Skip to main content

Posts

Showing posts with the label true

sawsan အမှန်ကို တားသည့် အတားအဆီးနှင့် ပယ်ရမည့် အယူ

အမှန်ကို တားသည့် အတားအဆီး ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ယုံကြည်လက်ခံရန် အင်အားရာခိုင်းနှုန်း အတော်များသည့် လူသတ္တဝါတို့သည် စဉ်းစားဖို့ ပျင်းရိကြ၏။ နက်နဲသော အချင်းအရာတစ်ခုကို စဉ်စားရခြင်း အလုပ်သည် ဦးနှောက်ရှုပ်စေသည်ဟု ဆိုကြ၏။ စဉ်စားရသော အလုပ်၌ ဝါသနာထုံသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများ ရှိနေကြပြန်လေသည်။ (၁) မိရိုးဖလာ အစဉ်အလာကို မပယ်နိုင်ခြင်း၊ (၂) သဘာ၀ကျ-မကျကိုဆုံးဖြတ်နိုင်သော ဉာဏ်နည်းပါးခြင်း၊ (၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်းတို့ ဖြစ်ကြလေသည်။ (ရွေှဥဒေါင်း)

sawsan ဒုစရိုက် (၁၀) ပါးနဲ့ သုစရိုက် (၁၀)ပါး

ဒီ (၁၀)ချက်က ဒုစရိုက် (၁၀)ပါးလို့ခေါ်တယ်၊ သိအပ်တယ် မကျင့်အပ်ဘူးနော်..... ကာယ ဒုစရိုက် ၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း၊ ၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ၃) ကာမေသုမိစ္ဆာစာရ =သူတစ်ပါးသားမယားကို ပြစ်မှားခြင်း။ ဝစီဒုစရိုက် ၄) မုသာဝါဒ = လိမ်ညာပြောခြင်း၊ ၅) ပိသုဏဝါစာ = ကုန်းတိုက်စကားပြောခြင်း၊ ၆) ဖရူသဝါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောခြင်း၊ ၇) သမ္မပ္ပလာပ = အကျိုးမရှိသော စကားကိုပြောခြင်း။ မနောဒုစရိုက် ၈) အဘိဇ္ဈာ = သူတစ်ပါးဥစ္စာကို မတရားရရန်ကြံစည်ခြင်း၊ ၉) ဗျာပါဒ = သူတစ်ပါးပျက်စီးရန် ကြံစည်ခြင်း၊ ၁၀) မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း ဒီ(၁၀)ချက်ကတော့ ပုညကြိယဝတ္ထု(၁၀)ပါးလို့ခေါ်တယ်၊ သိလည်းသိအပ်တယ် ကျင့်လည်းကျင့်အပ်တယ်နော်