Skip to main content

Posts

Showing posts with the label css

sawsan Studying CSS for wordpress theme style

ကျနော်သုံးနေတဲ့ wordpress theme style ကိုပြင်ရေးဖြစ်တယ်၊ theme ကိုပြင်မယ်ဆိုတော့ css ကိုဖတ်ရတော့တယ်၊ theme ကို style.css ထဲမှာပဲ ပြင်ရေးတာပါ။ css ကို ဖတ်ရင်း အများဆုံးပြင်ရေးဖြစ်တဲ့နေရာလေးတွေကို မှတ်တမ်းလေးလုပ်ပြီးရေးထားပါတယ်။ ကျနော်ပြင်ရေးခဲ့တဲ့ theme နာမည်က SimpleBlog ပါ။ ကျနော်နဲ့ theme အမျိုးအစားမတူလို့ တခြား theme တွေဆိုရင်လည်း အခု ကျနော်ပြင်ရေးထားတဲ့နေရာလေးတွေကို ဖတ်ပြထားတာလေးကို ကြည့်ရင်လည်း css ကိုပြင်တဲ့အခါ အထောက်အကူပြုမယ်ထင်ပါတယ်။ အတူတူဖတ်ကြည့်ရအောင်.. body { background:#282828 url(images/bg.png);} (ဒါကတော့ ဆိုဒ်ရဲ့ backgrund colour နဲ့ background image ကိုဆိုလိုတာပါ၊ ကျနော်ကတော့ colour ကို 282828 မီးခိုးရောင်ရင့်ရင့်ကိုသုံးထားပါတယ်၊ backgorund image ကိုလည်းသုံးထားပါတယ်။) font-family: 'Masterpiece Uni Sans', Myanmar3,Yunghkio, Parabaik, Padauk, 'WinUni Innwa', 'Win Uni Innwa', 'MyMyanmar Unicode',Myanmar2 , (ဒါကတော့ font အမျိုးအစားအတွက် ရေးထားတာပါ) margin:0 auto; (ဒါက site တစ်ခုလုံးရဲ့ လေးအနားသက် margin ကိုဆိုလိုတာပါ။ 1,2 စသည်ဖြင့် ပြင်နိုင်ပါတ