Skip to main content

Posts

Showing posts with the label Speech

sawsan Steve Jobs Speech

Apple တည်ထောင်သူ စတိဗ်ဂျော့ ၏ ၂၀၀၅ ခုနှစ် စတန်းဖို့တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားခဲ့သော ထင်ရှားသည့် မိန့်ခွန်း အားလုံးပဲ မင်္ဂလာပါ။ အခုလို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက်ရောက်ပို့ချခွင့် ရတဲ့အတွက် အလွန် ဝမ်းသာမိပါတယ်။ အမှန်အတိုင်းပြောရရင်၊ ကျွန်တော် ဘွဲ့မရခဲ့ဖူးလို့ ဘွဲ့နှင်းသဘင်ဆိုတာကို အခုမှအနီးစပ်ဆုံး ကြုံရတာပါ။ ဒီကနေ့ ကျွန်တော့်ဘဝအတွေ့အကြုံကနေ ရရှိထားတဲ့ သင်ခန်းစာ သုံးခုအကြောင်းကို ပြောပြချင်ပါတယ်။ ပထမသင်ခန်းစာကတော့ ပေါင်းစပ်ခြင်းအနာဂါတ် သဘောတရားပါ။ ကျွန်တော် ရိဒ်တက္ကသိုလ်မှာ (၆) လပဲတက်ပြီး ဆက်မတက်ဖြစ်လိုက်ပါဘူး။ ဒါပေမယ့် နောက်ထပ် (၁) နှစ်ခွဲလောက် ကျောင်းပါတ်ဝန်းကျင်မှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ။ ဒါ ကျွန်တော်မမွေးခင်ကတည်းက စခဲ့တဲ့ဇာတ်လမ်းပါ။ ကျွန်တော့်အမေရင်းဟာ ငယ်ရွယ်ပြီး ဘွဲ့ရပညာတတ် မဟုတ်တဲ့သူ တစ်ဦးပါ။ ကျွန်တော့်ကို ဘွဲ့ရပညာတတ် အသိုင်းအဝိုင်းမှာ ကြီးပြင်းစေချင်တဲ့အတွက် မွေးစားဖို့ ပေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှေ့နေတစ်ဦးနဲ့သူ့ဇနီးက ကျွန်တော့်ကို မွေးစားဖို့ပြောဆိုပြီးခါမှ လက်မှတ်ထိုးရမယ့် အချိန်မှာ မိန်းကလေးလိုချင်တာ ဖြစ်နေ