Skip to main content

Posts

Showing posts with the label Upgrade

sawsan အမျိုးသားတို့ တိုးတက်စေကြောင်းတရား (၄)ပါး (or) သမ္ပဒါတရား (၄)ပါး

မြတ်စွာဘုရားဟောကြားတော်မူသော လောကီတိုးတက်အောင်မြင်နည်း.. ၁။ ဉာဏ်ပါတဲ့ လုံလဝီရိယနှင့် ကြိုးစားအားထုတ်သူဖြစ်ရမယ်။ ၂။ ရရှိပြီးသော စည်းစိမ်ချမ်းသာကို ဆင်ခြင်ဉာဏ်ကင်း၍ အကျိုးမရှိသောနေရာ၌ သုံးဖြုန်းမိခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်ရမယ်။ ၃။ မိမိလုပ်နိုင်အားနှင့် ချိန်ဆပြီး မျှတမှန်ကန်စွာ အသက်မွေးမြူခြင်း ရှိသူဖြစ်ရမယ်။ ၄။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းသူ ဖြစ်ရမယ်။ တစ်ခုခြင်းကို အကျယ်အဓိပ္ပါယ်ဖွင့်ရရင် .. ၁။ ဉာဏ်ပါတဲ့ လုံလဝီရိယနှင့် ကြိုးစားအားထုတ်သူဖြစ်ရမယ်ဆိုတာ . . . >> တတ်သိနားလည် ကျွမ်းကျင်အောင် လေ့လာ၊ သေချာပိုင်နိုင်အောင်လုပ်နိုင်သလားဆိုတာ စဉ်းစား၊ ပိုင်ရင် လုပ်ဖို့ ဆုံးဖြတ်၊ အကွက်ကောင်း၊ အချိန်ကောင်းနေရာကောင်းကို သိအောင်လုပ်၊ တကယ်လိုအပ်မဲ့ ပစ္စည်းကရိယာပြည့်စုံရမယ်၊ လုပ်သင့်တာကို လုပ်ဖို့ အရေးကြီးသလို မလုပ်သင့်တာကို မလုပ်ဖို့လည်း အရေးကြီးတယ်။