Skip to main content

Posts

Showing posts with the label early death

sawsan ကိုယ့် ကိုယ်ကိုယ် အရှင်လတ်လတ် မြေမြှုပ်ခံနေသူများ

Not tobe occupied and not to exist amount to the same thing. (Voltaire) အလုပ်တစ်ခုခုကို စိတ်ပါလက်ပါ အလုပ်မနေတာနဲ့ ဘဝမရှိတာနဲ့ဟာ အတူတူလိုပါပဲ။ အလုပ်မရှိရင် ဘဝမရှိဘူး။ A useless life is an early death. (Goethe) ဘာမှ အသုံးမဝင်တဲ့ ဘဝဟာ စောစောဆီးဆီး သေသွားတဲ့ဘဝပဲ။ Idleness is the burial of a living man. (Taylor) ဘာမှ မလုပ်ပဲ ပျင်းရိနေတာဟာ အရှင်လတ်လတ် မြေမြှူပ်ခံနေရတာပါပဲ။ ပျင်းရိနေတဲ့သူဟာ အသက်ရှင်နေပေမဲ့ ဘဝသေနေတဲ့သူပါပဲ။ ပျင်းရိနေတဲ့သူမှာ ပညာလည်း မတိုးဘူး။ ဥစ္စာပစ္စည်းလည်း မတိုးဘူး၊ မိတ်ဆွေကောင်းလည်း မတိုးဘူး၊ စိတ်ချမ်းသာမှုလည်း မတိုးဘူး။ ပျင်းရိနေတဲ့ သူကို ဘယ်သူကမှ မလေးစားဘူး။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှု မရှိနိုင်ဘူး။ ပျင်းတဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ပျင်းတာဟာ နာမည်သာဆိုးတာ လူတော့ တော်တော်သက်သာတယ်တဲ့။ ရေရှည်မှာတော့ ပျင်းတဲ့သူဟာ အဆင်ပြေတဲ့ဘဝကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ အခု သက်သာအောင်နေတဲ့ သူဟာ နောက်တော့ မသက်သာဘူး။ ကိုယ့်မှာ ပျင်းတက်တဲ့ သူငယ်ချင်း ရှိသလား။ သူ့ကို သတိထားပါ။ သူက ကိုယ့်ကို ခင်တယ်ဆိုပြီး ကိုယ့်အချိန်တွေကို လာဖြုန်းမယ်။ သူ့ဆီကကောင်းတာ ဘာမှ မရနိုင်ဘူး။ အကြံကောင်း ဉာဏ်ကောင်