Skip to main content

Posts

Showing posts with the label Lovingly

sawsan ဧရာဝတီတံတား (ပခုက္ကူ)

ကဗျာစပ်ဖို့ စတွေးတုန်းကတော့ ပခုက္ကူကိုလွမ်းရင်း တံတားအကြောင်း ပခုက္ကူအကြောင်းတွေများများရေးဖို့ပဲ.. စပ်နေရင်းနဲ့ ဘယ်နှဲ့ ပုဂံသူက ပါလာတဲ့မတိဘူး.. ဒါနဲ့ ဆက်မစပ်ရဲတော့ဘူး.. ရပ်လိုက်ရတယ်.. ဟီး.. “ဧရာဝတီတံတား (ပခုက္ကူ)” မြစ်ဧရာကို ကျော်ဖြတ် ပေါင်းစပ်ခဲ့ ပုဂံပြည် ဇာတိမြို့သူ ပခုက္ကူကို :) လွမ်းလျှက် ငါသည် .. ဂုဏ်ယူလို့ ဝံ့ကြွား ဒို့မြန်မာမှာ အရှည်ဆုံးတဲ့ သည်တံတား .. အတိတ်ကိုပြန်တွေး .. ရင်နင့်လို့ ဆွေးမိပါရဲ့ .. ခုနေများ တွဲလက်မဖြုတ် ခိုင်မြဲလို့ သစ္စာတည်ခဲ့ရင် နေ့တိုင်းတွေ့နိုင်ပြီပေါ့ ပုဂံသူရယ် ... compose by sawsan (https://blog.sawsan.pro)

sawsan အလုပ်

အတန်းထဲမှာ အမှတ်ကောင်းတဲ့ သူငယ်ချင်းတွေ၊ စာတော်တဲ့ သူငယ်ချင်းတွေ ဘဝမှာ တကယ်ပဲ အောင်မြင်ပါသလား။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ဘူးလို့တွေ့ရသတဲ့။ ဒီလိုပြောတာကတော့ ယေးလ်တက္ကသိုလ်ကပါမောက္ခ ဒေါက်တာရောဘတ်စတင်းဘာ့ချ်ပဲ ဖြစ်တယ်။  သူဟာ ဉာဏ်ရည်ဉာဏ်သွေး သုတေသနမှာ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ရတာ ဒီလူတွေဟာ တကယ်မှ ကျောင်းမှာ တော်ရဲ့လား။ စာမေးပွဲတွေကပဲ လွယ်လာလို့လား။ မဟုတ်ပါဘူး။ အတန်းတိုင်းလိုလိုမှာ တကယ်တော်သူများ ရှိတယ်။ သူတို့ဟာ တကယ်တော်ကြောင်း ကျောင်းဆရာ လုပ်ဖူးသူတိုင်း သိကြတယ်။  ပါမောက္ခ ရောဘတ်စတင်းဘာ့ချ်က လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးပေါ် မူတည်တယ်လို့ သူကဆိုတယ်။ ဒီဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းကို ပါမောက္ခစတင်းဘာ့ချ် က တင်သွင်းခဲ့တယ်။ အံ့အားသင့်စရာ ကောင်းတာက သင့်မှာ အောင်လက်မှတ် စက္ကူတွေ များလေလေ၊ နေ့စဉ် ပြဿနာများကို ဖြေရှင်းနိုင်မှုအား နည်းလေလေပဲတဲ့။ ထိုသူများဟာ လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးအတွက် ရမှတ်တွေလည်း နည်းသတဲ့။  လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ကျောင်းစာတော်တာနဲ့ တခြားစီ ဖြစ်နေတယ်။ တစ်ခါတစ်ခါ ဆန့်ကျင်

sawsan သတိဆိုတဲ့ နေအိမ်

I have no enemy. I make carelessness my enemy. ငါ့မှာ ရန်သူ မရှိပါဘူး။ ငါဟာ သတိမပါ၊ ဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို နေတတ် လုပ်တတ်တာကိုပဲ ငါ့ရန်သူလို့ သဘောထားပါတယ်။ လောကသဘာဝမှာ ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းပဲ ရှိပါတယ်နော်။ မြတ်စွာဘုရားမှာလည်း ရန်သူရှိခဲ့ပါတယ်။ မြတ်စွာဘုရားတောင်မှ ရန်သူရှိခဲ့တယ်ဆိုတော့ သာမန်လူတွေမှာ ရန်သူရှိမှာ ဧကန်မုချပဲ။ သို့သော် ကဗျာရေးတဲ့သူဟာ အင်မတန်လေးနက်တဲ့ တရားသဘောဆန်တဲ့ အကြောင်းအရာကို ပြောနေတာဆိုတော့ ကြောက်စရာ အကောင်းဆုံး ရန်သူဟာ သတိမပါ၊ ဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို ပြီးစလွယ် လုပ်တက်တာကို ရန်သူလို့ ဆိုလိုချင်တာပါ။ အင်မတန်လေးနက်တဲ့ စကားပါနော်။ နက်နက်နဲနဲ စဉ်းစားစေချင်တယ်။ ဘဝကို ညံ့ဖျင်းသွားစေတဲ့အရာထဲမှာ သတိမပါ ဉာဏ်မပါ ဖြစ်သလို နေတတ်လုပ်တတ်တာဟာ ထိပ်ဆုံးက ပါနေတယ်။ ပါဋ္ဌိစကားသုံးပြီးတော့ ပြောမယ်ဆိုရင် အဝိဇ္ဇာ၊ မောဟ၊ ပမာဒတွေပဲ။ သတိနဲ့ ဉာဏ်ပါပြီဆိုရင် ဝိဇ္ဇာဆိုတဲ့ သိမှုဖြစ်သွားပြီ။ ဒါဆိုရင် အမောဟ၊ အပ္ပမာဒ ဖြစ်သွားပြီ။ သတိမရှိခြင်း၊ ဉာဏ်မရှိခြင်းဟာ အကြီးမားဆုံးရန်သူ။ ဘာလုပ်လုပ် သတိပါမှ၊ ဘာပဲတွေးတွေး သတိပါမှ၊ သတိက ရှေ့က အရင်ပါရမယ်။ သတိကောင်းလာရင် ဉာဏ်လိုက်လာတယ်။ သတိ

sawsan အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ

သိနေတာဟာ ကုသိုလ်ပဲ။ တစ်ချက် သိတိုင်း သိတိုင်း ကုသိုလ်တွေအများကြီးဖြစ်တယ်။ သတိဆိုတဲ့ ကုသိုလ်ဟာ သာမန် ကုသိုလ်တွေထက် ပိုပြီးတော့ အားကြီးတယ်။ အထွက်အထိပ်ဖြစ်တဲ့ ကုသိုလ်ပဲ။ တစ်ချက်ပဲ သိရ သိရ၊ သိရတာဟာ ကုသိုလ်ပဲ။ ဒါကို ကုသိုလ်ပဲလို့ သဘောပေါက်ဖို့ လိုတယ်။ တစ်မိနစ်သိရရင် နဲတဲ့ကုသိုလ် မဟုတ်ဘူး။ သတိနဲ့ နေတဲ့အချိန်လေးမှာ စိတ်ကလေး တည်တံ့မှုရှိနေမယ်။ သတိကပ်တဲ့ အကြိမ်အရေအတွက် များလာအောင် လုပ်ပါ။ ကြားထဲ မေ့သွားတဲ့အချိန်လေးတွေတော့ ညှပ်ချင်ညှပ်မယ်။ ညှပ်ပေမဲ့ သိတဲ့အချိန်လေးတွေကလည်း တဖြည်းဖြည်း စိပ်စိပ်လာမယ်။ အရင်တုန်းက တစ်နာရီကြာမှ၊ နှစ်နာရီလောက်ကြာမှ တစ်ခါ သတိကပ်မိတယ်။ ဒီလိုကနေ ကြာတဲ့အခါမှာ နာရီဝက်လောက်ဆိုရင် သတိရပြီ။ ဒီလိုကနေ သတိပိုကောင်းတဲ့အခါ ဆယ်မိနစ်နေရင် သတိတစ်ခါ ပြန်ဝင်လာပြီ။ အလေ့အကျင့် များတဲ့အခါမှာ တစ်မိနစ်တစ်ခါလောက် သတိပြန်ဝင်လာတယ်။ အကျင့်ရသွားရင် သတိလက်လွတ် နေလို့ မရတော့ဘူး။

sawsan သေပြီးရင် မပြီးသေးဘူး

ကောင်းတာတွေက အများကြီးပါ။ ဒါနကုသိုလ်လည်း ကောင်းတယ်။ သီလကုသိုလ်လည်း ကောင်းတယ်၊ စိတ်ချမ်းသာတယ်။ ဘာဝနာကုသိုလ်မှာလည်းပဲ မေတ္တာပို့တာ အင်မတန်ကောင်းတယ်၊ စိတ်ချမ်းသာတယ်။ ဘုရားဂုဏ်တော် ပွားတာလည်း ကောင်းတယ်။ သေခြင်းတရားကို အာရုံပြုတာလည်း ကောင်းတာပဲ။ တစ်နေ့ သေရမှာပါပဲ။ သေမှာကို လေးလေးနက်နက် သိတဲ့သူဟာ ပေါ့ပေါ့တန်တန် မနေဘူး။ အချိန်မဖြုန်းဘူး။ တကယ်လုပ်ရကျိုးနပ်တာကို လုပ်မယ်။ အခု လုပ်နေတဲ့ ကိစ္စတွေဟာ အခုလုပ်နေတုန်းမှာတော့ အင်မတန် အရေးကြီးတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သေခါနီး အချိန်နားမှာ ရောက်နေပြီဆိုရင် ပြန်လှည့်ကြည့်တဲ့အခါမှာ ဘယ်လို မြင်မလဲလို့၊ ဘယ်ဟာတွေ အရေးကြီးသလဲ၊ ဘယ်ဟာတွေများ တန်ဖိုးရှိသေးသလဲ၊ သေသွားရင် ဘာတွေပါသွားမလဲ။ ဘာမှ မပါဘူး။ အသိဉာဏ်ပါမယ်၊ ကုသိုလ်ကောင်းမှုပါမယ်၊ အကုသိုလ်လည်း ပါမှာပဲ၊ (သူ့ကိုလည်း ချန်ထားခဲ့လို့မရဘူး။ အကြောင်းအကျိုးဆက်ကာ အကျိုးပေးဦးမှာကိုး။) အဲဒီတော့ သေခြင်းတရားကို တကယ်ထိထိမိမိ နှလုံးသွင်းနိုင်လို့ရှိရင် ကိုယ့်ဘဝကို ပေါ့ပေါ့တန်တန် မနေတော့ဘူး။ သေမယ်ဆိုတာကို မသိတဲ့လူဟာ သူ တော်ရုံတန်ရုံ ပျော်ရတာနဲ့ပဲ ကျေနပ်သွားမယ်။ သေမယ်ဆိုတာကို သိတဲ့လူဟာ စဉ်းစားတယ်၊ ‘ငါလုပ်နေတဲ့ ကိစ္စတွေဟာ ဘာများ

sawsan ချမ်းသာနေလား၊ ဆင်းရဲနေလား

ဘာပဲဖြစ်နေနေ ဖြစ်တာကို သိရင် တော်ပြီ။ သူ့ကို control လုပ်ဖို့ မကြိုးစားပါနဲ့။ လူစိတ်သဘာဝဟာ တစ်ခုခုကို မကောင်းဘူးလို့ ထင်လာရင် အဲဒါကို မရမက ဖယ်ရှားချင်တဲ့ အကျင့် ရှိတယ်နော်။ အဲဒီတော့ ကိုယ့်စိတ်ထဲမှာ လောဘဖြစ်လာပြီဆိုရင် ဟာ.. ဒီလောဘ မကောင်းဘူး၊ ဒီလောဘကြီးကို ဖယ်ရတော့မယ်လို့ တွေးမယ်။ ဖယ်ဖို့ မကြိုးစားပါနဲ့။ အသာလေးကြည့်ပြီးတော့ သိနေပါ။ လိုချင်တဲ့ စိတ်ကလေးက ထပ်ကာ ထပ်ကာ ဖြစ်နေတယ်။ ဒါလေးကို သိနေပါ။ တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး၊ သူက ငါ့ကို ဘယ်လိုပြောလို့ ငါက စိတ်ဆိုးတယ်လို့ ဇာတ်လမ်းကို စဉ်းစားမနေဘဲနဲ့၊ စိတ်ဆိုးနေတဲ့ စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကို တွေးရင် စိတ်က ပိုပြီးတော့ ဆိုးလာတက်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲ သွားတက်တယ်။ ဇာတ်လမ်းကို တွေးနေတာ မဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှုကိုပဲ ကြည့်နေပါ။ ဒေါသဖြစ်နေတဲ့ အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားမှုမျိုး ဖြစ်နေသလဲ။ အဲဒီစိတ်ရဲ့ အခြေအနေကို ကြည့်နေပါ။ စိတ်က ပူလောင်နေတယ်၊ လှုပ်ရှားနေတယ်၊ အခံရခက်နေတယ်၊ ဆင်းရဲနေတယ်၊ ပင်ပန်းနေတယ်၊ မကျေမနပ်ဖြစ်နေတယ်၊ အဲဒီသဘောာလေးတွေကို အသေအချာ အသာလေးကြည့်နေဖို့ပဲ လိုပါတယ်။ ကြည့်တတ်လို့ရှိရင် သူ့သဘောက

sawsan နောင်ဘ၀အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်

လူဝင်စားတွေနဲ့ပါတ်သက်လို့ သေချာ စဉ်းစားကြည့်တော့ “ ငါလည်း အတိတ်ဘဝက အမျိုးမျိုးဖြစ်ခဲ့မှာပဲ၊ အခု လူ့ဘဝဖြစ်ပြီ။ နောင်လည်း အများကြီး ဖြစ်ရဦးမှာပဲ။ ” ဘာတွေဖြစ်မယ်ဆိုတာ အတိအကျ မပြောနိုင်ဘူးပေါ့။ သို့သော် ဖြစ်မယ်ဆိုတာတော့ သိတယ်။ ဖြစ်မယ်ဆိုတာ သိလို့ရှိရင် အခုဖြစ်နေတဲ့ ကိစ္စတွေထဲမှာ ဘယ်လို အကြောင်းအကျိုးတရားတွေရှိနေသလဲဆိုတာကို သဘောပေါက်လို့ရှိရင် နဲနဲလောက်တော့ ကြိုတင်ပြင်ဆင်လို့ရတယ်။ အမြော်အမြင်ရှိတဲ့လူဆိုရင် ဒီလိုပဲ တွေးရတော့မှာနော်။ ကြိုတင်ပြင်ဆင်ထားရရင် ကောင်းတယ်။ ဘယ်လိုဖြစ်ရရင် ကောင်းမလဲဆိုတာကို သေသေချာချာရွေှးပြီးတော့ ဘာတွေ ကြိုတင်ပြီး လုပ်ထားရရင် ကောင်းမလဲဆိုတာကို သေသေချာချာ စဉ်းစားတော့တာပဲ။ အဲဒီလို နောက်ဘဝအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ကို စဉ်စားတော့ အခုဘဝမှာ လုပ်ရတာတွေဟာ ပိုပြီးလေးနက်လာတယ်။ ဘဝသံသရာ အမြင်ရှိတဲ့သူစာ ဘဝကို ပိုပြီး လေးလေးနက်နက် ခံယူတယ်။ သေပြီးရင် ဘာမှ ပြန်မဖြစ်တော့ဘူးလို့ ယုံကြည်နေတဲ့သူဟာ ဘဝကို ဘယ်လို လေးလေးနက်နက် နားလည်နိုင်မလဲဆိုတာ တော်တော်တွေးရခက်တယ်။

sawsan စိတ်ထားပြောင်းလဲမှုတွေ

တရားကို အမြဲတမ်းအားထုတ်နေတဲ့သူဟာ လောဘ၊ ဒေါသ၊ တဖြည်းဖြည်း နဲလာတယ်။ ပိုပြီးတော့ စိတ်က သိမ်မွေ့နူးညံ့လာတယ်။ အေးချမ်းလာတယ်။ အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ် ဖြစ်တဲ့အခါမှာ လူတစ်ယောက်ကို မြင်လိုက်ရင် အလိုလိုနေရင်း မေတ္တာစိတ်က ရှိလာတယ်။ အလိုလိုနေရင်းနဲ့ ချစ်ခင်တဲ့ စိတ်၊ လေးစားတဲ့စိတ်၊ ဒုက္ခနဲစေချင်တဲ့ စိတ်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေချင်တဲ့ စိတ် ဖြစ်လာတယ်။ အဲဒါလေးကို ကိုယ်တိုင်ကြုံဖူးတဲ့သူဆိုရင် ပိုသိမယ်။ ပြောတဲ့ ဆိုတဲ့အခါမှာလည်း တစ်ဖတ်သားကို စိတ်ဆင်းရဲသွားစေမယ့် စကားမျိုးကို ပြောတတ်တယ်။ သတိရှိလာတဲ့သူကျတော့ တစ်ခုခုကို ပြောတော့မယ်ဆိုရင် စိတ်ဆင်းရဲမယ့် စကားမပြောဖြစ်ဘူး။ စိတ်ချမ်းသာမယ့် စကားကို ပြောတယ်။ အကျိုးရှိမယ့် စကားကိုပဲ ပြောတယ်။ တရားအားထုတ်လို့ စိတ်ဓတ်ရင့်ကျက် သိမ်မွေ့မြင့်မြတ်လာတဲ့သူဟာ သူတစ်ပါးရဲ့ အခက်အခဲကို လိုလိုချင်ချင်ပဲ အကူအညီပေးချင်တယ်။ ဒါတွေဟာ အလိုလိုဖြစ်လာတဲ့ စိတ်ထားပြောင်းလဲမှုတွေပဲနော်။

sawsan ဘာဖြစ်လို့ မရင့်ကျက်တာလဲဆိုတော့

ကိလေသာက အမျိုးမျိုးလှည့်စားတတ်တယ်။ လိုချင်တာလေးရရင် ချမ်းသာမယ်။ ဖြစ်ချင်တာလေးဖြစ်ရင် ချမ်းသာမယ်လို့ ထင်တာနော် … ဒီလိုထင်နေရင်တော့ မှားတယ်။ အဲဒါ မိမိစိတ်က မိမိကို လှည့်စားတာပဲ။ ငါလိုချင်တာ၊ ငါဖြစ်ချင်တာတွေ အကုန်လုံးဖြစ်ရရင် စိတ်ချမ်းသာမယ်ဆိုတာဟာ စိတ်ရဲ့ လှည့်စားမှုပါပဲ။ လောကရဲ့ သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေ အများကြီးထဲက နဲနဲပါးပါးလောက်ပဲ ဖြစ်မယ်။ ဖြစ်လာတဲ့ ကိစ္စတိုင်းဟာလည်း ကိုယ့်စိတ်တိုင်းကျ ဖြစ်မှာမဟုတ်ဘူး။ စိတ်တိုင်းကျဖြစ်လာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ့ သဘာဝကိုက ဒီအတိုင်းပဲ။ မကျေနပ်ခြင်းဆိုတဲ့ သဘောဟာ စိတ်ရဲ့ သဘာဝပဲ။

sawsan သေချာတာတစ်ခုက သေမှာပါ

“သေခြင်းတရားဟာ သူတော်ကောင်းတို့ရဲ့ မိတ်ဆွေ” ဆိုတဲ့ စကားကို အမြဲတမ်းလိုလို ကြားယောင်နေမိပါတယ်။ ဒီစကားသံလေး ကြားယောင်တိုင်းမှာ သမုတိမရဏကို ဆင်ခြင်ဖြစ်သွားပါတယ်။ တစ်သက်တစ်ခါသေရမယ့် သမုတိမရဏဟာ သံဝေဂဉာဏ်အတွက် အထောက်အပံ့ကောင်းတစ်ခုပါပဲ။ သို့မဟုတ်ရင် သူများတွေပဲ သေပြီး ကိုယ်တစ်ယောက်ပဲ မသေတော့သလို၊ သူများတွေရဲ့ နာရေးကြော်ငြာတွေကိုပဲ ကိုယ်ဖတ်နေရပြီး ကိုယ့်နာရေးကြော်ငြာကို သူများတွေ ဖတ်ခွင့်မရှိတော့သလို ဖြစ်တက်ပါတယ်။ ကိုယ့်ကိုယ်ကို မသေတော့ဘူး၊ မသေနိုင်ဘူး၊ မသေသေးဘူးလို့ ထင်ထားတဲ့သူဟာ ပညာတက်ရင် တက်သလို မာနတွေ မို့မောက်လာတက်ပါတယ်၊ ဥစ္စာရှိရင် ရှိသလို မာနတွေ ပြည့်လျှံလာတက်ပါတယ်။ ရာထူးရှိရင် ရှိသလို၊ အရွယ်ရှိရင် ရှိသလို၊ နာမည်ကျော်ရင် ကျော်သလို လောကီဂုဏ်တွေမြင့်ရင် မြင့်သလို၊ မာနအဆိပ်တွေကို သောက်မျိုနေမိတက်ပါတယ်။ “ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ” အချိန်မရွေး သေသွားနိုင်တယ်လို့ ဆုံဖြတ်ချက်ချမထားရင်ပြောတာ၊ ပြုတာ၊ တွေးတာတွေမှာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေကသာ ခိုအောင်းနေပြီး မရှိတဲ့ “ငါ”ကို အရှိထင်မှတ်ပြီး ဦးစားပေးရှေ့တန်းတင် နေဖြစ်တတ်တယ်။ ဒါကြောင့်မို့ “ ဝိပဿနာအစ သံဝေဂဉာဏ်က” လို့ ဆရာအရှင်တွေက ဆုံးမထ

sawsan လွတ်လပ်တဲ့သူဟာ ဉာဏ်မသုံးရတဲ့ဘဝကို မကျေနပ်ဘူး

သူတို့ကို ချည်ထားတဲ့ သံကြိုးကို ချစ်နေတဲ့ လူမိုက်တွေကို လွတ်လပ်သွားအောင် လုပ်ပေးဖို့ သိပ်ခက်ပါတယ်။ မလွတ်လပ်တာကို သဘောကျနေတဲ့သူကို လွတ်လပ်အောင်လုပ်ပေးလို့ မရဘူး။ ပြောလို့လည်း ရမှာ မဟုတ်ဘူး။ တချို့လူတွေဟာ မလွတ်လပ်တာကို ကြိုက်တယ်။ ဒါကြောင့် ခိုင်းတာလုပ်ပြီး ပေးသလောက်ယူရတဲ့ဘဝကို ကျေနပ်နေတယ်။ ကြိုးစားသလောက် အကျိုးခံစားရမယ့် အလုပ်မျိုးကို မလုပ်ဘူး။ ဉာဏ်ကို ပိုသုံးရမယ့် အလုပ်ကို မလုပ်ဘူး။ အရည်အချင်းကို ပိုထုတ်ရမယ့် အလုပ်ကို မလုပ်ဘူး။ လက်အောက်ခံဘဝကို ကျေနပ်နေကြတယ်။ လက်အောက်ခံဆိုတာ ခိုင်းတာလုပ်ရတယ်။ ခိုင်းတာလုပ်ရင် တာဝန်ကျေပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲလို့ စဉ်စားစရာ မလိုဘူး။ ခိုင်းတာလုပ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာတဲ့ အခြေအနေ၊ အဖြေရှာရတဲ့ အခြေအနေ မရှိဘူး။ သေချာနေတယ်။ သေချာနေတာဟာ သေနေတာပဲ။

sawsan အချိန်ပိုကို ဘယ်လို သုံးသလဲ။ အဲဒါကို ကြည့်ပြီး ဒီလူဟာ ဘယ်လိုလူ ဖြစ်လာမလဲဆိုတာ ပြောနိုင်ပါတယ်

တိုးတက်ကြီးပွားတဲ့သူဟာ အဲ့ဒီ အချိန်ပိုလို့ခေါ်တဲ့ အချိန်ကို ကောင်းကောင်း ရင်းနှီးမြှုပ်နှံတက်တယ်။ လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို အကောင်းဆုံးနေရာမှာ သုံးတဲ့ သူဟာတစ်နေ့တခြား အရည်အချင်း ပိုရှိလာတယ်။ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။ အချိန်ကို တန်ဘိုးရှိရှိ သုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်။ သူတစ်ပါး လေးစားတာကိုလည်း ခံရတယ်။ အရည်အချည်းရှိတဲ့သူတွေနဲ့ ချစ်ခင်မှု ရင်းနှီးမှု ရှိတယ်။ ဒါကြောင့် ပိုပြီး တိုးတက်ဖို့ အလားအလာ ရှိတယ်။ အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှ မလေးစားဘူး။ လူတွေရဲ့ လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်းထဲမှာ နေရာကောင်း မရနိုင်ဘူး။ တပည့်က အချိန်ဖြုန်းနေရင် ဆရာက အဲဒီတပည့်ကို ပေးရတဲ့အချိန်ဟာ ပေးရကျိုး မနပ်ဘူးလို့ တွေးမယ်။ အဲဒီလို ဆိုရင် အဲဒီ တပည့်ဟာ ဆရာ့ဆီက ရနိုင်သလောက်ပညာကို ပြည့်ပြည့်ဝဝ ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် အဲဒီတပည့်ဟာ တကယ်ထူးချွန်တဲ့သူ မဖြစ်နိုင်တော့ဘူး။

sawsan ဓတ်လုံးပြဿနာ

“ပွတ်လိုက်ရင် ပြောင် ဆောင်ပြန်တော့လေး ရေစိမ်ကာ သောက်ပြန်တော့ သေးပေါက်တယ်လေး” ကျွန်ုပ်တို့ငယ်စဉ်က ဖခင်က မကြာခဏ ရွတ်ပြလေ့ရှိသော ဓာတ်လုံးစွမ်းရည်ပြ ဂါထာလေးပင်ဖြစ်၏။ ဓါတ်လုံးမှန်သမျှတွတ် အထက်ပါ အစွမ်းသုံးခုကား သေချာပေါက်ရှိ၏။ အသက်ရှည်ခြင်း အာယုသိဒ္ဓိ၊ ဥစ္စာပေါခြင်း ဓနသိဒ္ဓိ၊ လာဘ်လာဘကောင်းခြင်း လာဘသိဒ္ဓိ စသည်တို့ကား ဓာတ်လုံးတွင် မရှိ၊ ဓာတ်လုံးကို ဆောင်ထားသူ၏ ပါးစပ်တွင်သာ ရှိတက်၏။ ရှင်အဇ္ဇဂေါဏ ဓာတ်လုံးအောင်၍ ရွေှဖြစ်သည်ဆိုသော အကြောင်းအရာမှာလည်း ကျမ်းအခိုင်အမာ ရှိသည်မဟုတ်။ ဖိုသမားတို့၏ နှုတ်ထွက် ဇာတ်လမ်းတစ်ခုသာ ဖြစ်၏။ အမှန်နှင့် ရောနေသော အမှားကို လူတို့သည် အဆင်အခြင်မရှိ အကန်းယုံ၊ အရမ်းယုံယုံတက်ကြ၏။ ဥပမာအားဖြင့် မြန်မာရာဇဝင်တွင် ဘိုးတော်မင်းတရား ( ဦးဝိုင်း)သည် တကယ်ရှိခဲ့၏။ ထေရဝါဒဗုဒ္ဓဘာသာကို မှေးမှိန်အားနည်းစေနိုင်သော တန္တရ၊ မန္တရ အရည်းကြီးလက်ကျန် ပညာများ ဖြစ်သည့် ဗေဒင်၊ ဓာတ်ရိုက်၊ အင်း၊ အိုင်၊ ဘိုးတော်၊ ဝိဇ္ဇာအလုပ်များကို နိုင်ငံတော် တစ်ဝန်းပိတ်ပင်တားမြစ်ခဲ့ဖူး၏။ ဘုရင်အဆက်ဆက် မြို့ရိုးတံတိုင်းအောက်တွင် မြှပ်ထားကြသော အင်းမျိုးစုံကို ထုတ်ယူကာ ပြည်သူအများ ရှေ့မှာပင် ဧရာဝတီမြစ်အတွင်းသို့ ပစ်ချစေ၏

sawsan အမှန်ကို တားသည့် အတားအဆီးနှင့် ပယ်ရမည့် အယူ

အမှန်ကို တားသည့် အတားအဆီး ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ယုံကြည်လက်ခံရန် အင်အားရာခိုင်းနှုန်း အတော်များသည့် လူသတ္တဝါတို့သည် စဉ်းစားဖို့ ပျင်းရိကြ၏။ နက်နဲသော အချင်းအရာတစ်ခုကို စဉ်စားရခြင်း အလုပ်သည် ဦးနှောက်ရှုပ်စေသည်ဟု ဆိုကြ၏။ စဉ်စားရသော အလုပ်၌ ဝါသနာထုံသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများ ရှိနေကြပြန်လေသည်။ (၁) မိရိုးဖလာ အစဉ်အလာကို မပယ်နိုင်ခြင်း၊ (၂) သဘာ၀ကျ-မကျကိုဆုံးဖြတ်နိုင်သော ဉာဏ်နည်းပါးခြင်း၊ (၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်းတို့ ဖြစ်ကြလေသည်။ (ရွေှဥဒေါင်း)

sawsan မလျော့မတင်း စောင်းကြိုးညှင်းပြဿနာ

မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့် အရေသာကျန်၏။ ဂေါတမြတ်စွာဘုရား နုစဉ်ဘဝ ဇောတိပါလပုဏ္ဏား ဖြစ်စဉ်အခါက ကဿပမြတ်စွာဘုရားအား “သူက ခြောက်ရက် ဒုက္ကရစရိယာကျင့်ရင်၊ ငါက ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်” ဟူသော ၀စီကံဖြင့် ပြစ်မှားခဲ့ဖူးသော ၀ဋ္ဋ်ကြေွးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်၏။ ခြောက်နှစ်ပြည့်၍ ဝဋ်ကြေွးကုန်သည်နှင့် အလယ်အလတ်ကျင့်စဉ် (မဇ္ဈမပဋိပါဒလမ်း)ကို အလိုလို ထိုးထွင်းသိပြီး သဗ္ဗညုတဉာဏ်တော်ကို ရရှိသွား၏။ ဤကား ဘုရားဟော ကျမ်းဂန်လာအတိုင်းအတိအကျ ဖြစ်၏။ သို့သော် ယခုအခါ မည်သည့် ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည် မသိ၊ ဒုက္ကရစရိယာ ကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင် စောင်းတီးခက်ပြနေသောနတ်သားတစ်ယောက် ပုံပါလာ၏။

sawsan ဦးတည်ချက် ရှိမှ ရွှေးချယ်စရာဆိုတာ ဖြစ်လာတယ်။ ရွေချယ်းစရာ ရှိမှ လွတ်လပ်မှုလည်း ရှိတယ်။ ဒါကြောင့် ဦးတည်ချက်မရှိတဲ့သူမှာ လွတ်လပ်မှု မရှိဘူး။

The man without a purpose is a man who drifts at the mercy of random feelings or unidentified urges and is capable of any evil, because he is totally out of control of his own life. ဦးတည်ချက်မရှိတဲ့သူဟာ သူ့စိတ်ထဲမှာ ကြုံသလို ပေါ်လာနေတဲ့ ခံစားမှုတွေ နောက်ကို မျောပါသွားတယ်။ ကြုံသလို ပေါ်လာနေတဲ့ ဆန္ဒတွေ နောက်ကို မျောပါသွားတယ်။ သူဟာ ဘယ်လို မကောင်းမှုကို မဆို လုပ်နိုင်တဲ့အခြေအနေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝကိုသူ စည်းကမ်းရှိအောင် လုံးဝ မလုပ်နိုင်လို့ပဲ။ ဒါကြောင့် လူငယ်တွေ ဘဝဦးတည်ချက် မရှိတာဟာ လူ့အသိုင်းအဝိုင်းအတွက် အင်မတန် အန္တရယ်များတယ်။ ဒါ လူငယ်တွေကို အပြစ်တင်တာမဟုတ်ဘူးနော်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တာ များတဲ့နိုင်ငံတွေမှာ ပြစ်မှုကြူးလွန်တဲ့သူတွေ များတယ်။ ဒါဟာ အမှန်တရားပဲ။ ၀ိုင်းစဉ်းစားရမယ်။ ၀ိိုင်းလုပ်ရမယ်။ လူငယ်တွေကို အလုပ်ရှာပေးရမယ်။ လူငယ်တွေကလည်း ရတဲ့အလုပ်ကို လုပ်ရင်းနဲ့ ပိုကောင်းတဲ့အလုပ်ကို လုပ်နိုင်အောင် ကိုယ့်အရည်အချင်းကို မြှင့်ရမယ်။ He does not know what his values are. သူဘာတွေကို တန်ဘိုးထားတယ်ဆိုတာ သူမသိဘူး။ ဘာကို တန်ဘိုးထားတယ်ဆိုတာ သိရင် အဲဒါဟာ သူ့ဦးတည်ချက်၊ ရည်မှန်းချက်ပဲ။

sawsan သိနေတဲ့ စိတ်ကို ပြန်သိပါ

We enjoy our own consciousness. ကိုယ့်စိတ်ကို ကိုယ်ခံစားတယ်။ တကယ်တော့ ကိုယ် တကယ် ထိထိမိမိခံစားလို့ရတာဟာ ကိုယ့်စိတ်ပါပဲ။ လူတွေဟာ စိတ်ကို ခံစားတယ် .. နော်။ ဒါကို လေးလေးနက်နက် သဘောပေါက်စေချင်တယ်။ ကိုယ်တကယ် အထိမိဆုံး ခံစားရတာ ကိုယ့်စိတ်ဘဲ။ ကျန်တာတွေက တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကို ကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကို ကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့်ခံစားရလို့ သိတာ။ စိတ်က ခံပေးလို့ ရောက်တာ။ စိတ်က မယူရင်၊ မခံစားရင် စိတ်ထဲ မရောက်နိုင်ဘူး။ စိတ်ကို စိတ်နဲ့ ပြန်ကြည့်တာဟာ တိုက်ရိုက်ပဲ သိနေတယ်။ အဲ့ဒီတော့ စိတ်ကို ပြန်ခံစားရတယ် ဆိုတာကို ဥပမာ ပြောနိုင်မလား။ တစ်ချို့လူတွေ ရယ်စရာ ရုပ်ရှင်ကားတွေ သွားကြည့်တယ်။ ဘာဖြစ်လို့တုန်း။ အဲ့ဒီစိတ်ကို ပြန်ခံစားတာပဲနော်။ တစ်ချို့လူတွေက တစေ္ဆ၊ သူရဲကားတွေ ကြည့်တယ် ဘာဖြစ်လို့တုန်း။ ကြောက်တဲ့ စိတ်ကို ခံစားတာနော်။ တစ်ချို့ လူတွေက အလွမ်းကားတွေ ကြည့်တယ်။ ကောင်းလွန်းလို့ ငိုလိုက်ရတာ။ နောက်တစ်ခါ သွားကြည့်ဦးမှပဲ။ ဘာဖြစ်လို့လဲ။ လွမ်းရတဲ့ စိတ်၊ လွမ်းရတဲ့ "emotion" ကို ခံစားတာ .. နော်။ လူဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်ခံစားတယ်။ အဲဒီလိုပဲ စိတ်ထဲမှာ ကောင

sawsan ဘာအခက်အခဲကိုမှ ရင်မဆိုင်ရဲတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ စိတ်ဓာတ် ရင့်ကျက်တဲ့သူ အသိဉာဏ် ရင့်ကျက်တဲ့သူ ပညာတက်တဲ့သူ အစွမ်းအစရှိတဲ့သူ မဖြစ်နိုင်ဘူး

ဒါပေမယ့် အဲ့ဒီလိုလူက သူများကို အကြံဉာဏ်ပေးတက်တယ်။ ဘယ်လို အကြံဉာဏ်လဲဆိုတော့ " မလုပ်နဲ့ မလုပ်နဲ့၊ အဲ့ဒါ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရင် ဘယ်လို အခက်တွေ့လိမ့်မယ်။ အဆင်မပြေ ဖြစ်လိမ့်မယ်။ ရှိတဲ့ငွေလေး ဘဏ်မှာ ထည့်ထားလိုက်။ ဘဏ်တိုးလေးနဲ့ စား။ အေးအေးဆေးဆေး နေ။ ဒီခေတ်မှာ ဘာမှ မလုပ်တာ အကောင်းဆုံးပဲ။ လုပ်သမျှ အဆင်မပြေ ဖြစ်မယ်။ ကိုယ့်ဒုက္ခ ကိုယ်မရှာပါနဲ့ " အဲဒီလို လူမျိုးက ပေးတဲ့ အကြံဉာဏ်ကို ဘယ်လိုလူက ယူမလဲ။ သူလိုလူကပဲ ယူလိမ့်မယ်။ မစွန့်စားရရင် မနေနိုင်တဲ့သူကတော့ ဘဏ်တိုးလေးနဲ့ ထိုင်စားတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ စွန့်စားချင်တဲ့သူဟာ လကုန်မှ လခရတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ စွန့်စားချင်တဲ့သူဟာ ကိုယ့်အရည်အချင်းတွေကို တစ်မျိုးပြီး တစ်မျိုး သုံးနေရမှ ကျေနပ်နိုင်မယ်။ ကိုယ့်အရည်အချင်းတွေကို သုံးနေရမှ စွန့်စားတာလို့ ခေါ်တယ်။ ဘာအရည်အချင်းမှ မသုံးရရင် ဘယ်လို စွန့်စားမလဲ။ ပြီးတော့ အရည်အချင်းအသစ်တွေကို တိုးနေမှ ကျေနပ်နိုင်မယ်။ ငွေဘယ်လောက် ရရ ဘာအရည်အချင်းမှ မတိုးတတ်တဲ့နေရာမှာ မနေနိုင်ဘူး။ ပညာရတဲ့ နေရာကို ပြောင်းမယ်။ ပြောင်းတယ်ဆိုတာကိုက စွန့်စားတာပဲ။ ပြောင်းတယ်ဆိုတာ မသေချာတာကို လုပ်တာ။ ပြေ

sawsan ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ

ဒီနာမည်လေးနဲ့ ဧဒင်မှာ နေရာလေး တစ်ခုသတ်မှတ်ဖို့ စိတ်ကူးမိတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ပါပဲ။ ဗုဒ္ဓဘာသာကို လေ့လာဖြစ်ရတဲ့အကြောင်းက ကျနော့ စိတ်နဲ့ အံဝင်ဂွင်ကြမဖြစ်တာလေးတွေ၊ ကျနော့စိတ်ကို အနာတရဖြစ်စေလောက်တဲ့ အကြောင်းလေးတွေ တနည်းအားဖြင့် လောကဓံတစ်ခုခု ခက်ဆတ်ဆတ်ရိုက်ခံရတာများလာတဲ့ အခါမှ စပြီး ဘာသာရေးကို လေ့လာဖြစ်တာပါ။ သာမန်အားဖြင့် လောကဓံတစ်ခုခု ရိုက်ခံရတဲ့အခါ လူတွေမှ ဖြစ်တက်တာက တစ်ချို့ အရက်သောက်မယ် လောကကြီးကို ခဏမေ့ပစ်လိုက်မယ်၊ သွေးဆူလာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် အကုန်ပေါက်ကွဲပြီး ရင်ဖွင့်ပစ်လိုက်မယ်။ တစ်ချို့ကျ အားငယ်သွားတယ်၊ ငါကိုယ်က ကံဆိုးတာပါဆိုပြီး ကိုယ့်ပါနဲ့ကိုယ် ကြိတ်ခံစားနေတတ်တယ်။ နောက်ဆုံး မခံစားနိုင်တော့ရင် မသိစိတ်ကနေ ဖြေဖျောက်ပစ်လိုက်တယ်။ အသိစိတ်နဲ့ သိသိမှတ်မှတ် ဖြေဖျောက်တာ မဟုတ်တဲ့အတွက် စိတ်မှာ အတွင်းဒဏ်ရာနဲ့ မသိမသာ ကျန်နေခဲ့တက်တယ်။ တစ်ချို့က စာဖတ်တယ်၊ စာပေထဲက အသိပညာကို ရှာတယ်။ ပြီးတော့ အဲ့ဒီ အသိပညာနဲ့ လောကဓံတစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ သဘာဝကို သိအောင်လုပ်တယ်။ ကိုယ့်စိတ်သဘာဝကို သိအောင်လုပ်ရင်း လူတွေရဲ့ စိတ်သဘာဝ ဖြစ်တက် ပျက်တတ်တာတွေကို သိလာတယ်၊ နားလည်လာတယ်

sawsan ကိုယ့်အရည်အချင်းတွေကို အမြင့်ဆုံး ရောက်အောင် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်တာ၊ ကိုယ့်အရည်အချင်းတွေကို ပြည့်ပြည့်ဝဝ သုံးတာဟာ အင်မတန် အဆင့်မြင့်တဲ့ စွန့်စားမှု ဖြစ်တယ်။

များသောအားဖြင့် ကိုယ့်ကို သူများသုံးလို့ အဆင်ပြေအောင်ပဲ လုပ်ကြတယ်။ သူများက ကိုယ့်ကို ဘယ်နေရာမှာသုံးချင်သလဲ အဲ့ဒီနေရာမှာ အသုံးတည့်အောင် နေလိုက်တယ်။ သူများ ကိုယ့်ကို သုံးတာကိုပဲ တော်တော်ဟုတ်လှပြီလို့ ထင်နေကြတာ။ " လိုရင် ကျနော့ကို ခေါ်သုံးပါ.. နော် " လို့တောင် ပြောတာ ကြားဖူးတယ်။ ပညာသင်တာတောင် ကိုယ့်ကို သူများ အသုံးတဲ့အောင် ပညာသင်နေကြတာ။ ကိုယ့်အရည်အချင်းကောင်းတွေကို ကိုယ်သုံးရအောင် ပညာသင်တာ မဟုတ်ဘူး။ ကိုယ့်ကို သူများက အသုံးတည့်အောင် ပညာသင်ရတာကို သဘောကျနေတယ်။ တချို့တော့ ပညာသင်တာ ကိုယ့်ကို သူများ အသုံးတည့်တဲ့ အဆင့်တောင် မရောက်ဘူး။ ဘာဖြစ်လို့လဲ။ ကိုယ့်ဟာကိုယ်ပဲ ဖြေလိုက်ပါ။ သူများက ကိုယ့်ကို လိုရင်သုံးမယ် မလိုရင် မသုံးဘူး။ အဲဒီလို ဘဝမျိုးမှာ နေမယ်ပေါ့..။ နေပျော်တယ်ပေါ့..။ ရည်မှန်းချက်က အဲသလောက်ပဲ ထားသလား။ ကိုယ့်ကိုယ်ကို အဲဒီလို ဘဝမျိုးနဲ့ပဲ တန်တယ်လို့ ဆုံးဖြတ်ထားသလား။ အဲဒီလို ဆုံးဖြတ်ထားရင် အဲဒီလို ဘဝမျိုးမှာပဲ နေရမယ်။