Skip to main content

Posts

Showing posts with the label Angry

sawsan ဒေါသ

ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ်ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှုနည်းသွားတယ်။ အရင်စလိုလုပ်တာ၊ပြောတာ နည်းသွားတယ်။ဒေါသဖြစ်တာကိုသိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကိုသိလေလေ ကြောက်တာစိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့လုပ်ကြည့်မှပဲ သိမယ်။ 🔥🔥🔥🔥 ဒေါသနဲ့ပေါက်ကွဲတာလည်း မကောင်းဘူး။ အရှုံးပေးပြီး ကျိတ်ပြီးဒေါသဖြစ်တာ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာလည်း မကောင်းဘူး။ ဒါကြောင့် ဒီဒေါသအကြောင်းကို သေသေချာချာ လေ့လာသင့်တယ်။ အဆင်မပြေတာ၊ မကြိုက်တာ၊ မတရားတာနဲ့ကြုံရရင် ဒေါသဖြစ်တတ်တာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဒေါသဖြစ်တာ မကျေမနပ်ဖြစ်တာ များလွန်းနေရင်တော့ ကိုယ့်သဘောထား ကိုယ့်ခံယူချက် မှားနေတယ်လို့  နားလည်သင့်တယ်။ 🔥🔥🔥🔥  တချို့ကိစ္စတွေမှာ ကိုယ်ကဒေါသမဖြစ်ပဲနေရင် ကိုယ့်ကို သတ္တိမရှိဘူး၊ ညံ့တယ်၊ ပျော့တယ်၊ အတယ်လို့ အထင်ခံရမှာကြောက်လို့ ဒေါသဖြစ်တာ။ ဒေါသမဖြစ်ပဲနေရင် ဂုဏ်သိက္ခာကျမယ်လို့ ထင်တယ်။ ဒါကြောင့် ကိုယ့်ကိုလေးစားမှုပိုရှိအောင်  ဒေါသဖြစ်လိုက်ရတယ်။ ဒါမျိုးကို ငါလက်မခံဘူး၊  ငါ့ကို ဒါမျိုးလာလုပ်လ