Skip to main content

Posts

Showing posts with the label Qamp;A

sawsan ကျနော့ရဲ့ တိုးတိုးတိတ်တိတ် နည်းပညာအမေးအဖြေများ

ကျနော်က နည်းပညာတွေ စိတ်ဝင်စားတယ် ဒါကြောင့် ဧဒင်က member တွေနဲ့ အပြင်က ကျနော့ သူငယ်ချင်းတွေ ကျနော့ကို မေးထားထားတဲ့ မေးခွန်းလေးတွေကို ကျနော် ကြိုးစားပမ်းစား ဖြေထားတာလေးတွေပါ။ ကဲကြည့်ကြည့်အောင် .. Q > ကျနော့ Anti-virus က key တောင်းနေလို့ပါ။ ဘယ်လိုလုပ်ရမလဲမသိဘူးဗျ။ A > အန်တီဗိုင်းရပ်က ကီးတောင်းနေရင် အန်ကယ်ဗိုင်းရပ်ကို ပြောင်းသုံးကြည့်ပါ။ Q > ကျနော့ Desktop ကွန်ပျုတာလေးက အရမ်းလေးနေလို့ပါ။ ကူညီပါဦး။ A > ဟုတ်ပါတယ် Desktop ကွန်ပျုတာတွေက လေးပါတယ်။ ပထမဆုံး တစ်ခုခြင်း မ ရွှေ့ကြည့်ပါ။ ဒါမှ လေးသေးတယ်ထင်ရင် laptop ကိုပြောင်းသုံးပါ။ ကျနော်လည်း Desktop ကလေးတယ်ထင်လို့ိ့ laptop ပဲပြောင်းသုံးနေပါတယ်။ Q > ဥယျာဉ်မှူး ၅ ရှင့် အခု ကျမ ကွန်ပျုတာကို Virus တစ်ကောင်ကိုက်နေလို့ ဘယ်လိုလုပ်ရမလဲ ရှင့်၊ A > ဒီလိုဖြေရှင်းကြည့်ပါ။ အခု ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က သာမန် ခက်သေးသေး Virus တစ်ကောင်ဆိုရင် အဲ့ဒီ Virus ကိုက်နေတဲ့နေရာကို ရေပက်တိုက်ပြီး နေပူပြလိုက်ပါ။ ဒါမှ မသေသေးရင် အရက်ပြန်နဲ့ သေချာပွတ်ဆေးပြီး သတ်ကြည့်ပါ။ တကယ်လို့ ကွန်ပျုတာမှာ ကိုက်နေတဲ့ Virus က ကြီးနေတယ်ဆိုရင် သတိထားပါ။ မီးညှပ်နဲ့ သေချာညှပ