Skip to main content

Posts

sawsan v2rayNG App Server Optimize

v2rayNG မှာလည်း VPN မသုံးချင်တဲ့ App (or) vpn သုံးဖို့မလိုတဲ့ App ကို 1111 မှာဖယ်ထားလို့ရသလို ဖယ်လို့ရပါတယ်၊ ဖယ်ထားသင့်ပါတယ်၊ Banking app, Google Auth စသည် VPN သုံးစရာမလိုတဲ့ App တွေ အများကြီးရှိပါတယ်။ VPN လိုတဲ့ App အနည်းငယ်ကိုသာ ရွှေးချယ်အသုံးပြုပြီး VPN မလိုတဲ့ App တွေကို ဖယ်ထားခြင်းအားဖြင့် VPN Server မှာလည်း Data Traffic အသုံးပြုမှု့နည်းစေသလို VPN traffic လိုအပ်လို့ အသုံးပြုတဲ့ App တွေအတွက်လည်း ပိုကောင်းစေပါတယ်။  1111 VPN နဲ့ v2rayNG မှာ ရပါတယ် outline မှာတော့မရပါဘူး။ အဲ့လိုလုပ်ထားခြင်းအားဖြင့် VPN မလိုတဲ့ App တွေသုံးတဲ့အခါ VPN ဖွင့်ထားလို့ ဝင်မရတာ၊ VPN ပိတ်ရ ပြန်ဖွင့်ရတာတွေအတွက်လည်း အဆင်ပြေသွားပါလိမ့်မယ်။

sawsan v2rayNG Subscription Url

v2rayNG အတွက် Subscription URL လုပ်ပေးထားပါတယ်။ Subscription URL မှာ ပုံထဲမှာပါတဲ့ link ထည့်ပီး Update Subscription လုပ်သုံးပါ။ VPN key တွေက Telegram, Facebook, Website တွေက Free ပေးထားတဲ့ Key တွေစုပေးထားပါ။ connection test စစ်ပီး ms အနည်းဆုံးဖြစ်တဲ့လိုင်းပိုကောင်းတဲ့ key ရွှေးသုံးပါ။ ၂ခုတွေထပ်နေရင် ပိုတဲ့တစ်ခု ကောင်မလေးကိုပေးလိုက်ပါ။  Outline နဲ့မှသုံးချင်ရင် key ကို export ထုတ်ပီး outline ထဲထည့်သုံးပါ။ ဒီ Key တွေထဲက Singapore Server Key တစ်ခုနဲ့ Speed test ကြည့်တာ လိုင်းကောင်းပါတယ်။

sawsan ရုပ်နဲ့နာမ်

လူတွေဟာဘာကြောင့် စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာကို ပိုဂရုစိုက်ကြလည်းမသိဘူး။ လူတစ်ယောက်ဟာ ခေါင်းမလျော် ရေမချိုး လေ့ကျင့်ခန်းမလုပ် လက်သည်းခြေသည်းမညှပ် သွားမတိုက် ဆံပင်မညှပ် အဝတ်မဝတ်ဘဲနေရင် ဘယ်လိုပုံပေါက်သွားနိုင်မလဲ။ လူတယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပစ်စလက်ခတ်နေရင် အကြည့်ရဆိုးနိုင်သလို စိတ်ပိုင်းဆိုင်ရာမှာ ထိမ်းထိမ်းသိမ်းသိမ်းမရှိရင်လည်း အကြည့်ရဆိုးတာပါဘဲ။  နာရီနဲ့ချီပြီး အချိန်ကုန်ခံ သိန်းနဲ့ချီသုံး ပြီး skin care, plastic surgery တွေလုပ်ကြပေမဲ့ ကိုယ့်ရဲ့စိတ်ထားပိုပြီး မွန်မြတ်လှပလာအောင် အချိန်ကုန်ငွေကုန် ဘယ်လောက်ခံသလဲ ဆိုတာကမေးခွန်းထုတ်စရာဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် Gym တွေသွား အားကစားတွေလုပ်ကြပေမဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် ဘယ်လောက် လေ့ကျင့်အားထုတ်လည်းဆိုတာက လည်း မေးခွန်းထုတ်စရာဖြစ်တယ်။   LV, Gucci တွေဝတ်ပြီး ရုပ်ကိုအဆင်တန်ဆာတွေဆင်ပေမဲ့ စိတ်အတွက်ဘာတွေ အဆင်အပြင်လုပ်ပေးကြလည်း ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။ စိတ်ဟာလည်း ရုပ်လိုဘဲ နေ့တိုင်းသန့်ရှင်းပေးဖို့လိုတယ်။ လှပလာအောင်ပြုပြင်ပေးဖို့လိုတယ်။ သန်စွမ်းလာအောင်လေ့ကျင့်ပေးဖို့လိုတယ်။  ဘာမှလုပ်မပေးဘဲနဲ့တော့ လူတစ်

sawsan ကံအပြား (၁၆) ပါး

ကံသည် ကိစ္စအစွမ်းအားဖြင့် (၄) မျိုး   ၁။ ဇနကကံ - ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သော ကံ။  ၂။ ဥပတ္ထမ္ဘကကံ - ဇနက ကံ အကျိုးပေးရာ၌ အဖော် အထောက်အပံ့ဖြစ်သောကံ။  ၃။ ဥပပီဠကကံ - ပဋိသန္ဓေအကျိုးကို အနှောင့်အယှက် ပေးသော ကံ။  ၄။ ဥပဃာတကကံ - ပဋိသန္ဓေအကျိုးကို သတ်တတ်သော ကံ။  ကံသည် အကျိုးပေးအကြိမ်အလှည့်အားဖြင့် (၄) မျိုး   ၁။ ဂရုကံ - အခြား ကံများမှ ဖယ်ရှားခြင်းငှာ မတတ်နိုင်သော အင်အားကြီးမား လေးလံသော ကံ။  ၂။ အာသန္နကံ - သေခါနီးအခါမှ အမှန်ရ၍ ပြုလုပ်သော ကံ။  ၃။ အာစိဏ္ဏကံ - ရှည်မြင့်စွာသော ကာလပတ်လုံး အမြဲတစေပြုခဲ့သောကံ။  ၄။ ကဋတ္တာကံ - ရှေးရှေးသော ဘဝပေါင်းများစွာက ပြုခဲ့သောကံ။  ကံသည် အကျိုးပေးရာကာလအားဖြင့် (၄) မျိုး   ၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ - ယခုမျက်မှောက်မှာပင် အကျိုးပေးသောကံ။  ၂။ ဥပပဇ္ဇဝေဒနီယကံ - ဒုတိယ အရွယ်၌ အကျိုးပေးသော ကံ။  ၃။ အပရာပရိယဝေဒနီယကံ - တတိယ အရွယ်၌ အကျိုးပေးတတ်၏၊ ၎င်းအချိန် အကျိုးမပေးပါက ရှေးဖြစ်မည့် ဘဝတစ်ခုခု၌ အကျိုးပေးတတ်၏။  ၄။ အဟောသိကံ - ကံပင်ဖြစ်လင့်ကစား အကျိုးမပေးသောကံ။  ကံသည် အကျိုးပေးရာ အရပ်ဒေသအားဖြင့် (၄) မျိုး   ၁။ အကုသိုလ်ကံ - အပါယ်လေးပါး၌ ပဋိသန္ဓေတည်နေသောကံ။  ၂။ ကာမာဝစရကုသိုလ်ကံ - ကာမသု

sawsan အကုသိုလ်စေတသိက် (၁၄) ပါး

အကုသိုလ်စိတ်များဖြင့်သာ ယှဉ်၍ ဖြစ်သော စေတသိက်များ ဟူ၏။  ၁။ လောဘ - ဆာလောင်မွတ်သိပ် တွယ်တာ သာယာခင်မင်ခြင်း လက္ခဏာ၊  ၂။ ဒေါသ - ကြမ်းတမ်း ပြစ်မှား နှိပ်စက် ဖျက်ဆီးခြင်း လက္ခဏာ၊  ၃။ မောဟ - အမှန်တရားကို မသိခြင်း၊  ၄။ အဟိရိက - မကောင်းမှု ပြုရမှာ မရှက်ခြင်း၊  ၅။ အနောတ္တပ္ပ - မကောင်းမှု ပြုရမှာ မကြောက်မလန့်ခြင်း၊  ၆။ ဥဒ္ဓစ္စ - ပျံ့လွင့်တုန်လှုပ်ခြင်း၊  ၇။ မာန - ငါကွ ဟု ထောင်လွှားခြင်း၊  ၈။ ဒိဋ္ဌိ - အမှားကို အမှန်ဟု စွဲယူထားခြင်း၊  ၉။ ဣဿာ - သူတစ်ပါးအား မလိုတမာ ငြူစူလာခြင်း၊ ၁၀။ မစ္ဆရိယ - မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊  ၁၁။ ကုက္ကုစ္စ - ပြုပြီးသား အကုသိုလ်၊ မပြုလိုက်ရသော ကုသိုလ်တို့အတွက် နောင်မှတကာ ပူပန်လာခြင်း၊  ၁၂။ ထိန - ကုသိုလ်ပြုရာ၌ စိတ်ဓာတ်လျော့ပါး နည်းပါးခြင်း၊  ၁၃။ မိဒ္ဓ - ထိနကြောင့် ထိုင်းမှိုင်းငိုက်မျဉ်း၍ လာခြင်း၊ ၁၄။ ဝိစိကိစ္ဆာ - ကောင်းမှုကုသိုလ်တရား၌ ယုံရမှာလား၊ မယုံရမှာလားဟု သို့လောသို့လော တွေးတောယုံမှားခြင်း လက္ခဏာရှိ၏။ martikar.pikay.org မှ ကူးယူမျှဝေပါသည်။