Skip to main content

Posts

Showing posts with the label copy

sawsan သူများဘဝကို ပုံတူကူးပြီး နေတဲ့သူဟာ ဘဝမရှိဘူး

သူများနဲ့မတူလို့ အခက်အခဲတွေ တော်တော်များခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်ကူးနဲ့ ပုံဖေါ်ပြီး နေရတာကို သိပ်ကျေနပ်ပါတယ်။ အဲဒီလိုနေရမှ ကိုယ့်စိတ်ဟာ အသက်ဝင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လိုချင်တဲ့ ပညာကို ရှာတတ်ရမယ်။ အဲဒီလိုမှ မရှာတက်သေးရင် ကိုယ့်မှာ ကိုယ်ပိုင်ဘဝဆိုတာ မရှိသေးဘူး။ သူများ ပြောပြမှ သိရမယ်။ သူများသင်ပေးမှ တတ်မယ် ဆိုရင် တကယ်သိတာ တကယ်တတ်တာ မဖြစ်နိုင်ဘူး။ မှတ်ထားတာပဲ ဖြစ်မယ်။ များများ မှတ်ထားတာ များများ မှတ်မိတာကို တတ်တယ်လို့ ထင်နေကြတယ်။ ကိုယ့်ကိုယ်ကို တကယ်ယုံကြည်တဲ့သူဟာ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးတော့ ကိုယ်အဖြေကိုကိုယ် ရှာတဲ့သူဖြစ်တယ်။ သူများ မေးခွန်းနဲ့ သူများဖြေကို ကျေကျေနပ်နပ် လက်မခံဘူး။ ဟုတ်တယ် မဟုတ်ဘူး။ မှန်တယ် မမှန်ဘူး ဆိုတာကို သေသေချာချာ စမ်းစစ်ဝေဖန်ပြီးမှ လက်ခံသင့်ရင် လက်ခံတယ်။