အကုသိုလ်စိတ်များဖြင့်သာ ယှဉ်၍ ဖြစ်သော စေတသိက်များ ဟူ၏။ ၁။ လောဘ - ဆာလောင်မွတ်သိပ် တွယ်တာ သာယာခင်မင်ခြင်း လက္ခဏာ၊ ၂။ ဒေါသ - ကြမ်းတမ်း ပြစ်မှား နှိပ်စက် ဖျက်ဆီးခြင်း လက္ခဏာ၊ ၃။ မောဟ - အမှန်တရားကို မသိခြင်း၊ ၄။ အဟိရိက - မကောင်းမှု ပြုရမှာ မရှက်ခြင်း၊ ၅။ အနောတ္တပ္ပ - မကောင်းမှု ပြုရမှာ မကြောက်မလန့်ခြင်း၊ ၆။ ဥဒ္ဓစ္စ - ပျံ့လွင့်တုန်လှုပ်ခြင်း၊ ၇။ မာန - ငါကွ ဟု ထောင်လွှားခြင်း၊ ၈။ ဒိဋ္ဌိ - အမှားကို အမှန်ဟု စွဲယူထားခြင်း၊ ၉။ ဣဿာ - သူတစ်ပါးအား မလိုတမာ ငြူစူလာခြင်း၊ ၁၀။ မစ္ဆရိယ - မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊ ၁၁။ ကုက္ကုစ္စ - ပြုပြီးသား အကုသိုလ်၊ မပြုလိုက်ရသော ကုသိုလ်တို့အတွက် နောင်မှတကာ ပူပန်လာခြင်း၊ ၁၂။ ထိန - ကုသိုလ်ပြုရာ၌ စိတ်ဓာတ်လျော့ပါး နည်းပါးခြင်း၊ ၁၃။ မိဒ္ဓ - ထိနကြောင့် ထိုင်းမှိုင်းငိုက်မျဉ်း၍ လာခြင်း၊ ၁၄။ ဝိစိကိစ္ဆာ - ကောင်းမှုကုသိုလ်တရား၌ ယုံရမှာလား၊ မယုံရမှာလားဟု သို့လောသို့လော တွေးတောယုံမှားခြင်း လက္ခဏာရှိ၏။ martikar.pikay.org မှ ကူးယူမျှဝေပါသည်။