Skip to main content

Posts

Showing posts with the label work

sawsan အလုပ်

အတန်းထဲမှာ အမှတ်ကောင်းတဲ့ သူငယ်ချင်းတွေ၊ စာတော်တဲ့ သူငယ်ချင်းတွေ ဘဝမှာ တကယ်ပဲ အောင်မြင်ပါသလား။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ဘူးလို့တွေ့ရသတဲ့။ ဒီလိုပြောတာကတော့ ယေးလ်တက္ကသိုလ်ကပါမောက္ခ ဒေါက်တာရောဘတ်စတင်းဘာ့ချ်ပဲ ဖြစ်တယ်။  သူဟာ ဉာဏ်ရည်ဉာဏ်သွေး သုတေသနမှာ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ရတာ ဒီလူတွေဟာ တကယ်မှ ကျောင်းမှာ တော်ရဲ့လား။ စာမေးပွဲတွေကပဲ လွယ်လာလို့လား။ မဟုတ်ပါဘူး။ အတန်းတိုင်းလိုလိုမှာ တကယ်တော်သူများ ရှိတယ်။ သူတို့ဟာ တကယ်တော်ကြောင်း ကျောင်းဆရာ လုပ်ဖူးသူတိုင်း သိကြတယ်။  ပါမောက္ခ ရောဘတ်စတင်းဘာ့ချ်က လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးပေါ် မူတည်တယ်လို့ သူကဆိုတယ်။ ဒီဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းကို ပါမောက္ခစတင်းဘာ့ချ် က တင်သွင်းခဲ့တယ်။ အံ့အားသင့်စရာ ကောင်းတာက သင့်မှာ အောင်လက်မှတ် စက္ကူတွေ များလေလေ၊ နေ့စဉ် ပြဿနာများကို ဖြေရှင်းနိုင်မှုအား နည်းလေလေပဲတဲ့။ ထိုသူများဟာ လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးအတွက် ရမှတ်တွေလည်း နည်းသတဲ့။  လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ကျောင်းစာတော်တာနဲ့ တခြားစီ ဖြစ်နေတယ်။ တစ်ခါတစ်ခါ ဆန့်ကျင်

sawsan အလုပ် လုပ်မှသာ

Work is also a way of connecting with the larger world. အလုပ်ဟာ အပြင်လောကကြီးနဲ့ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။ အလုပ်လုပ်တဲ့သူရဲ့ လောကဟာကျယ်တယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူ များတယ်။ လောကအကြောင်းကို သူပိုသိတယ်။ လူတွေအကြောင်းကို သူပိုသိတယ်၊ လောကဓံအမျိုးမျိုးနဲ့ အခက်အခဲ့အမျိုးမျိုးနဲ့ အမြဲတွေ့နေရလို့ အခက်အခဲကို သူမကြောက်ဘူး၊ သူ့အရည်အချင်းတွေဟာ အမြဲတိုးနေတယ်။ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတယ်။ အလုပ်မလုပ်တဲ့သူရဲ့ လောကစာ ကျဉ်းမြေင်းတယ်။ သူ့မှာ သိတဲ့သူ ခင်တဲ့သူနဲတယ်။ သူဟာ လူတွေအကြောင်းကို သိပ်မသိဘူး။ အခက်အခဲတွေကို ရင်ဆိုင်ရတာနဲလို့ သူဟာ အခက်အခဲကို ရင်ဆိုင်ရမှာ ကြောက်တက်တယ်၊ သူ့အရည်အချင်းတွေဟာ ထွက်မလာနိုင်ဘူး။ အလုပ်လုပ်ရင် ပင်ပန်းတယ်ဆိုတော့ အလုပ်မလုပ်ဘဲနေရင် ကောင်းသလား၊ မကောင်းဘူးနော်၊ တချို့လူတွေဟာ မိဘကလည်း ကျေွးထားနိုင်တော့ အလုပ်မလုပ်ဘဲနဲ့ နေတာတွေရှိတယ်နော်။ သူတို့နဲ့ ကျောင်းနေဖတ် အတူတူတွေ တချို့က အလုပ်ထဲရောက်သွားပြီ၊ လေး,ငါး,ဆယ်နှစ်လောက် အလုပ်လုပ်နေပြီ။ အလုပ်မလုပ်ဘဲ နေတဲ့လူနဲ့ အလုပ်လုပ်တဲ့သူ ပြောပုံဆိုပုံ၊ နေပုံ၊ ထိုင်ပုံ ကြည့်တဲ့အခါမှာ အလုပ်မလုပ်ဘဲနေတဲ့သူက မရင့်ကျက်တာကို တွေ့ရတယ်နော်။