Skip to main content

Posts

Showing posts with the label why

sawsan ဘာဖြစ်လို့ မရင့်ကျက်တာလဲဆိုတော့

ကိလေသာက အမျိုးမျိုးလှည့်စားတတ်တယ်။ လိုချင်တာလေးရရင် ချမ်းသာမယ်။ ဖြစ်ချင်တာလေးဖြစ်ရင် ချမ်းသာမယ်လို့ ထင်တာနော် … ဒီလိုထင်နေရင်တော့ မှားတယ်။ အဲဒါ မိမိစိတ်က မိမိကို လှည့်စားတာပဲ။ ငါလိုချင်တာ၊ ငါဖြစ်ချင်တာတွေ အကုန်လုံးဖြစ်ရရင် စိတ်ချမ်းသာမယ်ဆိုတာဟာ စိတ်ရဲ့ လှည့်စားမှုပါပဲ။ လောကရဲ့ သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေ အများကြီးထဲက နဲနဲပါးပါးလောက်ပဲ ဖြစ်မယ်။ ဖြစ်လာတဲ့ ကိစ္စတိုင်းဟာလည်း ကိုယ့်စိတ်တိုင်းကျ ဖြစ်မှာမဟုတ်ဘူး။ စိတ်တိုင်းကျဖြစ်လာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ့ သဘာဝကိုက ဒီအတိုင်းပဲ။ မကျေနပ်ခြင်းဆိုတဲ့ သဘောဟာ စိတ်ရဲ့ သဘာဝပဲ။