Skip to main content

Posts

Showing posts with the label win

sawsan အနိုင်လည်းမယူ အရှုံးလည်းမပေး

အချို့လူတွေကျတော့လည်း သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိတာကြောင့် အနိုင်ရမှ ကြိုက်တယ်၊ အနိုင်ရနေမှ နေသာထိုင်သာရှိတယ်၊ အဲ့ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲ ကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ ပြဿနာဖြစ်အောင်လုပ်တက်တယ်။ အဲဒီလိုလူဟာ သူများကို အထက်စီးကနေပြောရမှ ဆက်ဆံရမှ သူ့ကိုယ်သူ သိပ်ဟုတ်တယ်လို့ ထင်တယ်။ အမှန်တော့ သူဟာ 'င့ါကို လူတွေ အထင်မကြီးဘူး' လို့ ကျိတ်ပြီးတော့ တွေးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကို သူများတွေ ကြောက်တာကိုလိုချင်တယ်။ လူတိုင်းကို နိုင်ရမှ ကျေနပ်တယ်။ ပြဿနာတစ်ခု ကြုံလာရင် သူကပဲ အနိုင်ရမှ။ သဘောထား အယူအဆ မတူတာတွေ့ရင် သူ့အယူအဆကို မှားမှားမှန်မှန် ခေါင်းညိတ်မှ ကြိုက်တယ်။ သူဟာလူလူချင်း ဆက်ဆံရေးအားလုံးကို လွှမ်းမိုးမှု ချုပ်ကိုင်မှုအနေနဲ့ပဲ မြင်တော့တယ်။ ဒါပေမဲ့ ရေရှည်မှာ လူတွေအပေါ် ရန်လိုမုန်းထားတဲ့ စိတ်ရှိပြီး ပြဿနာဖြစ်တိုင်း သူကချည်းပဲ အနိုင်ရချင်နေလို့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတဲ့လူဟာ ဆက်ဆံရေး အဆင်မပြေဘူး။ သူ့ကို လူတွေက ရှောင်လိမ့်မယ်။ သူ့အနားမှာနေတဲ့ လူတွေကလည်း သူပြောသမျှ ခေါင်းညိတ်တဲ့သူတွေဖြစ်နေလိမ