Skip to main content

Posts

Showing posts with the label freedom

sawsan လွတ်လပ်တဲ့သူဟာ မယုံသင့်တာကို မယုံတော့ဘူး

ကိုယ့်ရဲ့ အသိဉာဏ်ကို နေရာတိုင်းမှာ သုံးပါ။ ကိစ္စတိုင်း ကိစ္စတိုင်းမှာ ထောင့်စေ့အောင်စဉ်းစားပါ။ ကောင်းကောင်းလေ့ကျင့်ပြုစုထားတဲ့ အသိဉာဏ်နဲ့နေသွားမှ လောကကြီးမှာ နေရတာ အဆင်ပြေမယ်၊ ကိုယ့်ဘဝ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မယ်။ အသိဉာဏ်ကို ဖွံ့ဖြိုးအောင် ပြုစုမထားတဲ့ သူတွေဟာ မကြောက်သင့်တာတွေကို ကြောက်နေတယ်။ အားမကိုးသင့်တာကို အားကိုးကြတယ်။ ဗေဒင်ကိုအားကိုးတယ်။ နတ်ကို အားကိုးတယ်။ ဘိုးတော်တွေ မယ်တော်တွေကို အားကိုးတယ်။ ကိုယ့်ဘဝကို သူများလက်ထဲကို ထည့်လိုက်တယ်။ ဗေဒင်က ကြောက်အောင်ပြောရင် ကြောက်တယ်။ ဗေဒင်ဆရာက ခိုင်းတာကို လုပ်တယ်။ ဂြိုလ်တွေဟာ ကမ္ဘာမြေကြီးလိုပါပဲ၊ နေကို ဗဟိုရ်ပြုပြီးတော့ လှည့်သွားနေကြတယ်။ သူတို့က လူတစ်ယောက်ချင်းရဲ့ ဘဝကို ဘယ်လိုမှ ကောင်းအောင်ဆိုးအောင်မလုပ်နိုင်ပါဘူး။ နက္ခတ်ဆိုတာက အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးပါတယ်။ အဝေးမှာရှိတဲ့ ကြယ်တွေကို ကိုယ့်နေရာကနေ ကြည့်ပြီးတော့ ကိုယ်ဖေါ်ချင်တဲ့ပုံကို ဖေါ်ပြီး စိတ်ကူးယဉ်အဓိပ္ပါယ်တွေ ကောက်ကြတယ်။ အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးတဲ့ ကြယ်တစ်လုံးက ဒီကမ္ဘာမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝကို ကောင်းအောင်ဆိုးအောင် လုပ်နိုင်သလား။ ဒါကို ယုံတယ်ဆိုရင်တေ