Skip to main content

Posts

Showing posts with the label existence

sawsan နောင်ဘ၀အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်

လူဝင်စားတွေနဲ့ပါတ်သက်လို့ သေချာ စဉ်းစားကြည့်တော့ “ ငါလည်း အတိတ်ဘဝက အမျိုးမျိုးဖြစ်ခဲ့မှာပဲ၊ အခု လူ့ဘဝဖြစ်ပြီ။ နောင်လည်း အများကြီး ဖြစ်ရဦးမှာပဲ။ ” ဘာတွေဖြစ်မယ်ဆိုတာ အတိအကျ မပြောနိုင်ဘူးပေါ့။ သို့သော် ဖြစ်မယ်ဆိုတာတော့ သိတယ်။ ဖြစ်မယ်ဆိုတာ သိလို့ရှိရင် အခုဖြစ်နေတဲ့ ကိစ္စတွေထဲမှာ ဘယ်လို အကြောင်းအကျိုးတရားတွေရှိနေသလဲဆိုတာကို သဘောပေါက်လို့ရှိရင် နဲနဲလောက်တော့ ကြိုတင်ပြင်ဆင်လို့ရတယ်။ အမြော်အမြင်ရှိတဲ့လူဆိုရင် ဒီလိုပဲ တွေးရတော့မှာနော်။ ကြိုတင်ပြင်ဆင်ထားရရင် ကောင်းတယ်။ ဘယ်လိုဖြစ်ရရင် ကောင်းမလဲဆိုတာကို သေသေချာချာရွေှးပြီးတော့ ဘာတွေ ကြိုတင်ပြီး လုပ်ထားရရင် ကောင်းမလဲဆိုတာကို သေသေချာချာ စဉ်းစားတော့တာပဲ။ အဲဒီလို နောက်ဘဝအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ကို စဉ်စားတော့ အခုဘဝမှာ လုပ်ရတာတွေဟာ ပိုပြီးလေးနက်လာတယ်။ ဘဝသံသရာ အမြင်ရှိတဲ့သူစာ ဘဝကို ပိုပြီး လေးလေးနက်နက် ခံယူတယ်။ သေပြီးရင် ဘာမှ ပြန်မဖြစ်တော့ဘူးလို့ ယုံကြည်နေတဲ့သူဟာ ဘဝကို ဘယ်လို လေးလေးနက်နက် နားလည်နိုင်မလဲဆိုတာ တော်တော်တွေးရခက်တယ်။