v2rayNG မှာလည်း VPN မသုံးချင်တဲ့ App (or) vpn သုံးဖို့မလိုတဲ့ App ကို 1111 မှာဖယ်ထားလို့ရသလို ဖယ်လို့ရပါတယ်၊ ဖယ်ထားသင့်ပါတယ်၊ Banking app, Google Auth စသည် VPN သုံးစရာမလိုတဲ့ App တွေ အများကြီးရှိပါတယ်။ VPN လိုတဲ့ App အနည်းငယ်ကိုသာ ရွှေးချယ်အသုံးပြုပြီး VPN မလိုတဲ့ App တွေကို ဖယ်ထားခြင်းအားဖြင့် VPN Server မှာလည်း Data Traffic အသုံးပြုမှု့နည်းစေသလို VPN traffic လိုအပ်လို့ အသုံးပြုတဲ့ App တွေအတွက်လည်း ပိုကောင်းစေပါတယ်။ 1111 VPN နဲ့ v2rayNG မှာ ရပါတယ် outline မှာတော့မရပါဘူး။ အဲ့လိုလုပ်ထားခြင်းအားဖြင့် VPN မလိုတဲ့ App တွေသုံးတဲ့အခါ VPN ဖွင့်ထားလို့ ဝင်မရတာ၊ VPN ပိတ်ရ ပြန်ဖွင့်ရတာတွေအတွက်လည်း အဆင်ပြေသွားပါလိမ့်မယ်။