို ပြောချင်တဲ့ စကားလေးတွေကို Visual Basic Script နဲ့ notepad ထဲမှာရေးပြီး Message Box ပုံစံလေးနဲ့ Program ဖိုင်လေးတစ်ခု ဖန်တီးပြီး ပြောကြည့်ချင်ရင်လေ notepad ထဲမှာ ဒီလိုလေးရေးရမှာ.. msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" msgbox "ဒီနေရာမှာ ကြိုက်ရာရေး" အဲ့လိုမျိုး စာကြောင်းလေးတွေ စိတ်ကြိုက်ရေးပြီးတော့ အဲ့ notepad ဖိုင်ကို ဒီလိုလေး save ရမှာ.. file name.vbs အဲ့လိုမျိုး file name နောက်မှာ .vbs လို့ထည့်ပြီး Encoding: မှာတော့ Unicode ကိုရွေှးပေးပြီး save လိုက်ရင်ရပါပီ။ message box မှာ မြန်မာလို့ရေးထားတာ ပေါ်ဖို့က ကွန်ပျုတာမှာ ဒီလိုလေးပြင်ထားရမှာ.. Desktop ပေါ်မှာ R-Click >> Properties >> Appearance tab မှ Advanced ကိုနှိပ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း Item: မှာ Message Box ကိုရွေှးပြီး Font: မှာ Zawgyi-One ကိုရွေှးပေးပြီး Ok >> OK ကိုနှိပ်ပြီးရင် ရေးထားတဲ့ vbs program ဖိုင်လေးကို run ကြည့်လိုက်ရင် မြန်မာလို မ

sawsan CON ဖိုင်တည်ဆောက်ခြင်း၊ File name ဖျတ်ခြင်း၊ Folder & File ဖျောက်ခြင်း (Not Hidden Method)

တကယ်က ဒီ Blog ကို title ၃ ခုနဲ့ Blog တစ်ခုခြင်းဆီ ရေးပြီးတင်မလို့၊ ဒါပေသိ Blog တစ်ခုခြင်းဆီက လုပ်ဆောင်ပုံခြင်း တူညီတာရယ် အကြောင်းအရာက တိုတာရယ်ကြောင့် ၃ ခုပေါင်းလိုက်ရတာ။ ပထမ တစ်ခုအကြောင်းအရင်ပြောပြမယ် ... CON ဖိုင်တည်ဆောက်ခြင်း . . . ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေကို con ဆိုတဲ့ File name ပေးပြီး အလွယ်တည်ဆောက်လို့ မရဘူးဗျ၊ မယုံဘူးလား? ပေးကြည့်ပါဦး File name ကို con လို့ .. မရဘူးဟုတ်? ဒီလိုလုပ်မှ ရတယ် File rename မှာ con ကိုအရင်ရိုက်ပြီး Alt+0160 >> Enter ဆိုရင်တော့ con ဖိုင်တည်ဆောက်လို့ရပါပီ။ Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။ File name ဖျတ်ခြင်း . . . ကွန်ပျုတာမှာ ဖိုင်တွေ၊ Folder တွေမှာ File name ကို ဖျတ်ပြီး ဘာမှ မပေးပဲ အလွယ်တည်ဆောက်လို့ မရဘူးဗျ၊ ဒီလိုလုပ်မှ ရတယ် အရင်ဆုံး File name ကို ကုန်အောင်ဖျတ်ပြီး Alt+0160 >> Enter ဆိုရင်တော့ File name ကို ဘာမှ မပေးပဲထားလို့ရပါပီဗျာ။ Alt+0160 အစား Alt+255 ရိုက်ရင်လည်း အတူတူပါပဲ။ ဆောနရေးလိုက်တဲ့ con ဖိုင်တည်ဆောက်တာနဲ့ လုပ်ဆောင်ချက်က တူနေတယ်ဟုတ်? အပေါ်မှာပြောခဲ့ပါတယ်။ ၃ ခုလုံးက လုပ်ဆောင်ရမယ့် ပုံစံတူပါတယ်လို့၊ နောက်ဆုံး

sawsan Group Policy သို့ ဝင်ရောက်မွေနှောက်ခြင်း

တစ်နေ့က အိမ်မှာ ပျင်းတာနဲ့ ထုံးစံအတိုင်း ကွန်ပျုတာကို ကလိဖြစ်တယ်။ run box မှာ gpedit.msc လို့ ရိုက်ပြီး Group Policy ကို အခုလို ဝင်ရောက် မွေနှောက်ဖြစ်ပါတယ်။ Folder Option ကိုဖျောက်ခြင်း/ ဖော်ခြင်း Virus ကိုက်လို့ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Folder Option ကို ဖျောက်ချင်/ ဖော်ချင်ရင် Folder Option ပြန်ဖော်ဖို့က … ဒါက Tool ထဲ Folder Option အတွက်ပါ။ Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင် Administrative Templates >> Windows Components >> Windows Explorer ကိုကလစ်နှိပ်ပါ။ ပြီးရင် ညာဘက်အကွက်ထဲက Removes the Folder Potions menu item form the Tools menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေှးပြီး apply >> ok ဆိုရင်ရပါပီ။ Folder Option ကိုဖျောက်ထားချင်ရင် Enabled ကိုရွေှးလိုက်ရင် ရပါတယ်။ Task Manager ကိုဖျောက်ခြင်း/ဖော်ခြင်း Virus ကိုက်လို့ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Task Manager ကို ဖျောက်ချင်/ ဖော်ချင်ရင် Task Manager ပြန်ဖော်ဖို့က … Start >> Run >> gpedit.msc လို့ရိုက်ပြီး enter နှိပ်ပါ။ ပြီးရင် Administrative T

sawsan Gtalk ကို ဘယ်သူသုံးသွားတာလဲ

ကိုယ့် ကွန်ပျုတာမှာ gtalk ကို ဘယ်သူသုံးသွားတယ်ဆိုတာ ကြည့်လို့ရပါတယ်။ Start >> Run >> regedit ကိုဖွင့်ပြီး Ctrl+F ကိုနှိပ်ပြီး Find what မှာ @gmail.com လို့ ရိုက်ရှာလိုက်ပါ။ အဲ့ဒါဆို Google Talk ရဲ့အောက်က Accounts ဆိုတဲ့ folder ဆီရောက်သွားပြီး Accounts folder ထဲမှာ ဘယ်သူတွေသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။ မသိစေချင်တဲ့သူကတော့ အဲ့နေရာထိရှာ ဖျတ်မှ ရပါလိ့မ်မယ်နော်.. အဆင်ပြေပါစေ.. source : www.sawsan23.com

sawsan Run Box ကနေ အားလုံးကို အမြန်ဖွင့်လို့ရပါတယ်

run box ကနေ Drive တစ်ခုချင်းကို အမြန်ဖွင့်ချင်ရင် ဖွင့်ချင်တဲ့ drive ကို r-click >> Create shortcut >> yes အဲ့ဒါဆိုရင် Desktop ပေါ်မှာ အဲ့ drive ရဲ့ shortcut ရောက်သွားမယ်။ အဲ့ဒီ desktop ရောက်သွားတဲ့ shortcut ကို r-click >> Cut နဲ့ ယူပြီး My Computer >> Drive (C) >> WINDOWS ဆိုတဲ့ folder ထဲမှာ r-click >> paste လုပ်ပါ။ ပြီးရင် အဲ့ shortcut ကို Run Box ကနေ အမြန်ဖွင့်ချင်တဲ့ rename ပြောင်းပေးပါ။ ဥပမာ။ ။ drive (D) ဆို d လို့ပေးလိုက်ပါ။ အဲ့ဒါဆို run box မှာ d လို့ရိုက်ပြီး enter ရိုက်လိုက်ရင် Drive (D) ကိုအမြန်ရောက်သွားပါမယ်။ ကျနော်တို့ အမြဲသုံးလေ့ရှိတဲ့ Folder တွေ၊ ဖိုင်တွေ၊ program တွေကို လည်း run box ကနေ အမြန်ခေါ်ဖွင့်လို့ရပါတယ်။ Drive တွေလိုပါပဲ Run Box ကနေ အမြန်ဖွင့်ချင်တဲ့ Folder တွေ၊ ဖိုင်တွေ၊ program တွေရဲ့ shortcut ကိုယူပြီး Drive (C) ထဲက WINDOWS Folder ထဲကိုထည့်ပြီး သင့်လျော်တဲ့ name တစ်ခုခုပေးပြီး အဲ့ဖိုင် name ကို Run Box မှာ ရိုက်ပြီး Run Box ကနေ ဖွင့်လို့ရပါတယ်။ WINDOWS Folder ကို Drive (C) ထဲမှာလို့ အဓိကထားပြီးပြောသွားတာက အများအားဖြင့် အသုံး

sawsan Thumbnails မှာ စိတ်ကြိုက်ပုံထားခြင်း

photo တွေကို လျောက်ကလိရင်း ကျနော်သိခဲ့တဲ့နည်းလေးပါ။ ဒီလိုဗျာ ပုံလေးတွေကို Thumbnails နဲ့ကြည့်လိုက်ရင် အဲ့ photo ဘာပုံဆိုတာ အသေးစားလေး နမူနာအနေနဲ့မြင်ရတယ်ဗျာ အဲ့ဒါကို ကျနော်တို့က Thumbnails နဲ့ကြည့်တဲ့အခါ မူလပုံကို မပေါ်စေပဲ တစ်ခြားပုံတစ်ပုံတစ်ခုကို အစားထိုးထည့်ထားလို့ရပါတယ်။ အဲ့လိုမျိုးလုပ်ဖို့က paint program ကိုသုံးရမယ်။ >> Start >> run box မှာ mspaint လို့ရိုက်ပြီး paint ကိုဖွင့်ပါ။ ပြီးရင် >> Thumbnails မှာပေါ်စေချင်တဲ့ပုံကို အရင်ဖွင့်ထားရမယ် ပြီးရင် >> click နှိပ်ကြည့်လိုက်လို့ တကယ်ပေါ်မယ့်ပုံ ( အဲ့ဒီ တကယ်ပေါ်စေချင်တဲ့ပုံက Thumbnails မှာ ပေါ်မယ့် ပုံထက် file size သေးရပါမယ် မလုပ်ခင် ပုံ ၂ ပုံရဲ့ file size ကို ယှဉ်ကြည့်ပေးပါဦး)ကို နောက်ထပ် paint တစ်ခုနဲ့ ထပ်ဖွင့်ပြီး Selection Tool နဲ့ လိုသလို Select ပေးပြီး Copy ကူးပါ။ ပြီးရင် >> ပထမဖွင့်ထားတဲ့ ပုံပေါ်မှာ Paste >> Save. ပြီးရင် ပုံကို Thumbnails နဲ့ ကြည့်ကြည့်ပါ။ မူရင်းပုံမပေါ်ပဲ ကိုယ်ပြောင်းထားတဲ့ ပုံစံနဲ့ပြပါလိမ့်မယ်။ တကယ်ဖွင့်ကြည့်ရင်တော့ မူရင်းပုံပေါ်လာပါမယ်။ အဆင်ပြေပါစေဗျာ။ source : www.sawsa

sawsan Bat File ရေး၍ Virus သတ်ခြင်း

Memory Stick တွေထဲမှာရှိတတ်တဲ့ Virus တွေကို ကိုယ်ပါနဲ့ကို Bat ဖိုင်ရေးပြီး သတ်လို့ရပါတယ်။ ရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ memory stick ထဲမှာ.. Autorun.inf Recycled.exe RUNDLL32 ဒီ ၃ ကောင်တွေ့တယ် Kasper Antivirus နဲ့ သတ်ပြီးပြန်ပေးလိုက်တယ်။ နောက်နေ့ကျတစ်ခြား စက်တွေမှာ သုံးခဲ့ပုံရပါတယ် ပြန်ရောက်နေတယ်။ အဲ့လိုပဲ သတ်လိုက် ပြန်ရောက်လိုက်ဖြစ်နေတာ။ ရုံးချုပ်တစ်ခုလုံးက ကွန်ပျုတာတွေအကုန်လုံးတော့ လိုက်မသတ်နိုင်ဘူး၊ အဲ့ဒီတော့ ဒီ stick မှာ အဲ့ ၃ ကောင်ထပ်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားရင်း.... Virus ရေးနည်းဆိုတဲ့ စာတစ်ခုကို google မှာဖတ်မိထားတာလေးရှိတယ်။ အဲ့ကနေနည်းယူပြီး။ Virus သတ်နည်းဖြစ်အောင် Notepad ထဲမှာ ဒီလိုရေးကြည့်တာ del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exd ပြီးတော့ kill.bat ဆိုပြီး notepad file ကို bat format နဲ့ save လိုက်တယ်။ ပြီးတော့ memory stick ထဲမှာ ထည့်ပေးလိုက်ပြီး run လိုက်တာ ၃ ကောင်လုံး