Skip to main content

Posts

Showing posts with the label sure

sawsan သေချာတာတစ်ခုက သေမှာပါ

“သေခြင်းတရားဟာ သူတော်ကောင်းတို့ရဲ့ မိတ်ဆွေ” ဆိုတဲ့ စကားကို အမြဲတမ်းလိုလို ကြားယောင်နေမိပါတယ်။ ဒီစကားသံလေး ကြားယောင်တိုင်းမှာ သမုတိမရဏကို ဆင်ခြင်ဖြစ်သွားပါတယ်။ တစ်သက်တစ်ခါသေရမယ့် သမုတိမရဏဟာ သံဝေဂဉာဏ်အတွက် အထောက်အပံ့ကောင်းတစ်ခုပါပဲ။ သို့မဟုတ်ရင် သူများတွေပဲ သေပြီး ကိုယ်တစ်ယောက်ပဲ မသေတော့သလို၊ သူများတွေရဲ့ နာရေးကြော်ငြာတွေကိုပဲ ကိုယ်ဖတ်နေရပြီး ကိုယ့်နာရေးကြော်ငြာကို သူများတွေ ဖတ်ခွင့်မရှိတော့သလို ဖြစ်တက်ပါတယ်။ ကိုယ့်ကိုယ်ကို မသေတော့ဘူး၊ မသေနိုင်ဘူး၊ မသေသေးဘူးလို့ ထင်ထားတဲ့သူဟာ ပညာတက်ရင် တက်သလို မာနတွေ မို့မောက်လာတက်ပါတယ်၊ ဥစ္စာရှိရင် ရှိသလို မာနတွေ ပြည့်လျှံလာတက်ပါတယ်။ ရာထူးရှိရင် ရှိသလို၊ အရွယ်ရှိရင် ရှိသလို၊ နာမည်ကျော်ရင် ကျော်သလို လောကီဂုဏ်တွေမြင့်ရင် မြင့်သလို၊ မာနအဆိပ်တွေကို သောက်မျိုနေမိတက်ပါတယ်။ “ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ” အချိန်မရွေး သေသွားနိုင်တယ်လို့ ဆုံဖြတ်ချက်ချမထားရင်ပြောတာ၊ ပြုတာ၊ တွေးတာတွေမှာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေကသာ ခိုအောင်းနေပြီး မရှိတဲ့ “ငါ”ကို အရှိထင်မှတ်ပြီး ဦးစားပေးရှေ့တန်းတင် နေဖြစ်တတ်တယ်။ ဒါကြောင့်မို့ “ ဝိပဿနာအစ သံဝေဂဉာဏ်က” လို့ ဆရာအရှင်တွေက ဆုံးမထ