Skip to main content

Posts

Showing posts with the label gratitude

sawsan မိဘ ကျေးဇူးအကျေဆပ်နည်း

ဒီ blog လေးက ကျနော့ မွေးနေ့ (Feb 17) မှာ အပြီး ရေးခဲ့ပေမယ့် webpage ပေါ်ကို အခုမှ တင်ဖြစ်တာပါ။ ကျနော် ငယ်ငယ်က ကြားသိခဲ့တာက မိဘကျေးဇူးဆိုတာ ကြီးမားလွန်းလို့ ဆပ်လို့ မကုန်နိုင်ဘူး၊ ဆပ်လို့မရဘူးတဲ့၊ ဘုရားတောင် မိဘကျေးဇူးကို နို့ တစ်လုံးဖိုးပဲ ကြေအောင်ဆပ်နိုင်တယ်လို့ လူကြီးသူမတွေရဲ့ မိဘကျေးဇူး ကြီးမားပုံကို တင်စားပြောဆိုခဲ့တာတွေကို တကယ်ထင်မှတ်ခဲ့တယ်။ ကျနော့ အသက် ၂၀ နှစ်လောက်မှ စပြီး ဆရာတော်တစ်ချို့ရဲ့ ဟောကြားတဲ့ တရားတွေ၊ ရေးသားတဲ့စာတွေကို ဖတ်မှတ်၊ နာကြားရင်း ဆရာတော် ရှင်ဆန္ဒ္ဋာိကရေးသားတဲ့ မိဘကျေးဇူး အကြေဆပ်နည်းဆိုတဲ့ စာအုပ်လေးကို ဖတ်မိတော့ မိဘကျေးဇူးနှင့် ပါတ်သတ်လို့ ကျနော်ငယ်ငယ်က လက်ခံထားတဲ့ အသိအမြင်ဟောင်းတွေက ပြောင်းလဲသွားပါတယ်။ မိဘကျေးဇူးဆိုတာ အကျေဆပ်လို့ မရဘူးဆိုတာ မဟုတ်ပါ၊ ဘုရားတောင် နို့ တစ်လုံးဖိုပဲ ကြေအောင်ဆပ်နိုင်တယ် ဆိုတာ မဟုတ်ပါ၊ မိဘကျေးဇူးကြီးမားလွန်းလို့ တင်စားပြောခဲ့တဲ့ စကားတွေပါ။ မိဘကျေးဇူးကို ကျေအောင်ဆပ်မယ်ဆိုရင် ဆပ်လို့ရပါတယ်။ မိဘကျေးဇူး အကြေဆပ်နည်းကတော့ ္ဋမ္မလို့ခေါ်တဲ့ တရားဖြင့် ဆပ်မယ်ဆိုရင် မိဘကျေးဇူး အကျေဆပ်လို့ရပါတယ်။ တရားနဲ့ ဘယ်လို ဆပ်ရမလဲ?