Skip to main content

Posts

Showing posts with the label damapara

sawsan ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)

အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်ဟု ဆိုသောကြောင့်.... ၁။ ယမကဝဂ္ဂ ၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုေဋ္ဌန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။ ၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။ 1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox. ၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေေဋ္ဌာ မနောမယာ။ မနသာ စေ ပသနေ္နန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။ ၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန