Skip to main content

Posts

Showing posts with the label die

sawsan သေပြီးရင် မပြီးသေးဘူး

ကောင်းတာတွေက အများကြီးပါ။ ဒါနကုသိုလ်လည်း ကောင်းတယ်။ သီလကုသိုလ်လည်း ကောင်းတယ်၊ စိတ်ချမ်းသာတယ်။ ဘာဝနာကုသိုလ်မှာလည်းပဲ မေတ္တာပို့တာ အင်မတန်ကောင်းတယ်၊ စိတ်ချမ်းသာတယ်။ ဘုရားဂုဏ်တော် ပွားတာလည်း ကောင်းတယ်။ သေခြင်းတရားကို အာရုံပြုတာလည်း ကောင်းတာပဲ။ တစ်နေ့ သေရမှာပါပဲ။ သေမှာကို လေးလေးနက်နက် သိတဲ့သူဟာ ပေါ့ပေါ့တန်တန် မနေဘူး။ အချိန်မဖြုန်းဘူး။ တကယ်လုပ်ရကျိုးနပ်တာကို လုပ်မယ်။ အခု လုပ်နေတဲ့ ကိစ္စတွေဟာ အခုလုပ်နေတုန်းမှာတော့ အင်မတန် အရေးကြီးတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သေခါနီး အချိန်နားမှာ ရောက်နေပြီဆိုရင် ပြန်လှည့်ကြည့်တဲ့အခါမှာ ဘယ်လို မြင်မလဲလို့၊ ဘယ်ဟာတွေ အရေးကြီးသလဲ၊ ဘယ်ဟာတွေများ တန်ဖိုးရှိသေးသလဲ၊ သေသွားရင် ဘာတွေပါသွားမလဲ။ ဘာမှ မပါဘူး။ အသိဉာဏ်ပါမယ်၊ ကုသိုလ်ကောင်းမှုပါမယ်၊ အကုသိုလ်လည်း ပါမှာပဲ၊ (သူ့ကိုလည်း ချန်ထားခဲ့လို့မရဘူး။ အကြောင်းအကျိုးဆက်ကာ အကျိုးပေးဦးမှာကိုး။) အဲဒီတော့ သေခြင်းတရားကို တကယ်ထိထိမိမိ နှလုံးသွင်းနိုင်လို့ရှိရင် ကိုယ့်ဘဝကို ပေါ့ပေါ့တန်တန် မနေတော့ဘူး။ သေမယ်ဆိုတာကို မသိတဲ့လူဟာ သူ တော်ရုံတန်ရုံ ပျော်ရတာနဲ့ပဲ ကျေနပ်သွားမယ်။ သေမယ်ဆိုတာကို သိတဲ့လူဟာ စဉ်းစားတယ်၊ ‘ငါလုပ်နေတဲ့ ကိစ္စတွေဟာ ဘာများ

sawsan သေချာတာတစ်ခုက သေမှာပါ

“သေခြင်းတရားဟာ သူတော်ကောင်းတို့ရဲ့ မိတ်ဆွေ” ဆိုတဲ့ စကားကို အမြဲတမ်းလိုလို ကြားယောင်နေမိပါတယ်။ ဒီစကားသံလေး ကြားယောင်တိုင်းမှာ သမုတိမရဏကို ဆင်ခြင်ဖြစ်သွားပါတယ်။ တစ်သက်တစ်ခါသေရမယ့် သမုတိမရဏဟာ သံဝေဂဉာဏ်အတွက် အထောက်အပံ့ကောင်းတစ်ခုပါပဲ။ သို့မဟုတ်ရင် သူများတွေပဲ သေပြီး ကိုယ်တစ်ယောက်ပဲ မသေတော့သလို၊ သူများတွေရဲ့ နာရေးကြော်ငြာတွေကိုပဲ ကိုယ်ဖတ်နေရပြီး ကိုယ့်နာရေးကြော်ငြာကို သူများတွေ ဖတ်ခွင့်မရှိတော့သလို ဖြစ်တက်ပါတယ်။ ကိုယ့်ကိုယ်ကို မသေတော့ဘူး၊ မသေနိုင်ဘူး၊ မသေသေးဘူးလို့ ထင်ထားတဲ့သူဟာ ပညာတက်ရင် တက်သလို မာနတွေ မို့မောက်လာတက်ပါတယ်၊ ဥစ္စာရှိရင် ရှိသလို မာနတွေ ပြည့်လျှံလာတက်ပါတယ်။ ရာထူးရှိရင် ရှိသလို၊ အရွယ်ရှိရင် ရှိသလို၊ နာမည်ကျော်ရင် ကျော်သလို လောကီဂုဏ်တွေမြင့်ရင် မြင့်သလို၊ မာနအဆိပ်တွေကို သောက်မျိုနေမိတက်ပါတယ်။ “ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ” အချိန်မရွေး သေသွားနိုင်တယ်လို့ ဆုံဖြတ်ချက်ချမထားရင်ပြောတာ၊ ပြုတာ၊ တွေးတာတွေမှာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေကသာ ခိုအောင်းနေပြီး မရှိတဲ့ “ငါ”ကို အရှိထင်မှတ်ပြီး ဦးစားပေးရှေ့တန်းတင် နေဖြစ်တတ်တယ်။ ဒါကြောင့်မို့ “ ဝိပဿနာအစ သံဝေဂဉာဏ်က” လို့ ဆရာအရှင်တွေက ဆုံးမထ