Skip to main content

Posts

Showing posts with the label overwrought

sawsan အများဆုံး စိတ်ပင်ပန်းစေတဲ့သူတွေ

Other people can be a big source of stress in our life. သူတစ်ပါးဟာ ကိုယ့်ဘဝမှာ စိတ်ပင်ပန်းမှု ဖြစ်စေနိုင်တဲ့ကြီးမားတဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတာထက် ဖြစ်နေတယ်ဆိုတာက ပိုမှန်တယ်။ သတိထား ကြည့်စမ်းပါ။ ကိုယ့်ဘဝမှာ ပြောရေးဆိုရေး။ ဆက်ဆံရေး အဆင်မပြေလို့ ဘယ်လောက် စိတ်ပင်ပန်းနေရတယ်တာ...။ အားလုံးပဲ ကြုံဖူးကြမှာပါ။ ကိုယ့်ဘဝကို သူတစ်ပါးက လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ခံစားဖူးကြမှာပါ။ ကိုယ့်ကို အတင်းအကြပ် သူတို့သဘောအတိုင်း လုပ်ခိုင်းတာတွေ ကြုံဖူးကြပါတယ်။ သူတို့ကိစ္စတွေလုပ်ပေးဖို့ ကိုယ့်အချိန်တွေကို မရမကတောင်းဆိုကြတယ်။ ပြောရဆိုရ ဆက်ဆံရတာ သိပ်ခက်ခဲတယ်။ ရန်လိုတယ်။ ကိုယ်က မျှော်လင့်ထားသလို လုပ်မပေးဘူး။ ကိုယ့်ကို အလေးမထားဘူး၊ ဂရုမစိုက်ဘူး၊ ကိုယ့်ရဲ့ခံစားချက်ကိုလည်း အလေးမထားဘူး၊ ဂရုမစိုက်ဘူး။ တစ်ဖတ်သတ်အနိုင်ကျင့်ပြီး ဆက်ဆံနေတာတွေ တွေ့ကြုံဖူးမှာပဲ။ ဒါမျိုးက ဆက်ဆံရေးတိုင်းမှာ တွေ့ရတက်ပါတယ်။ တော်တော်များများ တွေ့ရတယ်။ တဖတ်သားရဲ့ ဆန္ဒ၊ တဖတ်သားရဲ့ ခံစားချက်ကို လုံးဝ အသိအမှတ်မပြုဘူး။ တန်ဘိုးမထားဘူး။ ငါပြောသလိုလုပ်၊ ငါသိတယ်၊ မင်းတို့ ဘာမှပြောစရာ မလိုဘူးဆိုပြီး ရာနှုန်းပြည့် control လုပ်ထားကြတယ်။