Skip to main content

Posts

Showing posts with the label chance

sawsan လူ့သဘာဝ

ဘဝဟာ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ခွင့်ရနေတယ်လို့ထင်နေတာဖြစ်ဖြစ် သူများရဲ့ခြယ်လှယ်မှုအောက်မှာ အလုံးစုံကျရောက်နေတယ်လို့ထင်နေတာဖြစ်ဖြစ် အစွန်းရောက်တဲ့အတွေးတွေပါဘဲ။ ငါးတစ်ကောင်ဟာ ဘယ်တီကောင်ကို ဖြစ်ဖြစ် ရွေးခြယ်စားလို့ရတယ်။ ဒါပေမဲ့ ငါးမြားချိတ်ပါတဲ့ တီကောင်ကို စားမိတာဟာ ရွေးခြယ်မှုမှားယွင်းတာ သက်သက်မဟုတ်ဘူး။ သတ္တဝါမှန်သမျှဟာ အစာစားရမယ်။ နားရမယ်။ မျိုးဆက်သစ်တွေမွေးထုတ်ရမယ်။ ကိုယ့်ရဲ့ မိသားစုကိုကာကွယ်ရမယ်။ ကျူးကျော်လာသူကို တွန်းလှန်ရမယ်။ ဗီဇက သတ္တဝါတိုင်းဆီမှာ စေ့ဆော်တွန်းအားပေးနေတဲ့ သဘာဝတရားဖြစ်တယ်။  မွေးခါစ ဖြူစင်တဲ့ကလေးလေးမှာတောင် လောဘ၊ ဒေါသ၊ မောဟ တွေကပါလာပြီးသားပါဘဲ။ ဘဝအစမှာကထဲက ဒုက္ခနဲ့ သုခဟာ ယှဉ်တွဲပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ဖြစ် ဒုက္ခမကင်းနိုင်သလို ဘယ်လောက်ဆင်းရဲတဲ့သူဖြစ်ဖြစ် သုခနဲ့မကင်းပါဘူး။ တကယ်တမ်း လူတွေဟာ ငါးတွေထက်အများကြီးပိုညဏ်မကောင်းပါဘူး။  ငါးမြှားချိတ်မှာ မိနေတဲ့ လူတွေမှ အပုံကြီးပါဘဲ။ ရယူလိုစိတ်နောက်မှာ ရုန်းထွက်မရတဲ့ ချိတ်နဲ့ငြိနေကြတာပါဘဲ။ ငါဘာဖြစ်ချင်တယ် ဘာဖြစ်ရမယ် ဆိုတာတွေက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချည်တဲ့ကြိုးတွေပါဘဲ။ လူဆိုတာ တခြားသတ္တဝါတွေထက်ညဏ်ကောင်

sawsan အခွင့်အရေးဆိုတာ ကိုယ့်ဘဝကို ကိုယ် တာဝန်ယူနိုင်တဲ့ သူအတွက်ပဲဖြစ်တယ်။ တာဝန်မဲ့နေတဲ့သူ၊ စည်းမဲ့ကမ်းမဲ့ နေတဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူဖြစ်တယ်

ကိုယ့်ဘဝကိုကိုယ် တာဝန်မယူနိုင်တဲ့သူဟာ မေတ္တာဆိုတာကိုလည်း သူနားလည်မှာ မဟုတ်ဘူး။ မှီခိုတာ၊ တွယ်တာတာ၊ အားကိုးတာ၊ သနားတာကို သူနားလည်နိုင်မယ်။ မေတ္တာဆိုတာကို သူ နားမလည်နိုင်ဘူး။ မေတ္တာဆိုတာ လွတ်လပ်တဲ့သူ စိတ်ဓတ်အင်အားကြီးတဲ့သူ သူ့စိတ်မှာ ပြည့်စုံနေတဲ့သူရဲ့ စိတ်မှာ အလိုအလျောက်ဖြစ်လာတာ။ လုပ်ယူရတာ မဟုတ်ဘူး။ မေတ္တာမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ ဘာမျှော်လင့်ချက်မှ မရှိဘဲ ချစ်တာဟာ အင်မတန် စိတ်ဓတ်အင်အားကြီးပြီး လွတ်လပ်နေမှ ဖြစ်နိုင်တယ်။ မေတ္တာဟာ လွမ်းမိုးမှု မရှိဘူး။ မချုပ်ချယ်ဘူး။ မလွှမ်းမိုးပဲ ချစ်တယ်ဆိုတာလည်း စိတ်ဓတ် အင်မတန် ရင့်ကျက်ပြီး ပြည့်စုံနေမှ ဖြစ်နိုင်တယ်။ ကိုယ့်မှာ ချို့တဲ့နေရင် သူများဘဝနဲ့ ကိုယ့်ရဲ့ ချို့တဲ့မှုကို ဖြည့်ချင်တယ်။ အဲဒီလိုလူဟာ သူများကို ချုပ်ချယ်တယ်။ သူများဟာ ကိုယ့်ဘဝကို ပြည့်စုံသွားအောင် လုပ်ရမယ့် အသုံးခံပစ္စည်း ဖြစ်သွားတယ်။ ဒါကြောင့် မပြည့်စုံတဲ့ သူဟာ အရာရာတိုင်းကို သုံးဖို့ပဲ စိတ်ကူးတယ်။ ပြည့်စုံနေတဲ့သူဟာ မြတ်နိုးတယ်။ မြတ်နို်းနိုင်တာဟာ သူ့ရဲ့ စိတ်ကို ချမ်းမြေ့စေတယ်။ မှီခိုနေသူ နှစ်ဦးဟာ တစ်ဦးကို တစ်ဦး သုံးနေတယ်။ အသုံးတဲ့နေလို့ မခွဲနိုင်တာကို မေတ္တာလို့ အထင်မှားနေကြတယ်။