Skip to main content

Posts

Showing posts with the label mythink

sawsan တစ်ခါတုန်းက..

ကိုယ့်စိတ်ကိုထိန်းမနိုင်သေးတဲ့အခါ ပေါက်ဆိန်ကို မြစ်ထဲအကြိမ်ကြိမ်ပစ်နေတဲ့လူလိုပဲပေါ့.. တစ်နေ့တော့.. အသိနဲ့အကျင့် တစ်ထပ်ထည်းကျလောက်ရဲ့... ဟိုတုန်းကတော့ အသိပညာကို စုဆောင်းဖို့ စာအုပ်တွေများကြီးဖတ်ပီး ခေါင်းထဲမှာ Data တွေစုဆောင်းရတာ ဝါသနာတစ်ခုလိုတောင် ဖြစ်ခဲ့တယ်..  စာတွေဖတ် အသိပညာတွေစုဆောင်းပီး ကိုယ်တိုင်သိတဲ့အတိုင်း မကျင့်ကြံတဲ့အခါ လူတွေကြားမှာ စကားပြောကောင်းသူ နှံစပ်အောင်လေ့လာသူသာ ဖြစ်လာတယ်။ ငယ်ငယ်က အဖေ့စာအုပ်သေတ္တာထဲက ပီမိုးနှင်းစာအုပ်တွေများကြီးဖတ်ပီး စာအုပ်ထဲက တန်ဖိုးရှိတဲ့အသိပညာတွေအကြောင်းသူငယ်ချင်းကိုပြန်​ပြောဖြစ်တဲ့အခါ သူငယ်ချင်းပြောတာလေး အမှတ်ရမိတယ်... ငါက စာဖတ်ပျင်းတယ် မင်းလောက်စာမဖတ်ဘူး ဒါပေသိ မင်းဖတ်တဲ့စာအုပ်တွေထဲက ပီမိုးနင်းစာအုပ်ထဲက အချိန်ရယ် ငွေရယ် စည်းကမ်းရှိဖို့ရယ် ဒီ ၃ခုအကြောင်းပဲဖတ်ပီး ဒီ ၃ခုကိုပဲ တကယ်လိုက်နာကျင့်သုံးရင်ကို ဘဝမှာတော်တော်အဆင်ပြေပီ ထပ်မဖတ်တော့ဘူးတဲ့ တကယ်တော့ သိဖို့လိုအပ်သလို သိသလောက်ကျင့်နိုင်ဖို့ ပိုအရေးကြီးတာ ဆိုပီးပြောတာကို အမှတ်ရနေတယ်။ အသိနဲ့အကျင့် တစ်ထပ်ထည်းကြဖို့ သတိအမြဲထားဖို့လိုတယ် ကိုယ်စိတ်ကို အလိုမလိုက်ဖို့လိုတယ် စိတ်ကိုလွတ်မပစ်ဖို့လိုတယ်။ မြတ်စ

sawsan လူ့စိတ်

လူ့သဘာဝ စိတ်ရဲ့သဘောက သတိမထားပဲ လွတ်ပေးထားရင် ကြုံရာအာရုံတစ်ခုခုအပေါ်မှာမျောပါသွားတတ်သလို ခံစားလို့ရတဲ့အာရုံမှန်သမျှ ကိုယ်သန်ရာသန်ရာ ခံစားတတ်တဲ့သဘော ခံစားချင်တဲ့သဘောလေးတွေရှိတယ်။ ပျော်စရာ စိတ်ချမ်းသာစရာတွေကို ခံစားတတ်သလို ဝမ်းနည်းစရာ ကြောက်စရာ စိတ်တိုစရာ စိတ်ညစ်စရာတွေကိုလည်း တွေးပီး ခံစားနေတတ်သေးတယ်။  ကိုယ့်စိတ်အာရုံ ဘယ်အပေါ်မှာ ကျက်စားနေသလဲဆိုတာ သတိမထားမိတဲ့အခိုက်မှာ ပေါ်ရာအာရုံတစ်ခုခုနောက်ကိုလိုက်သွားတတ်တယ် တစ်ခါတစ်လေမှာလည်း အတွေးအာရုံတွေကို ကိုယ့်ဘာသာစိတ်ကူးပုံဖော် ဖန်တီးပီး လွှင့်မျောနေတတ်တယ်။  စိတ်ကို သတိမထားပဲ ပေါ်ရာအာရုံနောက်လိုက်ပီး လွတ်ပေးထားရင် စိတ်ပင်ပမ်းပီး စိတ်ညစ် စိတ်ဓတ်ကျလာတတ်တယ် အချိန်ကုန် အချည်းအနှီးဖြစ်တတ်တယ်၊ ကိုယ့်စိတ်ကို သတိထားပီးစောင့်ကြည့်နေရင် အဆင်မပြေတာ အခက်အခဲတွေ စိတ်ညစ်စရာတွေ ရှိရင်တောင် စိတ်ကိုငြိမ်းချမ်းသက်သာစေပီး ဖြေရှင်းနိုင်မယ့် လမ်းစ စိတ်ခွင့်အားတွေ ရစေတယ်။

sawsan ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်မယ်

၁။ ဘုရား = သစ္စာ(၄)ပါးမြတ်တရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်သိ၍ သူတစ်ပါးကိုလည်း သိအောင်ဟောပြောနိုင်သူ ၂။ တရား = သိသင့်သိထိုက်သော သဘာဝအကြောင်းအကျိုးအမှန်တရား ၃။ သံဃာ = စောင့်ထိန်းအပ်သော သက္ခာကို စောင့်ထိမ်း၍ ဘုရားအဆုံးအမများကိုပြန်လည် ဟောပြောသူ။ ဒါန၊ ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နိုင်သောနေရာ ၄။ မိဘ = မှန်ကန်သောဦးတည်ချက်ဖြင့် ကိုယ့်လမ်းကို လျောက်နိုင်အောင် လမ်းညွှန်ပြသ ဖေးမကူညီပေးခဲ့သူ ၅။ ဆရာ = ဘဝမှာကြုံတွေ့ရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်အောင် အတန်းပညာ၊ အတက်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မျှဝေသင်ကြားပေးခဲ့သူ ၆။ ဉာဏ် = အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိတာ (ဆရာတော်ဥုံးသုမင်္ဂလအမြင်ကို လက်ခံထားခြင်းဖြစ်ပါသည်) ၇။ သီလ = ကိုယ်၊ နှုတ်၊ စိတ်ကို စောင့်ထိမ်းခြင်း ၈။ သမာဓိ = တည်ကြည်ခြင်း ၉။ ပညာ = ဘဝမှာ ကြုံတွေရမည့် အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိစေရန် အထောက်အပံ့ဖြစ်သောအရာ ၁၀။ ဒိဋ္ဌိ = အယူမှားခြင်း (ဘုရားမပွင်မီက) ၁၁။ ဒိဋ္ဌိ = အမြင် (ဘုရားပွင်းပြီးကာလ) ၁၂။ ကုသိုလ် = လောဘ၊ ဒေါသ၊