Skip to main content

Posts

Showing posts with the label Lovingly

sawsan သူများဘဝကို ပုံတူကူးပြီး နေတဲ့သူဟာ ဘဝမရှိဘူး

သူများနဲ့မတူလို့ အခက်အခဲတွေ တော်တော်များခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်ကူးနဲ့ ပုံဖေါ်ပြီး နေရတာကို သိပ်ကျေနပ်ပါတယ်။ အဲဒီလိုနေရမှ ကိုယ့်စိတ်ဟာ အသက်ဝင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လိုချင်တဲ့ ပညာကို ရှာတတ်ရမယ်။ အဲဒီလိုမှ မရှာတက်သေးရင် ကိုယ့်မှာ ကိုယ်ပိုင်ဘဝဆိုတာ မရှိသေးဘူး။ သူများ ပြောပြမှ သိရမယ်။ သူများသင်ပေးမှ တတ်မယ် ဆိုရင် တကယ်သိတာ တကယ်တတ်တာ မဖြစ်နိုင်ဘူး။ မှတ်ထားတာပဲ ဖြစ်မယ်။ များများ မှတ်ထားတာ များများ မှတ်မိတာကို တတ်တယ်လို့ ထင်နေကြတယ်။ ကိုယ့်ကိုယ်ကို တကယ်ယုံကြည်တဲ့သူဟာ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးတော့ ကိုယ်အဖြေကိုကိုယ် ရှာတဲ့သူဖြစ်တယ်။ သူများ မေးခွန်းနဲ့ သူများဖြေကို ကျေကျေနပ်နပ် လက်မခံဘူး။ ဟုတ်တယ် မဟုတ်ဘူး။ မှန်တယ် မမှန်ဘူး ဆိုတာကို သေသေချာချာ စမ်းစစ်ဝေဖန်ပြီးမှ လက်ခံသင့်ရင် လက်ခံတယ်။

sawsan အကယ်၍ မြည်းတစ်ကောင်၏ သတ္တိဖြင့်....

ဓမ္မမောင်နှမတို ့ရေ ဒီရက်ပိုင်း အဆိုးလောကဓံတွေရဲ ့ ရိုက်ခတ်မှုအကြောင်း စဉ်းစားဖြစ်ရင်းက ပုံပြင်တစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ လောကီကြီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုအတွက်ပဲ ဖြစ်ဖြစ် ကြိုးစားနေကြသူတွေ အားလုံးအတွက် ဒီပုံပြင်နှင့် ကဗျာလေးမှ အနှစ်သာရတစ်ခုခု မိမိအတွက် ထုတ်ယူနိုင်လျင် အကျိုးများနိုင်လိမ့်မယ်လို ့ ယူဆမိလို ့ ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်။ အထူးသဖြင့်တော့ မိမိက စိတ်ထားမှန်မှန်ဖြင့် ရပ်တည်လုပ်ကိုင်နေပါလျက် အကြောင်းကြောင်းကြောင့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေကြရသူတွေ၊ ဘဝရဲ ့မထင်မှတ်တဲ့ အပြောင်းအလဲများကြောင့် ပိုင်ဆိုင်သမျှပြိုလဲပျက်ဆီးပြီး ဘဝကို အသစ်တစ်ဖန် သုညမှ ပြန်စနေရသူများအားလုံအတွက် စိတ်အားသစ်များ ဖြစ်စေဖို ့ ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ် ခင်ဗျား။ ပထမ ပုံပြင်လေးက ဆရာတော် ဦးဇောတိက ရဲ ့ “စိတ်ချမ်းသာဖို ့က လိုရင်းပါ” စာအုပ်ထဲကပါ။ မြည်းတစ်ကောင်ရဲ ့သတ္တိ တဲ့။ လယ်သမားတစ်ယောက်ရဲ ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ ့သခင်ကို ခေါ်တယ်။ လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို ့တွေးတယ်။ နောက်ဆုံ

sawsan ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)

အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်ဟု ဆိုသောကြောင့်.... ၁။ ယမကဝဂ္ဂ ၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုေဋ္ဌန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။ ၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။ 1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox. ၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေေဋ္ဌာ မနောမယာ။ မနသာ စေ ပသနေ္နန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။ ၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန

sawsan ဒုစရိုက် (၁၀) ပါးနဲ့ သုစရိုက် (၁၀)ပါး

ဒီ (၁၀)ချက်က ဒုစရိုက် (၁၀)ပါးလို့ခေါ်တယ်၊ သိအပ်တယ် မကျင့်အပ်ဘူးနော်..... ကာယ ဒုစရိုက် ၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း၊ ၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ၃) ကာမေသုမိစ္ဆာစာရ =သူတစ်ပါးသားမယားကို ပြစ်မှားခြင်း။ ဝစီဒုစရိုက် ၄) မုသာဝါဒ = လိမ်ညာပြောခြင်း၊ ၅) ပိသုဏဝါစာ = ကုန်းတိုက်စကားပြောခြင်း၊ ၆) ဖရူသဝါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောခြင်း၊ ၇) သမ္မပ္ပလာပ = အကျိုးမရှိသော စကားကိုပြောခြင်း။ မနောဒုစရိုက် ၈) အဘိဇ္ဈာ = သူတစ်ပါးဥစ္စာကို မတရားရရန်ကြံစည်ခြင်း၊ ၉) ဗျာပါဒ = သူတစ်ပါးပျက်စီးရန် ကြံစည်ခြင်း၊ ၁၀) မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း ဒီ(၁၀)ချက်ကတော့ ပုညကြိယဝတ္ထု(၁၀)ပါးလို့ခေါ်တယ်၊ သိလည်းသိအပ်တယ် ကျင့်လည်းကျင့်အပ်တယ်နော်

sawsan ပဋ္ဌာန်း (၂၄) ပစ္စည်း (ပုံနှင့်တကွရှင်းလင်းချက်)

ဒီ (၂၄) ပစ္စည်းအကျယ်ကို ကျနော် သိချင်နေတာ၊ စိတ်ဝင်စားနေတာကြာပါပြီ။ ကျနော်တို့ ပခုက္ကူ ရွေှမုတ်ဌောဘုရား မှာ ဆရာ SS ခင်မောင်အေး လျှူတမ်းထားတဲ့ (၂၄)ပစ္စည်းအကျယ်ကို ပုံနှင့်တကွသေချာရှင်းပြထားတာကို တွေ့လိုက်ရကတည်းက စာအုပ်ထဲမှာ သေချာရေးမှတ်ထားတာ ခုအဲ့ဒါတွေကို ဆရာလျှုထားတဲ့ မူရင်းပုံတွေအတိုင်းတွေ့ရတော့ လို စိတ်ဝင်စားတဲ့ သူတွေအတွက်....   ၁။ ဟေတု ပစ္စယော ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရားလည်းကောင်း။ (ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)   ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏ အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊ အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။   ၂။ အာရမ္မဏ ပစ္စယော အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)   ကြိုးလွန်၊ တောင်ဝှေး

sawsan နိုဘယ်ဆုရှင်မာသာထရီဆာ

ဘယ်လိုပဲဖြစ်စေ လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ် ဘယ်လိုပဲဖြစ်စေ..........သူတို့ကိုခွင့်လွှတ်လိုက်ပါ။ သင်ကသနားကြင်နာတတ်ရင် လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ် ဘယ်လိုပဲဖြစ်စေ..........သနားကြင်နာမြဲသနားကြင်နာပါ။ သင့်ဘဝမှာအောင်မြင်နေပြီဆိုရင် မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ် ဘယ်လိုပဲဖြစ်စေ..........အောင်မြင်အောင်ဆက်ကြိုးစားပါ။ လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ..........ရိုးသားဖြောင့်မတ်ပါ။ သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘဝတစ်ခုကို တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ် ဘယ်လိုပဲဖြစ်စေ..........တည်ဆောက်မြဲတည်ဆောက်ပါ။ သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင် သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ..........စိတ်အေးချမ်းအောင်နေပါ။ သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ..........ကောင်းတာကိုပဲဆက်လုပ်ပါ။ လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆု

sawsan အမှတ်ရနေတဲ့ ကဗျာလေးတစ်ပုဒ်

ကျနော်တို့ ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ် ကဗျာလေးက............. "မောင်ငယ်ရင်သွေး နာဘိသေးလော့၊ ရှေးသရောအခါ ပြည်ဗြာရာဝယ်၊ ကုဋေကြွယ်သား သူေဋ္ဌးသားလျှင်၊ သားတယောက်ဖြစ် ချစ်၍တစေ၊ အိမ်မှာနေ၍ စာပေမတတ်၊ မိဘစုတေ ခန္ဓာရွေ့သော်၊ အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊ သူေဋ္ဌးသားသည် သိုထားမတတ်၊ အရပ်ရပ်၌ နှံအပ်ဥစ္စာ ရှိသည်မှာကို၊ များစွာကျွန်ပေါင်း မကောင်းခိုးယူ၊ ယူ၍ပြေးရှောင် အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျှက် ခွက်လက်စွဲကာ တောင်းစားပါလည်း၊ နင်သာလူမိုက် ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကာ၊ ရွာမှထွက်၍ တောမှာသေသည်၊ ကောင်သေဠင်းဒ ကျ၏တည်း။" ဒီကဗျာလေးကို အမှတ်ပေါ်တိုင်း ဖတ်ရအောင်လို့ ဖတ်တိုင်း ဖတ်တိုင်းလည်း ကျနော်တို့အတွက် ဆင်ခြင်ဖွယ် အသိတစ်ခု ရနေတယ်လို့ ခံစားရလို့ တင်ထားလိုက်တာပါ။

sawsan လူတို့တွင် ဖြစ်တတ်တဲ့ ချို့တဲ့ရာ ချို့တဲ့ကြောင်းများ

၁။ ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတမှုမရှိရင် ... ကျန်းမာရေး ချို့တဲ့ တက်တယ်။ ဒါက ဟိုတုန်းက ကြားဖူးနားဝကို လက်ခံထားတာ၊ အခု ထပ်ဖြည့်ပေးချင်တာက ဒါကဖြင့် ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို ဝေဖန် ပိုင်းခြား ဆုံးဖြတ်၊ ဆင်ခြင် နိုင်တဲ့ ဉာဏ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတိုင်း သတ္တိရှိရှိ လိုက်နာ ကျင့်ကြံနိုင်တဲ့ ဝီရိယ အားနည်းရင်လည်း ကျန်းမာရေး ချို့တဲ့ တက်ပါတယ်။ ၂။ စာပေဗဟုသုတများကို သိလိုစိတ်ဖြင့် လေ့လာလိုက်စားမှု၊ အဆုံးအမ စကားများကို သိလိုစိတ်ဖြင့် လေ့လာဖတ်မှတ် နာကြားမှု အားနည်းရင် ... အသိပညာ ဉာဏ် ချို့တဲ့ တက်ပါတယ်။ ၃။ ကိုယ်အားကိုယ်ကိုး၍ ကျယ်ပြန့် နှံစပ်အောင် လေ့လာတက်မှု၊ ကိုယ့်ပင်ကိုယ် အရည်အသွေး၊ ကိုယ့်ဝါသနာကို ကိုယ်ကိုတိုင် သိအောင် ဖေါ်ထုတ် အသုံးချတက်မှု၊ မျှတ မှန်ကန်တဲ့ ဇွဲ၊ ဝီရိယ ရှိမှု၊ အချိန်ကို အကျိုးရှိရှိ အသုံးချတက်မှု စသည် တစ်ခုခုမှာ အားနည်းလွန်းနေရင် ... သိအပ် တတ်အပ်တဲ့ အတက်ပညာတစ်ခုခုကို ထွန်းပေါက်အောင် သင်ယူ လေ့လာတဲ့အခါမှာ ရရှိဖို့ ချို့တဲ့ တက်ပါတယ်။ ၄။ ကံ၊ ဉာဏ်၊ ဝီရိယ မျှတမှု မရှိရင် ... တစ်ခုခုမှာ အားနည်းလွန်းနေရင် လောကီ စည်းစိမ် ကြီးပွားချမ်းသာရေးမှာ ချို့တဲ့တက်ပါတယ်။ ၅။ မျှဝေပေးကမ်း စွန့်ကြဲ

sawsan အခွင့်အရေးဆိုတာ ကိုယ့်ဘဝကို ကိုယ် တာဝန်ယူနိုင်တဲ့ သူအတွက်ပဲဖြစ်တယ်။ တာဝန်မဲ့နေတဲ့သူ၊ စည်းမဲ့ကမ်းမဲ့ နေတဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူဖြစ်တယ်

ကိုယ့်ဘဝကိုကိုယ် တာဝန်မယူနိုင်တဲ့သူဟာ မေတ္တာဆိုတာကိုလည်း သူနားလည်မှာ မဟုတ်ဘူး။ မှီခိုတာ၊ တွယ်တာတာ၊ အားကိုးတာ၊ သနားတာကို သူနားလည်နိုင်မယ်။ မေတ္တာဆိုတာကို သူ နားမလည်နိုင်ဘူး။ မေတ္တာဆိုတာ လွတ်လပ်တဲ့သူ စိတ်ဓတ်အင်အားကြီးတဲ့သူ သူ့စိတ်မှာ ပြည့်စုံနေတဲ့သူရဲ့ စိတ်မှာ အလိုအလျောက်ဖြစ်လာတာ။ လုပ်ယူရတာ မဟုတ်ဘူး။ မေတ္တာမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ ဘာမျှော်လင့်ချက်မှ မရှိဘဲ ချစ်တာဟာ အင်မတန် စိတ်ဓတ်အင်အားကြီးပြီး လွတ်လပ်နေမှ ဖြစ်နိုင်တယ်။ မေတ္တာဟာ လွမ်းမိုးမှု မရှိဘူး။ မချုပ်ချယ်ဘူး။ မလွှမ်းမိုးပဲ ချစ်တယ်ဆိုတာလည်း စိတ်ဓတ် အင်မတန် ရင့်ကျက်ပြီး ပြည့်စုံနေမှ ဖြစ်နိုင်တယ်။ ကိုယ့်မှာ ချို့တဲ့နေရင် သူများဘဝနဲ့ ကိုယ့်ရဲ့ ချို့တဲ့မှုကို ဖြည့်ချင်တယ်။ အဲဒီလိုလူဟာ သူများကို ချုပ်ချယ်တယ်။ သူများဟာ ကိုယ့်ဘဝကို ပြည့်စုံသွားအောင် လုပ်ရမယ့် အသုံးခံပစ္စည်း ဖြစ်သွားတယ်။ ဒါကြောင့် မပြည့်စုံတဲ့ သူဟာ အရာရာတိုင်းကို သုံးဖို့ပဲ စိတ်ကူးတယ်။ ပြည့်စုံနေတဲ့သူဟာ မြတ်နိုးတယ်။ မြတ်နို်းနိုင်တာဟာ သူ့ရဲ့ စိတ်ကို ချမ်းမြေ့စေတယ်။ မှီခိုနေသူ နှစ်ဦးဟာ တစ်ဦးကို တစ်ဦး သုံးနေတယ်။ အသုံးတဲ့နေလို့ မခွဲနိုင်တာကို မေတ္တာလို့ အထင်မှားနေကြတယ်။

sawsan မိဘ ကျေးဇူးအကျေဆပ်နည်း

ဒီ blog လေးက ကျနော့ မွေးနေ့ (Feb 17) မှာ အပြီး ရေးခဲ့ပေမယ့် webpage ပေါ်ကို အခုမှ တင်ဖြစ်တာပါ။ ကျနော် ငယ်ငယ်က ကြားသိခဲ့တာက မိဘကျေးဇူးဆိုတာ ကြီးမားလွန်းလို့ ဆပ်လို့ မကုန်နိုင်ဘူး၊ ဆပ်လို့မရဘူးတဲ့၊ ဘုရားတောင် မိဘကျေးဇူးကို နို့ တစ်လုံးဖိုးပဲ ကြေအောင်ဆပ်နိုင်တယ်လို့ လူကြီးသူမတွေရဲ့ မိဘကျေးဇူး ကြီးမားပုံကို တင်စားပြောဆိုခဲ့တာတွေကို တကယ်ထင်မှတ်ခဲ့တယ်။ ကျနော့ အသက် ၂၀ နှစ်လောက်မှ စပြီး ဆရာတော်တစ်ချို့ရဲ့ ဟောကြားတဲ့ တရားတွေ၊ ရေးသားတဲ့စာတွေကို ဖတ်မှတ်၊ နာကြားရင်း ဆရာတော် ရှင်ဆန္ဒ္ဋာိကရေးသားတဲ့ မိဘကျေးဇူး အကြေဆပ်နည်းဆိုတဲ့ စာအုပ်လေးကို ဖတ်မိတော့ မိဘကျေးဇူးနှင့် ပါတ်သတ်လို့ ကျနော်ငယ်ငယ်က လက်ခံထားတဲ့ အသိအမြင်ဟောင်းတွေက ပြောင်းလဲသွားပါတယ်။ မိဘကျေးဇူးဆိုတာ အကျေဆပ်လို့ မရဘူးဆိုတာ မဟုတ်ပါ၊ ဘုရားတောင် နို့ တစ်လုံးဖိုပဲ ကြေအောင်ဆပ်နိုင်တယ် ဆိုတာ မဟုတ်ပါ၊ မိဘကျေးဇူးကြီးမားလွန်းလို့ တင်စားပြောခဲ့တဲ့ စကားတွေပါ။ မိဘကျေးဇူးကို ကျေအောင်ဆပ်မယ်ဆိုရင် ဆပ်လို့ရပါတယ်။ မိဘကျေးဇူး အကြေဆပ်နည်းကတော့ ္ဋမ္မလို့ခေါ်တဲ့ တရားဖြင့် ဆပ်မယ်ဆိုရင် မိဘကျေးဇူး အကျေဆပ်လို့ရပါတယ်။ တရားနဲ့ ဘယ်လို ဆပ်ရမလဲ?

sawsan အမျိုးသားတို့ တိုးတက်စေကြောင်းတရား (၄)ပါး (or) သမ္ပဒါတရား (၄)ပါး

မြတ်စွာဘုရားဟောကြားတော်မူသော လောကီတိုးတက်အောင်မြင်နည်း.. ၁။ ဉာဏ်ပါတဲ့ လုံလဝီရိယနှင့် ကြိုးစားအားထုတ်သူဖြစ်ရမယ်။ ၂။ ရရှိပြီးသော စည်းစိမ်ချမ်းသာကို ဆင်ခြင်ဉာဏ်ကင်း၍ အကျိုးမရှိသောနေရာ၌ သုံးဖြုန်းမိခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်ရမယ်။ ၃။ မိမိလုပ်နိုင်အားနှင့် ချိန်ဆပြီး မျှတမှန်ကန်စွာ အသက်မွေးမြူခြင်း ရှိသူဖြစ်ရမယ်။ ၄။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းသူ ဖြစ်ရမယ်။ တစ်ခုခြင်းကို အကျယ်အဓိပ္ပါယ်ဖွင့်ရရင် .. ၁။ ဉာဏ်ပါတဲ့ လုံလဝီရိယနှင့် ကြိုးစားအားထုတ်သူဖြစ်ရမယ်ဆိုတာ . . . >> တတ်သိနားလည် ကျွမ်းကျင်အောင် လေ့လာ၊ သေချာပိုင်နိုင်အောင်လုပ်နိုင်သလားဆိုတာ စဉ်းစား၊ ပိုင်ရင် လုပ်ဖို့ ဆုံးဖြတ်၊ အကွက်ကောင်း၊ အချိန်ကောင်းနေရာကောင်းကို သိအောင်လုပ်၊ တကယ်လိုအပ်မဲ့ ပစ္စည်းကရိယာပြည့်စုံရမယ်၊ လုပ်သင့်တာကို လုပ်ဖို့ အရေးကြီးသလို မလုပ်သင့်တာကို မလုပ်ဖို့လည်း အရေးကြီးတယ်။

sawsan ချစ်တတ်ပြီလား?

အချစ်နဲ့ ပါတ်သက်ပြီး ဘယ်နှစ်မျိုးလောက်ရှိလဲဆိုတာတော့ မသိပါဘူး။ ကျနော်စဉ်းစားမိသလောက်ကတော့ ကိုယ်က သူ့ကို ချစ်တာ၊ သူက ကိုယ့်ကို ချစ်တာ။ ဒါပဲလား ရှိသေးတယ်နော်၊ ကိုယ့်ကိုကိုယ်ချစ်တာ၊ သိပ်အရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့။ ကျနော်တွေးလို့ရသလောက်တော့ ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့နဲ့ ကိုယ်က သူ့ကို ချစ်တက်ဖို့ပဲ။ အခု ကျနော်ဆို ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ ကြိုးစားတုန်းမို့ သူတစ်ပါးကို ချစ်တတ်ဖို့ဆိုတာမလွယ်သေးဘူး။ ဘာလို့လဲဆိုတော့ ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ကောင်းကောင်းရပ်တည်နိုင်တဲ့ သူနှစ်ဦး တစ်ယောက်ကို တစ်ယောက်ချစ်တာမှ တကယ်ချစ်တာလို့ ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ တစ်ယောက်ကို တစ်ယောက် မှီ၊ တွယ်၊ နွယ်နေတာတွေကိုပဲ ခေါင်းစဉ်တပ်မှားနေကြတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်မှ သူတစ်ပါးကို ချစ်တတ်မယ်။ ဒါက ဆက်စပ်နေတယ်နော်။ ကိုယ့်ဘဝကိုကိုယ် တာဝန်ယူနိုင်တဲ့သူမှ အချစ်ဆိုတာကို နားလည်မှာ ကိုယ့်ကိုကိုယ် မချစ်တက်တဲ့သူ၊ ကိုယ့်ကိုကိုယ်တာဝန်မယူနိုင်သေးတဲ့သူဟာ မှီခိုတာ၊ တွယ်တာတာ၊ အားကိုးတာ၊ သနားတာ၊ သယောဇဉ်ရှိတာ တာတဲ့ အရာတွေကိုပဲ ချစ်တာလို့ ထင်နေတယ်။ လွတ်လပ်တဲ့အချစ် စစ်မှန်တဲ့အချစ်မျိုး သူမချစ်တတ်သေးဘူး။ သ

sawsan လောကဓံ (၈)ပါး

ကျနော် တွေ့မိသလောက်တော့ လူတော်တော်များများက လောကဓံဆိုရင် အဆိုးကြုံမှ လောကဓံပါလားဆိုပြီး သိကြတာများတယ်။ တကယ့်တော့ လောကဓံ (၈)ပါးက ဆန့်ကျင်ဘက် (၄)ခုစီ ပေါင်းထားတာဗျ။ ကိုယ့်ကိုကိုယ် ဆုံးမဖို့ အတွက်ရေးထားတဲ့အတိုင်းလေးပဲ ရေးပေးလိုက်မယ်နော်... > တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်.... ၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ------------- မာန်မတက်သင့်ဘူး။ ၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ------------- စိတ်မဆင်းရဲသင့်ဘူး။ ၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ------------ သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။ ၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ----------- ခပ်အေးအေးပဲနေတက်ရမယ်။

sawsan တိုးတက်ယောင်လူငယ်

မိဘတွေဆိုတာကတော့ သူတို့သားသမီးတွေအတွက် ယခုရော နောင်အနာဂါတ်အတွက်ပါ အကောင်းဆုံးကို သူတို့ လိုချင်ကြတယ်။ မပြင်မဆင်ဖြစ်မှာဆိုးလို့ အနာဂါတ်အတွက် အသင့်မဖြစ်မှာစိုးလို့ ကောင်းနိုးရာရာတွေ တပ်ဆင်ပေးဖို့ (သူတို့အတွေ့အကြုံအရ လုပ်ကြတယ်။ ဒါပေမယ့် မိဘတွေက "တွန်း" ကြလို့ကလေးတွေတကယ်တမ်းရသွားပါသလား? ကလေးတွေမှာ ကြားညပ်သွားတယ်။ မိဘတွေ၊ ဆရာတွေနဲ့ တခြားလူကြီးတွေ သဘောကျလုပ်ပေးချင်တဲ့ စိတ်နဲ့ "သူတို့ဟာ သူတို့ ဖြစ်ချင်တဲ့ စိတ်" "သူတို့ကြိုက်တာလုပ်ချင်တဲ့ စိတ်" နှစ်ခုကြားမှာ ကလေးတွေ ကြားညပ်သွားတာပါ။ အသိအမှတ်ပြုခံချင်တဲ့ လိုအင်က ကလေးတိုင်းမှာ တော်တော်ကောင်းတဲ့ လှုံ့ဆော်မှုဆိုတော့ လူကြီးတွေတောင်းဆိုမှုကို လေးခမျာ လိုက်လျောရှာတာပါပဲ။ အဲ့ဒီကလေးရဲ့ ဖွံ့ဖြိုးမှုကျတော့ အမှန်တကယ်ဖွံ့ဖြိုးမှုမဟုတ်တဲ့ ဖွံ့ဖြိုးမှုယောင် ဖွံ့ဖြိုးမှုတုပဲ ဖြစ်လာတယ်။ ဒါနဲ့ပဲ လူကြီးတွေရဲ့ ထိန်းချုပ်မှု ကြိုးအောက်မှာ ခံနေရတဲ့ ရုပ်သေးရုပ် ပုံစံ လူသတ္တဝါလေး ဖြစ်ရတယ်။ အဲ့ဒါ ကလေးတိုင်းတော့ မဟုတ်ပါဘူး။ မိဘ၊ ဆရာ၊ လူကြီးတွေရဲ့ လိုအင်တွေ မျှော်လင့်ချက်တွေကို မလိုက်လျောနိုင်တဲ့ ကလေးတွေလည်းရှိတယ်။ အဲ့ဒီ ကလေးတွေကိုတော့ လူကြ

sawsan မြော်မြင်စဉ်းစား ပညာစကား

Charles Dickens (ချားလ်စ် ဒစ်ကင်းစ်) >> No one is useless in this world who lightens the burden of it to anyone else. >> ကိုယ့်ရဲ့ဝန်ထုပ်ဝန်ပိုးကို အခြားသူအတွက် ပေါ့ပါးစေတဲ့ သူဟာ ကမ္ဘာပေါ်မှာ အသုံးမဝင်တဲ့လူ၊ အသုံးမကျတဲ့လူ မဟုတ်ဘူး။ (ကိုယ့်အတွက် ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကိုယ့်တာဝန်ကိုယ်သိပြီး ကိုယ့်အလုပ် ကိုယ်လုပ်တဲ့လူဟာ အသုံးဝင်တန်ဖိုးရှိတဲ့ လူသားဖြစ်တယ်ဟုဆိုလို) >> It is in the nature of things that man cannot really improve himself without in some degree improving other men. >> လူသားတစ်ဦးဟာ (ပတ်ဝန်းကျင်မှာ ရှိတဲ့)အခြားသူတွေကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် လုပ်မပေးဘဲနဲ့.. ကိုယ့်ကိုကိုယ် တကယ်တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး.. ဆိုတာ သဘာဝပါပဲ။   >> A loving heart is the truest wesdom. >> ချစ်ခင်မြတ်နိုး သစ္စာစောင့်သိတက်တဲ့ စိတ်နှလုံးဟာ၊ အစစ်မှန်ဆုံး အမှန်ကန်ဆုံး အမြော်အမြင် ဖြစ်တယ်။

sawsan ကိုယ့် ကိုယ်ကိုယ် အရှင်လတ်လတ် မြေမြှုပ်ခံနေသူများ

Not tobe occupied and not to exist amount to the same thing. (Voltaire) အလုပ်တစ်ခုခုကို စိတ်ပါလက်ပါ အလုပ်မနေတာနဲ့ ဘဝမရှိတာနဲ့ဟာ အတူတူလိုပါပဲ။ အလုပ်မရှိရင် ဘဝမရှိဘူး။ A useless life is an early death. (Goethe) ဘာမှ အသုံးမဝင်တဲ့ ဘဝဟာ စောစောဆီးဆီး သေသွားတဲ့ဘဝပဲ။ Idleness is the burial of a living man. (Taylor) ဘာမှ မလုပ်ပဲ ပျင်းရိနေတာဟာ အရှင်လတ်လတ် မြေမြှူပ်ခံနေရတာပါပဲ။ ပျင်းရိနေတဲ့သူဟာ အသက်ရှင်နေပေမဲ့ ဘဝသေနေတဲ့သူပါပဲ။ ပျင်းရိနေတဲ့သူမှာ ပညာလည်း မတိုးဘူး။ ဥစ္စာပစ္စည်းလည်း မတိုးဘူး၊ မိတ်ဆွေကောင်းလည်း မတိုးဘူး၊ စိတ်ချမ်းသာမှုလည်း မတိုးဘူး။ ပျင်းရိနေတဲ့ သူကို ဘယ်သူကမှ မလေးစားဘူး။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှု မရှိနိုင်ဘူး။ ပျင်းတဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ပျင်းတာဟာ နာမည်သာဆိုးတာ လူတော့ တော်တော်သက်သာတယ်တဲ့။ ရေရှည်မှာတော့ ပျင်းတဲ့သူဟာ အဆင်ပြေတဲ့ဘဝကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ အခု သက်သာအောင်နေတဲ့ သူဟာ နောက်တော့ မသက်သာဘူး။ ကိုယ့်မှာ ပျင်းတက်တဲ့ သူငယ်ချင်း ရှိသလား။ သူ့ကို သတိထားပါ။ သူက ကိုယ့်ကို ခင်တယ်ဆိုပြီး ကိုယ့်အချိန်တွေကို လာဖြုန်းမယ်။ သူ့ဆီကကောင်းတာ ဘာမှ မရနိုင်ဘူး။ အကြံကောင်း ဉာဏ်ကောင်

sawsan ကိုယ့်ဉာဏ်ကိုကိုယ် သုံးချင်တယ်

လူတစ်ယောက်အနေနဲ့ နှမြောစရာ အကောင်းဆုံးဟာ ဘာလဲဆိုတော့ သူ့အသိဉာဏ် အဆင့်မြင်သင့်သလောက် မမြင့်လာတာ။ အဲဒါ သိပ်နှမြောဖို့ ကောင်းတာပဲ။ သူ့ရဲ့ အရည်အချင်းတွေ၊ လုပ်ရည်ကိုင်ရည်တွေ မြင့်သင့်သလောက် မမြင့်လာတာဟာ သိပ်နှမြောဖို့ ကောင်းတယ်။ တချို့နေရာမှာကျတော့ သိတဲ့ အသိအပိုင်းဟာ မြင့်လာပြီ။ ဒါပေမဲ့ အဲဒါကို သုံးရမည့် နေရာကျတော့ သုံးလို့ မရတာတို့ ၊ သုံးခွင့်မရတဲ့ အခြေအနေမျိုးတို့ ကြုံရတာတွေ ရှိတယ်။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် သိပြီးတော့ ကိုယ့်ဟာကိုယ် တွေးပြီး ပြောလို့ မရတာတွေရှိတယ်။ အခြေအနေအရ မပြောသင့်ဘူး ဆိုပြီးတော့ ချန်ထားတာတွေလည်း ရှိတာပေါ့။ အဲဒါစိတ်ထဲမှာ အတော်ခံစားရတာပဲ။ တစ်ချို့ သူတို့ ပညာအရည်အချင်း အဆင့်မြင့်မြင့်တွေ သင်ခဲ့ရတယ်။ တချို့ဆို ဒေါက်တာဘွဲ့၊ ဆရာဝန်ဘွဲ့တွေ ရခဲ့ပြီး တစ်ချို့ အင်ဂျင်နီယာဘွဲ့တွေ ရပြီးတော့ အလုပ်တွေ လုပ်ပြီးတော့ အလုပ်ထဲမှာ အတွေ့အကြုံ ၁ဝ နှစ်၊ ၁၅ နှစ်လောက် အတွေ့အကြုံရှိထားပြီးပြီ။ အရည်အချင်းတော်တော် အဆင့်မြင့်နေတယ်နော်။ ဒါပေမဲ့ အခြေအနေ တစ်ခုခုကြောင့် သူတို့ အရည်အချင်းကို သုံးခွင့်မရတော့ဘူး။ အရည်အချင်းနဲ့ မကိုက်တာတွေ သူတို့ အရည်အချင်းကို မသုံးရတဲ့ အလုပ်မျိုးတွေကို လုပ်နေရတယ်။ အဲ့ဒါ

sawsan ဟောဒီတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ငါအသက်ရှင်နေရတာ

> ငါဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ တစ်ယောက်ဖြစ်ရမယ်။ ဒါဟာ ငါ့ဘဝမှာ အရေးအကြီးဆုံး အခြေခံအကျဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ > ငါလိုချင်တဲ့ ပညာကို ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ်။ မြင့်မြတ်တဲ့အမှန်တရားကို သိနိုင်တဲ့သူ ဖြစ်ရမယ်။ > ငါလိုချင်တဲ့ ဝင်ငွေကို ကောင်းတဲ့နည်းနဲ့ လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ်။ > ငါလုပ်တဲ့ အလုပ်ဟာ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့ အလုပ်ဖြစ်ရမယ်။ ငါ့အသိုင်းအဝိုင်းထဲမှာ ငါယူသင့်တဲ့တာဝန်ကို ယူတဲ့သူ ဖြစ်ရမယ်။ > ငါ့ကိုယ်ကိုငါ လေးစားတဲ့သူ ဖြစ်ရမယ်။ ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာကို လူအများ လေးစားနိုင်ရမယ်။ ငါ့ရဲ့ ရိုးသားမှု ဖြောင့်မတ်မှုကို အစစ်ဆေး ခံနိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသားထားနိုင်ရင် ဘယ်သူမဆို အောက်တန်းကျတဲ့သူ မဖြစ်တော့ဘူး။ ဂုဏ်သိက္ခာရှိတဲ့သူပဲ ဖြစ်မယ်။ ဘဝကို တကယ် အသက်ဝင်စေတာ ကိုယ် အင်မတန် ဖြစ်ချင်တဲ့ ကောင်းတဲ့ ရည်ရွယ်ချက် ဦးတည်ချက်ပဲ။ ဦးတည်ချက်တစ်ခု ရှိရမယ်။ ဒါလုပ်ဖို့ ငါအသက်ရှင်နေရတာလို့ ပြောနိုင်ရမယ်နော်။ ဟောဒီကိစ္စကို အကောင်အထည် ဖေါ်နိုင်ဖို့၊

sawsan လွတ်လပ်သူ၏ တာဝန်ယူတက်သော စိတ်ထား

လွတ်လပ်မှုဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်တွေ အတော်တော်များတယ်။ ပညာရှင်တော်တော်များများ ကိုယ့်အမြင်နဲ့ ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။ လွတ်လပ်မှုရဲ့ အဓိပ္ပါယ်အမျိုးမျိုး သဘာဝအမျိုးအမျိုးကို စိတ်ဝင်စားပါတယ်။ လွတ်လပ်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင်နေဖို့ ကိုယ်ယူရမယ့် တာန်ဝန်ကို ခေါ်တာတဲ့။ ဒီစကားအရ လွတ်လပ်မှုဆိုတာ တာဝန်လို့ အဓိပ္ပါယ်ရတယ်နော်။ ဘယ်လိုတာဝန်လဲ။ ကိုယ့်ဘဝကို ကိုယ်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင် နေရမယ့်တာဝန်။ ကိုယ့်နည်း ကိုယ့်ဟန်လည်း ဖြစ်ရမယ်။ အကောင်းဆုံးလည်း ဖြစ်ရအုံးမယ်။ အဲဒါ နည်းတဲ့တာဝန် မဟုတ်ဘူး။ ဘယ်လို ဘဝမျိုးကို နေချင်သလဲဆိုတာကို သိတဲ့သူ တော်တော်နည်းပါတယ်။ ငယ်ငယ်ကတည်းက အပြစ်မရှိတဲ့ ကိစ္စတွေမှာ လွတ်လွတ်လပ်လပ်လုပ်တက်တဲ့ အလေ့အကျင့် အခွင့်အရေးကို ရခဲ့တဲ့သူမှသာ ကြီးလာတဲ့အခါ ကိုယ်ဘယ်လိုဘဝမျိုးကို နေချင်တယ်ဆိုတာ သိနိုင်မယ်။ ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကူးနဲ့ကိုယ် ကောင်းတာတွေကို လုပ်ခွင့်မရခဲ့ရင် ကိုယ်ဘယ်လို ဘဝမျိုးကို နေချင်တယ်ဆိုတာ မသိနိုင်တော့ဘူး။ " ဒီနေ့ တစ်နေ့တာလုံး ငါဘာလုပ်မယ်ဆိုတာကို သေသေချာချာ စဉ်းစားတဲ့အကျင့် မရှိတဲ့သူဟာ ကိုယ့်ဘဝကို ကိုယ်ဘယ

sawsan လွတ်လပ်တဲ့သူဟာ မယုံသင့်တာကို မယုံတော့ဘူး

ကိုယ့်ရဲ့ အသိဉာဏ်ကို နေရာတိုင်းမှာ သုံးပါ။ ကိစ္စတိုင်း ကိစ္စတိုင်းမှာ ထောင့်စေ့အောင်စဉ်းစားပါ။ ကောင်းကောင်းလေ့ကျင့်ပြုစုထားတဲ့ အသိဉာဏ်နဲ့နေသွားမှ လောကကြီးမှာ နေရတာ အဆင်ပြေမယ်၊ ကိုယ့်ဘဝ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မယ်။ အသိဉာဏ်ကို ဖွံ့ဖြိုးအောင် ပြုစုမထားတဲ့ သူတွေဟာ မကြောက်သင့်တာတွေကို ကြောက်နေတယ်။ အားမကိုးသင့်တာကို အားကိုးကြတယ်။ ဗေဒင်ကိုအားကိုးတယ်။ နတ်ကို အားကိုးတယ်။ ဘိုးတော်တွေ မယ်တော်တွေကို အားကိုးတယ်။ ကိုယ့်ဘဝကို သူများလက်ထဲကို ထည့်လိုက်တယ်။ ဗေဒင်က ကြောက်အောင်ပြောရင် ကြောက်တယ်။ ဗေဒင်ဆရာက ခိုင်းတာကို လုပ်တယ်။ ဂြိုလ်တွေဟာ ကမ္ဘာမြေကြီးလိုပါပဲ၊ နေကို ဗဟိုရ်ပြုပြီးတော့ လှည့်သွားနေကြတယ်။ သူတို့က လူတစ်ယောက်ချင်းရဲ့ ဘဝကို ဘယ်လိုမှ ကောင်းအောင်ဆိုးအောင်မလုပ်နိုင်ပါဘူး။ နက္ခတ်ဆိုတာက အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးပါတယ်။ အဝေးမှာရှိတဲ့ ကြယ်တွေကို ကိုယ့်နေရာကနေ ကြည့်ပြီးတော့ ကိုယ်ဖေါ်ချင်တဲ့ပုံကို ဖေါ်ပြီး စိတ်ကူးယဉ်အဓိပ္ပါယ်တွေ ကောက်ကြတယ်။ အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးတဲ့ ကြယ်တစ်လုံးက ဒီကမ္ဘာမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝကို ကောင်းအောင်ဆိုးအောင် လုပ်နိုင်သလား။ ဒါကို ယုံတယ်ဆိုရင်တေ