Skip to main content

Posts

sawsan အချစ်တွေ အရွယ်ရောက်လာတဲ့အခါ

အသက်လေးနည်းနည်းရလာတော့  ချစ်တယ်ဆိုတာ လောကဓံတွေကို ခံနိုင်ရည်ရှိပါ့မလားလို့ စိတ်ပူတတ်လာခြင်းပဲ။  သူငယ်ချင်းတစ်ယောက်ကပြောတယ်  ငါ့ချစ်သူနဲ့ နိုင်ငံရပ်ခြားကွဲသွားရင် ငါကတော့ သူအသစ်ရသွားမလားတွေ၊  အနေဝေးလို့သွေးအေးသွားမလားတွေ စိတ်မပူဘူးတဲ့ အဲ့ဒါတွေကဖြစ်လာချင်လည်းဖြစ်လာမယ် ဖြစ်လာရင်လည်း ဘယ်သူကမှတားဆီးလို့ရမှာမဟုတ်ဘူး ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပဲတဲ့။  ငါစိတ်ပူတာက သူကျောင်းမှာအဆင်ပြေပါ့မလား၊အလုပ်အဆင်ပြေပါ့မလား၊ ပတ်ဝန်းကျင်အသစ်မှာနေသားကျပါ့မလား၊ရာသီဥတုအပြောင်းအလဲမှာ ဖျားနေမလားဆိုတာကိုပဲတဲ့။  တကယ်က ဟုတ်တယ်။တဖြေးဖြေး အသက်ကြီးလာတော့ ခွဲခွါခြင်းကိုလည်းတော်တော်များများတွေ့ဆုံပြီးပြီမို့ ခွဲခွါရမှာကို မကြောက်တော့ဘူး။ အဲ့အစားက လောကဓံအနိမ့်အမြင့်ကို ခံနိုင်ပါ့မလားလို့ စိတ်ပူတယ်။ လောကဓံဟာသေချာပေါက်ခံစားရမယ့်အရာပဲမဟုတ်လား။  ကျွန်တော်ဆို ခွေးလေးနဲ့ခွဲရတော့  ဘာစိတ်ပူလဲမေး… နွေပူပူမှာ ငါ့ကလေးအပူဒဏ်ခံနိုင်ပါ့မလားလို့ပဲ ပူမိတယ်။ဒါပေမယ့်အဲ့အပူဒဏ်ကိုလည်းအတိုင်းအတာတစ်ခုထိသက်သာအောင်လုပ်ပေးနိုင်တာကလွဲရင် ကျွန်တော်မရှောင်လွဲပေးနိုင်ဘူး။ လောကဓံဟာ သတ္တဝါတိုင်း အနည်းနဲ့အများခံစားကြရမှာပဲ။ အချစ်တွေ အရွယ်ရောက်လာရင် အဲ့လိုပ

sawsan Steve Jobs Speech

Apple တည်ထောင်သူ စတိဗ်ဂျော့ ၏ ၂၀၀၅ ခုနှစ် စတန်းဖို့တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားခဲ့သော ထင်ရှားသည့် မိန့်ခွန်း အားလုံးပဲ မင်္ဂလာပါ။ အခုလို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက်ရောက်ပို့ချခွင့် ရတဲ့အတွက် အလွန် ဝမ်းသာမိပါတယ်။ အမှန်အတိုင်းပြောရရင်၊ ကျွန်တော် ဘွဲ့မရခဲ့ဖူးလို့ ဘွဲ့နှင်းသဘင်ဆိုတာကို အခုမှအနီးစပ်ဆုံး ကြုံရတာပါ။ ဒီကနေ့ ကျွန်တော့်ဘဝအတွေ့အကြုံကနေ ရရှိထားတဲ့ သင်ခန်းစာ သုံးခုအကြောင်းကို ပြောပြချင်ပါတယ်။ ပထမသင်ခန်းစာကတော့ ပေါင်းစပ်ခြင်းအနာဂါတ် သဘောတရားပါ။ ကျွန်တော် ရိဒ်တက္ကသိုလ်မှာ (၆) လပဲတက်ပြီး ဆက်မတက်ဖြစ်လိုက်ပါဘူး။ ဒါပေမယ့် နောက်ထပ် (၁) နှစ်ခွဲလောက် ကျောင်းပါတ်ဝန်းကျင်မှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ။ ဒါ ကျွန်တော်မမွေးခင်ကတည်းက စခဲ့တဲ့ဇာတ်လမ်းပါ။ ကျွန်တော့်အမေရင်းဟာ ငယ်ရွယ်ပြီး ဘွဲ့ရပညာတတ် မဟုတ်တဲ့သူ တစ်ဦးပါ။ ကျွန်တော့်ကို ဘွဲ့ရပညာတတ် အသိုင်းအဝိုင်းမှာ ကြီးပြင်းစေချင်တဲ့အတွက် မွေးစားဖို့ ပေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှေ့နေတစ်ဦးနဲ့သူ့ဇနီးက ကျွန်တော့်ကို မွေးစားဖို့ပြောဆိုပြီးခါမှ လက်မှတ်ထိုးရမယ့် အချိန်မှာ မိန်းကလေးလိုချင်တာ ဖြစ်နေ

sawsan Windows 10 Driver Backup and Restore

ဒီ cmd နဲ့ Driver တွေကို export ထုတ် dism /online /export-driver /destination:"driverbackup location path" (eg: "c:\user\desktop\driverbackup") backup ယူတာပီးသွားရင် windows တစ်ခုလုံးက Driver အကုန် folder name တွေနဲ့တွေ့ရမယ်။ Mobile Service အတွက်ဆိုရင် သက်ဆိုင်ရာ Driver Folder တွေကို ခွဲထုတ်။ Folder တွေထဲက ဖိုင်တွေကို file format နဲ့ ရိုက်ရှာပီး အကုန် အပြင်ထုတ်။ restore မယ့် Computer မှာ Disable Driver Signature လုပ်ထား ပီးရင် ဒီ cmd နဲ့ restore လုပ် pnputil /adddriver driverbackup location path\*inf /install (eg:c:\user\desktop\driverbackup\*.inf /install) အာ့ဆို သူ့ဘာသူ restore လုပ်သွားမယ်။ တစ်ချို့ Driver တွေမှာတော့ install လုပ်မလားဆိုပီး permission request မေးလိမ့်မယ်။ Computer အသစ်တစ်လုံးကို Mobile Service လုပ် ဖို့ အကူအညီတောင်းတာနဲ့ လုပ်ရမှာ ပျင်းလို့ အလွယ်နည်း လုပ်လိုက်တာ 😁 နောက်ပိုင်း ကိုယ့် Computer ဖြစ်ဖြစ် သင်တန်းသား Computer ဖြစ်ဖြစ် လိုတဲ့အခါ အဆင်ပြေသွားပီ။ 😁

sawsan ကျနော်နဲ့ Social Media

Facebook, Tiktok, Instagram စသည့် Social Mdeia App တွေက တခြားသူတွေရဲ့ Emotion တွေကို ကိုယ့်အပေါ်မှာ လွှမ်းမိုးကူးဆက် ခံစားရစေတယ်၊ လူ့သဘာဝက အဲ့လို Emotion တွေကို ခံစားချင်လို့ကိုသုံးခဲ့တာပဲလေ ဒါပေသိ ကိုယ့်ရဲ့ Emotion တွေကိုလည်းထိန်းချုပ်ရခက်လာတယ် ကိုယ်တိုင်လည်း မကြာမကြာ Emotion တွေထုတ်ဖော်ပြချင်လာတယ် စိတ်ထွက်ပေါက်ပုံစံမျိုးဖြစ်ဖြစ်ပေါ့... ဒါတွေကို ၆လ ၇လလောက်အသုံးလျော့ကြည့်တဲ့အခါမှာ အစပိုင်းမှာ တစ်ယောက်ထည်း အထီးကျန်သလိုဖြစ်တယ် အဲ့နောက် ငါဘာလုပ်မယ်ဆိုတဲ့ ခေါင်းစဉ်တည်စရာတွေစဉ်းစားပီး ကိုယ်လုပ်ချင်တာပိုလုပ်ဖြစ်လာတယ်၊ Social Media ကိုဒီအတိုင်းသုံးနေတုန်းကကြ ကိုယ်လိုချင်တာကို ဦးတည်ပီးယူရတာမျိုးထက် သူပေးတဲ့နောက်ကိုမျောလိုက်ရနေသလိုမျိုးဖြစ်နေတယ်။  ဘယ်ဟာဖြစ်ဖြစ် အကောင်းအဆိုးဒွန်တွဲနေတာဆိုတော့ သုံးတတ်ရင်တော့အကျိုးရှိပါတယ်။ တစ်နေ့တော့ အရင်လိုပေါက်တတ်ကရစာတွေ စိတ်ထွက်ပေါက်အနေနဲ့ရေးဖို့ Come Back ဆိုပီး ပြန်လာခဲ့ပါ့မယ် ခုတော့ နားလက်စနဲ့ နားလိုက်ဦးမယ် 😅

sawsan v2rayNG App Server Optimize

v2rayNG မှာလည်း VPN မသုံးချင်တဲ့ App (or) vpn သုံးဖို့မလိုတဲ့ App ကို 1111 မှာဖယ်ထားလို့ရသလို ဖယ်လို့ရပါတယ်၊ ဖယ်ထားသင့်ပါတယ်၊ Banking app, Google Auth စသည် VPN သုံးစရာမလိုတဲ့ App တွေ အများကြီးရှိပါတယ်။ VPN လိုတဲ့ App အနည်းငယ်ကိုသာ ရွှေးချယ်အသုံးပြုပြီး VPN မလိုတဲ့ App တွေကို ဖယ်ထားခြင်းအားဖြင့် VPN Server မှာလည်း Data Traffic အသုံးပြုမှု့နည်းစေသလို VPN traffic လိုအပ်လို့ အသုံးပြုတဲ့ App တွေအတွက်လည်း ပိုကောင်းစေပါတယ်။  1111 VPN နဲ့ v2rayNG မှာ ရပါတယ် outline မှာတော့မရပါဘူး။ အဲ့လိုလုပ်ထားခြင်းအားဖြင့် VPN မလိုတဲ့ App တွေသုံးတဲ့အခါ VPN ဖွင့်ထားလို့ ဝင်မရတာ၊ VPN ပိတ်ရ ပြန်ဖွင့်ရတာတွေအတွက်လည်း အဆင်ပြေသွားပါလိမ့်မယ်။