Skip to main content

Posts

Showing posts with the label 24

sawsan ပဋ္ဌာန်း (၂၄) ပစ္စည်း (ပုံနှင့်တကွရှင်းလင်းချက်)

ဒီ (၂၄) ပစ္စည်းအကျယ်ကို ကျနော် သိချင်နေတာ၊ စိတ်ဝင်စားနေတာကြာပါပြီ။ ကျနော်တို့ ပခုက္ကူ ရွေှမုတ်ဌောဘုရား မှာ ဆရာ SS ခင်မောင်အေး လျှူတမ်းထားတဲ့ (၂၄)ပစ္စည်းအကျယ်ကို ပုံနှင့်တကွသေချာရှင်းပြထားတာကို တွေ့လိုက်ရကတည်းက စာအုပ်ထဲမှာ သေချာရေးမှတ်ထားတာ ခုအဲ့ဒါတွေကို ဆရာလျှုထားတဲ့ မူရင်းပုံတွေအတိုင်းတွေ့ရတော့ လို စိတ်ဝင်စားတဲ့ သူတွေအတွက်....   ၁။ ဟေတု ပစ္စယော ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရားလည်းကောင်း။ (ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)   ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏ အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊ အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။   ၂။ အာရမ္မဏ ပစ္စယော အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)   ကြိုးလွန်၊ တောင်ဝှေး