2006 လ လယ်လောက်မှာ AGTI (EP)နဲ့ ကျောင်းပြီးတာ။ ကျောင်းပြီးတော့ အိမ်မှာ ယောင်ဝါးဝါးရယ်.. ၊ EP နဲ့သာ ကျောင်းပြီးတာ Testra တောင်ကောင်းကောင်းစမ်းတက်တာ မဟုတ် ;) ကျောင်းစာကလည်း V=IR ဒါပဲ မှတ်မိတော့တယ် ဟား..။ အိမ်မှာ ပျင်းတာနဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်တယ်။ စာတော်တော်ဖတ်ဖြစ်တော့ ဘာဖြစ်လာလဲ စာရေးဆရာဖြစ်ချင်လာတာပေါ့။ ကျနော့ ညီလေး (10)တန်းရောက်တော့ ညီလေးအတွက် ရေးပေးတဲ့ ကဗျာတစ်ပုဒ် Youth မဂ္ဂဇင်းမှာပါလိုက်သေးတယ်။ အတော်ပျော်သွားတယ်။ ကိုယ်ရေးတဲ့စာကို အသိအမှတ်ပြုပြီး ပုံနှိပ်စာလုံးနဲ့ဖေါ်ပြခံရလို့။ အဲ့ကဗျာလေး ပြန်မျှဝေဦးမယ်.. “လိုတာယူ… ယူတာပေး” သင်ကြားမျှဝေ နားထောင်နေ ဂရုစိုက်လို့ စိတ်ဝင်စား စဉ်းစားဉာဏ်ကြောင့် နားလည်သွား လေ့ကျင့်မှုဖြင့် ကျွမ်းကျင်လာ အသုံးချခြင်းနှင့် မျှဝေပါ။ ‘Bring the need.. Give the brings’ - Listen to the teaching share - Interest with great attention - Unterstant as thinking - Become skillful from exercise - Share with applying. composed by saw san ဒီကဗျာလေးဗျ မြန်မာလိုရေးပြီးမှ အင်္ဂလိပ်လို ဘာသာပြန်ထားတာ။ အဲ့လိုနေရင်း ၆ လ၊ ရ လ လောက် အချိန်ကုန်သွားတယ်။