Skip to main content

Posts

Showing posts with the label needy

sawsan လူတို့တွင် ဖြစ်တတ်တဲ့ ချို့တဲ့ရာ ချို့တဲ့ကြောင်းများ

၁။ ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတမှုမရှိရင် ... ကျန်းမာရေး ချို့တဲ့ တက်တယ်။ ဒါက ဟိုတုန်းက ကြားဖူးနားဝကို လက်ခံထားတာ၊ အခု ထပ်ဖြည့်ပေးချင်တာက ဒါကဖြင့် ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို ဝေဖန် ပိုင်းခြား ဆုံးဖြတ်၊ ဆင်ခြင် နိုင်တဲ့ ဉာဏ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတိုင်း သတ္တိရှိရှိ လိုက်နာ ကျင့်ကြံနိုင်တဲ့ ဝီရိယ အားနည်းရင်လည်း ကျန်းမာရေး ချို့တဲ့ တက်ပါတယ်။ ၂။ စာပေဗဟုသုတများကို သိလိုစိတ်ဖြင့် လေ့လာလိုက်စားမှု၊ အဆုံးအမ စကားများကို သိလိုစိတ်ဖြင့် လေ့လာဖတ်မှတ် နာကြားမှု အားနည်းရင် ... အသိပညာ ဉာဏ် ချို့တဲ့ တက်ပါတယ်။ ၃။ ကိုယ်အားကိုယ်ကိုး၍ ကျယ်ပြန့် နှံစပ်အောင် လေ့လာတက်မှု၊ ကိုယ့်ပင်ကိုယ် အရည်အသွေး၊ ကိုယ့်ဝါသနာကို ကိုယ်ကိုတိုင် သိအောင် ဖေါ်ထုတ် အသုံးချတက်မှု၊ မျှတ မှန်ကန်တဲ့ ဇွဲ၊ ဝီရိယ ရှိမှု၊ အချိန်ကို အကျိုးရှိရှိ အသုံးချတက်မှု စသည် တစ်ခုခုမှာ အားနည်းလွန်းနေရင် ... သိအပ် တတ်အပ်တဲ့ အတက်ပညာတစ်ခုခုကို ထွန်းပေါက်အောင် သင်ယူ လေ့လာတဲ့အခါမှာ ရရှိဖို့ ချို့တဲ့ တက်ပါတယ်။ ၄။ ကံ၊ ဉာဏ်၊ ဝီရိယ မျှတမှု မရှိရင် ... တစ်ခုခုမှာ အားနည်းလွန်းနေရင် လောကီ စည်းစိမ် ကြီးပွားချမ်းသာရေးမှာ ချို့တဲ့တက်ပါတယ်။ ၅။ မျှဝေပေးကမ်း စွန့်ကြဲ