Skip to main content

Posts

Showing posts with the label Skill

sawsan Self Study ဆိုတာ ဘာလဲ

စိတ်ဝင်စားတဲ့တစ်ခုခုကို အမြဲ သိချင်တတ်ချင်စိတ်ရှိတဲ့လူတိုင်း Self Study နဲ့ မကင်းပါဘူး။ Self Study ဆိုတာ ကိုယ်သိချင်တတ်ချင်တဲ့အရာကို ကိုယ်တိုင်လေ့လာအားထုတ် ကိုယ်တိုင်သင်ယူခြင်း အစပိုင်းမှာ ပင်ပမ်းခက်ခဲပေမယ့် နေ့စဉ် တစ်ခုခုကို အမြဲရှာဖွေစူးစမ်းလေ့လာ စမ်းသပ်ပီး Self Study အားကောင်းအောင် Train သွားမယ်ဆိုရင် ၃နှစ် ၄နှစ်လောက်ဆို Self Study အားကောင်းလာပါပီ.. ၁၀စုနှစ်တစ်ခုလောက် Train လာခဲ့ရင်တော့ သိချင်တဲ့အရာတွေကို အခက်အခဲမရှိ ကောင်းကောင်းလေ့လာသင်ယူနိုင်ပါပီ။ Self Study က အဲ့လို နှစ်တွေအကြာကြီး Train ယူရတာလား? တကယ်တော့ ကျနော်တို့ မသေမခြင်း လေ့လာသင်ယူမှု့တွေက မပီးဆုံးတာမို့ Self Study ကလည်း မသေမခြင်းလုပ်နေရမယ့် ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ။ ကျယ်ပြန့်ခက်ခဲနက်နဲတဲ့ ပညာရပ်တွေကို သိချင်တတ်ချင်တဲ့အခါ အချိန်တိုအတွင်းမှ မြန်မြန်တတ်ဖို့ သင်တန်းတွေတတ်ကြတယ်၊ Self Study ကို သိပ်မလုပ်ကြဘူး တစ်ချို့က ရှောင်နေတယ် ပျင်းနေတယ် ရေသာခိုနေတယ် ကိုယ့်ပါကိုယ်လုပ်ဖို့ မှားမှာကြောက်နေတယ် အချိန်ပိုကုန်တယ်လို့ တွေးပလိုက်ကြတယ်။ သင်တန်းရဲ့ အားသာချက်က အချိန်တိုအတွင်းမြန်မြန်သိမယ်တတ်မယ် အမှားနည်းမယ် လူသက်သာတယ် မသိတာရှိရင် မေး